Unicode
ကုရှင်ချွမ်းကို အဆင်ပြေပြေဂရုစိုက်နိုင်ဖို့အတွက် တစ်မီတာလောက်မဝေးတဲ့အိပ်ယာနှစ်ခုပါတဲ့ standard room တစ်ခုကိုစုန့်ရီယူထားတယ်။
စုန့်ရီကကော်ဇောပေါ်မှာထိုင်နေပီး ဆေးဗူးလေးကိုဖွင့်လိုက်ကာ ကုရှင်ချွမ်းခြေသလုံးကိုဂရုတစိုက်နဲ့ဆေးအသစ်လိမ်းပေးနေတယ်။ ခြေသလုံးပေါ်ကအပြာရောင်အမှတ်ကြီးကလဲအရာင်ပြယ်နေပြီဖြစ်တယ် "ငါတို့ပြန်ရင် ဆေးရုံကိုတစ်ခါသွားပီးစစ်ကြည့်မှပဲ"
ကုရှင်ချွမ်းကကုတင်ခေါင်းရင်းကို မှီထိုင်နေပီး ဖုန်းကိုကလိရင်း စုန့်ရီပြောတဲ့စကားတွေကိုနားထောင်နေတယ်။ သူမော့ကြည့်လိုက်တဲ့အခါမှာ စုန့်ရီနားရွက်ကသိသိသာသာရဲနေတာကိုတွေ့လိုက်ရတယ်။ နားရွက်လေးကဖြူနေတော့ အတော်လေးထင်ရှားတယ် အဲ့တာကယုန်လေးနဲ့တူတယ်။
"မင်းနားရွက်တွေနီနေတယ်ရော?" ကုရှင်ချွမ်းကနူးနူးညံ့ညံ့လေးပြောတယ်။
စုန့်ရီအံ့အားသင်သွားတယ်။ သူတကယ်ရှက်နေတာပဲ။ တစ်ဖက်လူရဲ့အမေပြောတဲ့စကားကိုနားထောင်ရုံနဲ့တင်နားတွေရဲလာတယ်တဲ့လေ။ ဒါကယောက်ျားတစ်ယောက်အနေနဲ့ဖြစ်သင့်တဲ့အရာလား။
ကုရှင်ချွမ်းခေါင်းလေးစောင်းပီး စုန့်ရီနားရွက်ဖျားရဲရဲလေးတွေကိုကြည့်လိုက်တယ်။ ဒါလေးတွေကအတော်လေးလှတယ် ဒါပေမဲ့သူစုန့်ရီရဲ့ရှက်နေတဲ့အမူအရာကိုတွေ့တော့ သူတစ်ချက်ကြည့်ရဲ့နဲ့တင်နားလည်လိုက်တယ်။ မီးသေနတ်ကြီးပွင့်ထွက်သွားသလိုပဲ "F**k! စုန့်ရီမင်းသေချင်နေတာလား!"
စုန့်ရီအခုချိန်မှာ ငှက်ကုလားအုတ်ကြီးအဖြစ်ပြောင်းသွားပီး ခေါင်းကိိုဝှက်ထားချင်မိတယ်။ ဒါပေမဲ့သူကနည်းနည်းပါးပါးဖုံးဖိပီး သိက္ခါဆယ်ချင်တဲ့အတွက် ပေါ့ပေါ့ပါးပါးပြုံးပြလိုက်တယ် "ငါကယောက်ျားတစ်ယောက်လေ ဒီလိုပုံမှန်တုံ့ပြန်မှုလောက်တေ့ာရှိမျာပေါ့ ဒါကအန်တီကအရမ်းဆွဲဆောင်မှုရှိကြောင်းသက်သေပြလိုက်သလိုပဲလေ"
"ဒီကနေထစမ်း!" ကုရှင်ချွမ်းကစုန့်ရီကိုကော်လံကနေဆွဲပီး အိပ်ယာပေါ်ကပစ်ချလိုက်တယ်။ သူ့ရဲ့အရပ်ရှည်ရှည်သန်သန်မာမာခန္တာကိုယ်ကြီးက စုန့်ရီကိုတင်းတင်းဖိထားပီး ခက်ခက်ထန်ထန်ပြောလာတယ် "ဒါကငါ့အမေလေ မင်းအမျိုးသမီးတစ်ယောက်စကားပြောတာကိုမမြင်ဖူးဘူးလား?"
YOU ARE READING
အချစ်ပြိုင်ဘက်နှင့်အချစ်အိမ်လေးတည်ဆောက်ခြင်း [ဘာသာပြန်]
FantasyI don't own this novel. I just translate. Fully credit to original author and eng translator(s).