CHAPTER 16 - Come up with ideas

11.8K 1.9K 147
                                        

Unicode

စုန့်ရီကဒေါသတွေထွက်လွန်းလို့ လုံးဝအိပ်မပျော်ခဲ့ဘူး။ ဒါပေမဲ့လဲ ကုရှင်ချွမ်းကုဂရုမစိုက်ချင်တာမို့ အိပ်ချင်ယောင်ဆောင်နေခဲ့တာ။ ဒါပေမဲ့တစ်ဖက်လူကပိုပီးစိတ်လှုပ်ရှားလာတာမို့ သူပိုပီးဒေါသထွက်ရတယ်။ သူကအရင်အမုန်းနဲ့အခုအမုန်းနှစ်ခုပေါင်းပီး လက်သီးကိုနောက်ပြန်လွှဲရိုက်ပစ်တယ်။

ကုရှင်ချွမ်းမြန်မြန်တုံ့ပြန်နိုင်တာတော်ရာကျတယ်။ အဲ့တာတောင် စုန့်ရီလက်သီးကပါးကိုပွတ်သွားပီး အတော်လေးနာကျင်သွားရတယ်။ မျှော်လင့်မထားစွာပဲ စုန့်ရီကပိန်တဲ့ပုံရှိပေမဲ့ အတော်လေးသန်မာတယ်။

"မင်းအားဆေးတွေသောက်ထားတာလား" ကုရှင်ချွမ်းကနောက်ထပ်တစ်ချက်အထိုးမခံချင်တော့တာမို့ စုန့်ရီရဲ့လက်ကောက်ဝတ်ကိုဆွဲယူလိုက်ပီး ခေါင်းအုံးဘေးမှာခပ်တင်းတင်းဖိထားလိုက်တယ်။

စုန့်ရီဦးရေပြားတွေတဖျဥ်းဖျဥ်းဖြစ်လာရတယ်။ ဒီအနေအထားကြီးက ဟိုညကအတိုင်းကြီးပဲ။ ကုရှင်ချွမ်းကသူ့ရဲ့ လက်ကောက်ဝတ်တွေကိုဖိထားပီး သူ့ခန္တာကိုယ်ကို လောဘတကြီးသုံးဆောင်ခဲ့တယ်။ သူ့နှုတ်ခမ်းတွေကတုန်နေပီး သူ့အသံကိုပုံမှန်ဖြစ်အောင်မနည်းထိန်းထားရတယ် "မင်းလက်တွေလွှတ်လိုက်စမ်း!"

"မလွှတ်ပေးဘူး" ကုရှင်ချွမ်းကသူ့မျက်နှာနားကိုကပ်လာပီး မျက်နှာချင်းထိလုနီးပါးဖြစ်နေပြီ "အဆင်ပြေလား မင်းကတအားတွေစိတ်ကြီးနေတာပဲ မင်းအရိုက်ခံချင်နေတာလား?"

နွေးထွေးစိုစွတ်တဲ့အငွေ့အသက်ကစုန့်ရီရဲ့ပါးပေါ်ကိုဖြတ်သန်းသွားတာက သွေးအေးသတ္တဝါတစ်ကောင်တွားတက်လာတဲ့အတိုင်းပဲ ဖြတ်သွားတဲ့တလျှောက်မှာထုံထိုင်းမှုတွေချန်ထားခဲ့တယ်။ သူကုရှင်ချွမ်းမျက်နှာပေါ်ကချွေးပေါက်လေးတွေကို​တောင်မြင်နေရပီး သူ့ကျောတလျှောက်မှာချွေးစေးတွေထွက်လာရတယ် "အရိုက်ခံရမှာကမင်းလေ ထွက်သွားစမ်းပါ!"

ကုရှင်ချွမ်းကမျက်လုံးမှေးကျဥ်လိုက်ပီး စုန့်ရီရဲ့တုန်နေတဲ့မျက်တောင်မွှေးလေးတွေကိုကြည့်လိုက်တယ်။ သူ့မျက်လုံးလှလှလေးတွေက​ပြောရခက်စွာ တောက်ပနေပီး အသံတိုးတိုး​နဲ့မေးလာတယ် "မင်းငါ့ကိုကြောက်နေတာလား?"

အချစ်ပြိုင်ဘက်နှင့်အချစ်အိမ်လေးတည်ဆောက်ခြင်း [ဘာသာပြန်]Nơi câu chuyện tồn tại. Hãy khám phá bây giờ