Unicode
"မင်းကငါ့နောက်လိုက်ပီး ဘာလုပ်မလို့လဲ?" စုန့်ရီကသူ့ရဲ့ကုတ်အင်္ကျီကိုဝတ်ပီး ကြယ်သီးတစ်လုံးချင်းစီတပ်ကာ မေးလိုက်တယ်။
ကုရှင်ချွမ်းကသူ့ကိုမေးငေါ့ပြတယ် "ဘာမှလုပ်စရာမရှိပါဘူး မင်းနဲ့ဈေးဝယ်ထွက်ချင်လို့"
စုန့်ရီသူ့ကိုတစ်ချက်ကြည့်လိုက်ပီး စိတ်ထဲမှာကျိန်ဆဲလိုက်တယ်။ သူရဲ့နားကအခုထိပူနေတုန်းပဲ။ ဒါတောင်သူကလိုက်လာအုံးမယ်တဲ့။ ကုရှင်ချွမ်းကအနှောင့်အယှက်ပေးတဲ့နေရာမှာ အရမ်းတော်တာပဲ။
သူကကားသော့ကိုယူလိုက်ပီး အပြင်ကိုထွက်လိုက်တယ်။ သူအိမ်ပေါက်ဝကိုလျှောက်သွားတဲ့အချိန် သူ့ရဲ့ရဲနေတဲ့နှုတ်ခမ်းတွေကို မှန်ထဲမှာတွေ့လိုက်တယ်။ သူကုရှင်ချွမ်းနဲ့နမ်းနေတာ တစ်ခါနှစ်ခါမကတော့ဘူးဆိုတာကိုသူနားလည်လိုက်တယ်။ အခုတော့ သူကဒါနဲ့ကျင့်သားရနေပီး သူ့ပါးစပ်သူသုတ်ဖို့ကိုတောင် မတွေးမိတော့ဘူး။
စုန့်ရီစိတ်ထဲမှာ ဝမ်းနည်းစွာသက်ပြင်းချလိုက်တယ်။ ဒီသောက်ကိစ္စကဘာကြီးလဲ။ ကုရှင်ချွမ်းကဘာလိူ့သူ့ကိုအမှီပြုနေတာလဲ။ ယုန်တွေကသူတို့တွင်းနားကမြက်တွေကိုမစားကြဘူးလေ။ သူအတန်းဖော်ဟောင်းနဲ့အများကြီးစတင်ပြီးသွားခဲ့ပြီလား။
ကုရှင်ချွမ်းကဘယ်လိုလုပ်ရင်သူ့ကိုလွှတ်ပေးမှာလဲ?
အပြင်ဘက်မှာမိုးကပိုပီးသည်းကြီးမည်းကြီးရွာနေပီး မိုးကြိုးလျှစ်စီးတွေပါတလက်လက်ဖြစ်နေတယ်။ လမ်းပေါ်မှာလမ်းသွားလမ်းလာအနည်းငယ်သာရှိပီး လေထုကစိုထိုင်းမှုအပြည့်ဖြစ်နေတယ်။
ကားကို ကားအာမခံကုမ္ပဏီရဲ့ကားပါကင်မှာ ထိုးထားလိုက်တယ်။ စုန့်ရီထီးဖွင့်လိုက်ပီး ကားထဲကထွက်လိုက်တယ်။ ကုရှင်ချွမ်းလဲကားထဲကထွက်ချင်ပေမဲ့ စုန့်ရီကတံခါးကိုအမြန်ပိတ်လိုက်ပီး မျက်မှောင်ကြုတ်ကာပြောလိုက်တယ် "ဆယ်မိနစ်လောက်စောင့်နေပေး ငါအထဲဝင်လက်မှတ်ထိုးပီးသွားရင် ပြန်လာခဲ့မယ်"
ကုရှင်ချွမ်းကသူ့ကိုတစ်ချက်ကြည့်ပီး ဖုန်းကိုထုတ်ကာ အချိန်မှတ်ထားလိုက်တယ် "ဆယ်မိနစ်နော် ဆယ်မိနစ်ကျော်ရင် အထဲကိုငါဝင်လာပီး မင်းကိုလာရှာမှာ"
أنت تقرأ
အချစ်ပြိုင်ဘက်နှင့်အချစ်အိမ်လေးတည်ဆောက်ခြင်း [ဘာသာပြန်]
خيال (فانتازيا)I don't own this novel. I just translate. Fully credit to original author and eng translator(s).