CHAPTER 61 - Life is too short

9.7K 1.8K 233
                                    

Unicode

ကုရှင်ချွမ်းကကြမ်းပြင်ပေါ်မှာကျနေတဲ့ တန်ဆာပလာတွေကိုကောက်ယူလိုက်ပီး စုန့်ရီမျက်လုံးရှေ့မှာယမ်းပြကာ ယုံကြည်ချက်ရှိရှိပြောတယ် "မင်းကအမြဲတမ်းဒါမရှိဘူးဆိုးပီး ကိုယ့်ကိုယ်ကိုကာကွယ်တယ်မလား ဒီတစ်ခါရောဘာအကြောင်းပြချက်ပေးအုံးမလဲ"

စုန့်ရီကအဲ့ဒီအရောင်စုံ​လင်သောလေးတွေကို ဘာမှမဖြစ်တဲ့အလားတစ်ချက်ကြည့်လိုက်တယ်။ "ဒီတစ်ခါအကြောင်းပြချက်ကတော့ ငါ့အိမ်မှာမိုလို့ ဒါလေးတွေရှိလဲအလုပ်မဖြစ်ဘူး"

"ဘာလို့မရတာလဲ" ကုရှင်ချွမ်းကသိသိကြီးနဲ့မေးတယ်။

စုန့်ရီကသူ့ပခုံးကိုတွန်းလိုက်ပီး တည်တည်ငြိမ်ငြိမ်ပြောလိုက်တယ် "အရူးကွက်နင်းမနေနဲ့ စစ်ရဲယ်မှာနှလုံးရောဂါရှိတယ် မင်းကြောင့်နှလုံးရပ်သွားလိမ့်မယ်"

စုန့်ရီရဲ့အေးစက်စက်ပုံလေးကိုမြင်ရတာက ကုရှင်ချွမ်းရဲ့နှလုံးသားကိုတရွရွဖြစ်စေတယ်။ သူမထိန်းနိုင်ဘဲ စုန့်ရီကိုငိုအောင်လုပ်ချင်သွားတယ်။ သူကိုယ်ကိုကိုင်းပီး စုန့်ရီပါးလေးကိုနမ်းလိုက်တယ် "တလွဲကြီးအလေးအနက်ထားပြနေတယ်"

"မင်းလိုအလေးအနက်မထားတာထက်တော့ပိုကောင်းပါတယ်" စုန့်ရီကသူ့ကိုပေစောင်းစောင်းကြည့်လိုက်တယ်။

ကုရှင်ချွမ်းကဉာဏ်များစွာနဲ့နှုတ်ခမ်းအစွန်းတစ်ဖက်ကကွေးတက်သွားတယ် "အနမ်းလေးတစ်ခုလောက်ကတော့ အလေးအနက်ထားစရာမလိုဘူးမလား?"

စုန့်ရီမျက်ခုံးပင့်လိုက်ပီး သူ့ကိုစကားအနည်းငယ်ပြောပီးထပ်စမလို့ပြင်လိုက်တယ်။ ရုတ်တရပ်သူ့ဝမ်းဗိုက်ကအေးခနဲဖြစ်သွားတယ်။ ကုရှင်ချွမ်းကတရင်းတနှီးနဲ့ပဲ သူ့အင်္ငျီကြယ်သီးတွေကိုဖြုတ်နေပီဖြစ်တယ်။ စုန့်တစ်ချက်ကြည့်လိုက်တယ် "မင်းဘာလုပ်နေတာလဲ?"

ကုရှင်ချွမ်းကလက်လှမ်းပီး သူ့ရဲ့အနည်းငယ်ဖောင်းနေတဲ့ဗိုက်လေးကိုစိတ်ဝင်စားစွာ လက်လေးနဲ့ထိုးကြည့်တယ် "မင်းဗိုက်ကကိုယ်ဝန်လွယ်ထားရတဲ့အတိုင်းပဲ"

စုန့်ရီကတည်တည်ငြိမ်ငြိမ်ခေါင်းညိမ့်လိုက်ပီး   အေးစက်စက်စနေတဲ့ပုံပေါက်အောင် မျက်လုံးကိုနည်းနည်းမှေးကျဥ်းလိုက်တယ် "ငါကိုယ်ဝန်ရှိနေတာ မင်းအဆင်မပြေဖြစ်လို့လား?"

အချစ်ပြိုင်ဘက်နှင့်အချစ်အိမ်လေးတည်ဆောက်ခြင်း [ဘာသာပြန်]Where stories live. Discover now