Unicode
စုန့်ရီကုရှင်ချွမ်းရဲ့စကားကိုစိတ်ထံမှာအကြိမ်အနည်းငယ်လောက်ပြန်ဆန်းစစ်ကြည့်တယ်။ သူ့ရဲ့(လူ)အမျိုးသားဖြစ်ချင်တာလား။
ကုရှင်ချွမ်းကအလေးအနက်ပြောနေတာဖြစ်ပီး ဟာသတစ်ခုနဲ့လုံးဝမတူဘူး။ စုန့်ရီခနလောက်တွေဝေသွားပီး ကုရှင်ချွမ်းကိုသူ့ရဲ့ချစ်သူအနေနဲ့ပထမဆုံးအကြိမ်အဖြစ်တွေးကြည့်မိတယ်။
လက်တွဲဖော်တစ်ယောက်ရှာရာမှာ ထိုသူကသိမ်မွေ့ပီးတခြားသူအတွက်တွေးပေးတတ်တဲ့ပင်ကိုစရိုက်ရှိပီး သူနဲ့အတူဘဝကိုရိုးရိုးရှင်းရှင်းအေးအေးချမ်းချမ်းဖြတ်သန်းနိုင်ရမယ်လို့ သူအမြဲတမ်းတွေးမိတယ်။ ကုရှင်ချွမ်းကသူသတ်မှတ်ထားတဲ့လက်တွဲဖော်ရဲ့ဆန့်ကျင်ဘက်ဖြစ်တယ်။ ကုရှင်ချွမ်းကလွတ်လွတ်လပ်လပ်နေတတ်တဲ့ထိန်းမနိုင်သိမ်းမရလေး။ အကြောက်အလန့်မရှိသလို လူတွေနဲ့လဲအစေးကပ်တာမဟုတ်ဘူး။ လူတိုင်းကိုအထင်အမြင်သေးပီး သူ့ရဲ့မျက်လုံးတွေကမိုးပါ်မှာပဲရှိနေတာ။
ကုရှင်ချွမ်းမှာ စုန့်ရီရဲ့အိမ်ထောင်ဖက် ရွေးချယ်မှုအတွက်လိုအပ်ချက်တွေနဲ့လုံးဝမကိုက်ညီဘူး။ ဒါပေမဲ့ကုရှင်ချွမ်းကသူ့အတွက် ထူးခြားတဲ့ဖြစ်တည်မှုတစ်ခုဖြစ်တယ်။
စုန့်ရီအရင်ကတွဲခဲ့ဖူးတဲ့ beta ဖြစ်ဖြစ် omega ဖြစ်ဖြစ်အားလုံးကသူ့ကိုမှီခိုရလို့ သဘောကျနှစ်သက်ကြတယ်။ သူက relationship တစ်ခုမှာ ပြီးပြည့်စုံတဲ့ချစ်သူတစ်ဦးအနေနဲ့ရပ်တည်ခဲ့တယ်။ သူကသူတို့တွေအပေါ်မှာ ဇီဇာကြောင်တာတွေပုံကြီးချဲ့လုပ်တာမျိုးလဲမရှိဘူး။ ဒီလိုနဲ့သူတို့တွေက တစ်လှမ်းချင်း တစ်လှမ်းချင်းစီလျှောက်လာရင်း နောက်ဆုံးမှာတော့ ဘာပြဿနာမှမရှိဘဲ အဆုံးသတ်သွားတယ်။
သူနဲ့ပြတ်သွားခဲ့ကြတဲ့ ex တွေပြောတာကတော့ စုန့်ရီနဲ့ချစ်ကြိုက်ရတာက တစ်ခုခုကိုလုပ်သင့်လို့လုပ်နေရတဲ့ပုံရိပ်ယောင်တစ်ခုကိုချစ်ကြိုက်ရသလိုပဲတဲ့။ သူကတဖက်သူရဲ့မွေးနေ့တွေကိုမှတ်မိပီး တခြားသူအတွက်အသုံးဝင်မဲ့လက်ဆောင်ငယ်လေးတွေကိုပို့ပို့ပေးတယ်။ ဒါကသူ့တို့အတွက် suprise ဖြစ်တယ်ဆိုပေမဲ့ ချစ်ခြင်းမေတ္တာကိုမခံစားရဘူးတဲ့။ ဒီအကြောင်းအရင်းကပဲ သူနဲ့ပြတ်သွားတဲ့လူတိုင်းက စုန့်ရီကိုဘာလို့မုန်းသွားလဲဆိုတာရဲ့အဖြေဖြစ်တယ်။

ESTÁS LEYENDO
အချစ်ပြိုင်ဘက်နှင့်အချစ်အိမ်လေးတည်ဆောက်ခြင်း [ဘာသာပြန်]
FantasíaI don't own this novel. I just translate. Fully credit to original author and eng translator(s).