CHAPTER 24 - Dinner for three people

10.1K 1.8K 186
                                    

Unicode

စုန့်ရီရဲ့နှလုံးသားကလှုပ်ရှားသွားပီး လည်ပင်းကိုစောင်းပီးကြည့်လိုက်တော့ ခြံစည်းရိုးပုပုလေးခတ်ထားတဲ့ ဟိုတယ်ပိုင်ကမ်း​ခြေအသေးစားလေးတစ်ခု​တွေ့လိုက်တယ်။ ပင်လယ်ကနေပြန်လာတဲ့ဧည့်သည်တွေရေချိုးရင်ချိုးဖို့ ကြွေပြားတွေအတန်းလိုက်ခင်းထားတဲ့ အပြင်ပိုင်းရေချိုးရာနေရာလေးရှိတယ်။

ဒီလိုအပူအိုက်ဆုံးအချိန်မှာအရွယ်ရောက်ပီးသား golden retriever တစ်ကောင်ကိုကိုင်ထားတဲ့​ အင်္ကျီအဖြူနဲ့ကောင်လေးတစ်ယောက်ရှိနေတယ်။ သူကဆောင့်ကြောင့်လေးထိုင်နေပီး ရေပန်းကိုလက်တစ်ဖက်ကကိုင်ကာ golden retriever ပေါ်ကသဲတွေကိုဂရုတစိုက်ဆေးကြောပေးနေတယ်။

သူ့မျက်နှာလေးကနေရောင်ကြောင့် ရွှေရောင်ဝင်းဝင်းလေးဖြစ်နေကာနူးညံ့နေတယ်။ သူ့ရဲ့သစ်အယ်သီးရောင်ဆိုးထားတဲ့ဆံပင်လေးတွေကချောကလက်ကိတ်လေးလိုနူးညံ့နေပီး အရှေ့ကိုတစ်ဝက်လောက်ကကျနေတဲ့အတွက် သူ့ရဲ့ဘေးတိုက်မျက်နှာလေးကို ဖုံးထားပီး နူးညံ့တဲ့နှာတံစင်းစင်းလေးပေါ်နေတယ်။ အဲ့ဒီအပြင်မြင်နေရတဲ့အသားအရည်လေးကလဲကျောက်စိမ်းလေးနဲ့တူတယ်။ သူကပန်းချီဆရာတစ်ဦးရဲ့ masterpiece လိုပဲ။

စုန့်ရီရဲ့ပါးစပ်ကလျှပ်စစ်စီးဝင်သွားသလိုပဲထုံသွားပီး သူကနှုတ်ခမ်းကိုဖွဖွလေးထိကာ အချိန်အကြာကြီးတိုင်အောင်တမ်းတခဲ့တဲ့နာမည်လေးကို​ခေါ်လိုက်တယ် "ရှန်းလီ"

သူကအကြည့်တွေကိုခံစားမိလို့ဖြစ်နိုင်တယ် ရှန်းလီကဒီဘက်ကိုကြည့်လာပီး သူတို့နှစ်ယောက်ကိုမြင်သွားတော့ သူ့ရဲ့မျက်နှာဖြူဖြူလေးကရဲနေပီး ရှက်ရိပ်လေးသန်းနေခဲ့တယ်။ သူတို့တွေကကြောင်တောင်တောင်​ရပ်ပီး တစ်ယောက်နဲ့တစ်ယောက်ကြည့်နေခဲ့ကြတယ်။

Golden retriever ကသူ့ရဲ့ဒူးခေါင်းနားမှာလှည့်နေပီး သူ့ကိုရေဆက်ချိုးပေးဖို့​​​အနှောင့်အယှက်ပေးနေတယ်။

စုန့်ရီရဲ့ပါးစပ်ကပိတ်နေပီး သူနှလုံးကလဲတဒုန်းဒုန်းခုန်နေတယ်။ သူရှန်းလီနဲ့တွေ့ဆုံမဲ့မြင်ကွင်းအမျိုးမျိုးကိုစဥ်းစားခဲ့ပီး ရှန်းလီကိုမေးချင်တဲ့မေးခွန်းတွေလဲအများကြီးရှိခဲ့တယ်။ ဒါပေမဲ့ရှန်းလီကိုတွေ့တဲ့အခိုက်အတန့်မှာတော့ ဘာကမှအရေးမကြီးတော့ဘူး။

အချစ်ပြိုင်ဘက်နှင့်အချစ်အိမ်လေးတည်ဆောက်ခြင်း [ဘာသာပြန်]Where stories live. Discover now