Unicode
ခန်းမထဲမှာအားလုံးဟာတိတ်ဆိတ်သွားပီး microphone ကထွက်လာစူးရှရှအသံတစ်ခုပဲရှိနေတယ်။ ရှန်းမိသားစုကဆွေမျိုးတွေလဲ အံ့အားသင့်နေကြတယ်။ ဒီလိုပျော်ရွှင်ရမဲ့နေ့မှာဘာလို့ဒီအတိတ်ကဝမ်းနည်းစရာကိစ္စတွေကိုပြောနေလဲဆိုတာ နားမလည်နိုင်ဖြစ်နေကြတယ်။
စုန့်ရီမျက်မှောင်ကြုံ့လိုက်တယ်။ ရှန်းလီမှာ ဒီလိုမျိုးအတိတ်မျိုးရှိနေတာသနားစရာပဲလို့သူတွေးမိတယ်။ သူကကျောက်ဟုန်းရန်ကိုလှည့်ကြည့်လိုက်တယ် "မားလဲ Suzhou မှာ သူနာပြုလုပ်ခဲ့တာပဲ အဲ့ဒီမိတ်ဆွေဟောင်းဆိုတဲ့သူကိုတွေ့ဖူးလား?"
ကျောက်ဟုန်ရန်ကခေါင်းယမ်းပြပီး သူ့မျက်လုံးတွေကအသိစိတ်မဲ့နေတယ်။ စတုတ္ထသခင်ကြီးရှန်းကအစွယ်ပြနေတဲ့ကျားတစ်ကောင်နဲ့တူနေတဲ့အလား စင်ပေါ်ကြည့်တဲ့အချိန်မှာ သူကထိတ်လန့်နေတယ်။
ရှန်းစစ်ရဲယ်ကလူတွေကိုဖြတ်ကြည့်ပီး ရှန်းလီအပေါ်မှာအကြည့်ရပ်သွားတယ် "ရှောင်လီ အလယ်တန်းတုန်းကမင်းကို နိုင်ငံခြားမှာကျောင်းသွားထားဖို့စီစဥ်ခဲ့ပေမဲ့ ဘာလို့ Imperial Capital မှာနေချင်ရတာလဲ?"
ရှန်းလီကမျက်လုံးပြူးသွားပီး တည်ငြိမ်တဲ့အပြုံးတစ်ခုကိုအတင်းလုပ်ယူလိုက်တယ် "ဘာလို့ဆိုအဖိုးမှာ ကျွန်တော်နဲ့ကျွန်တော်ရဲ့အစ်ကိုပဲရှိတော့တာမို့ အဖို့နဲ့အတူနှစ်တွေအများကြီးကုန်ဆုံးချင်လို့ပါ"
"လူယုတ်မာ! ရိုးရိုးသားသားပြောစမ်း!" ရှန်းစစ်ရဲယ်ကအသံကိုရုတ်တရပ်မြှင့်လိုက်ပီး အေးစက်စွာလှောင်လိုက်တယ်။
သူ့အသံကခမ်းနားကြီးကျယ်ပီး အရှိန်အဝါကြီးမားတယ်။ ရွှေမြင်းရုပ်နဲ့သံမြင်းရုပ်တို့ထိတိုက်မိတဲ့အသံနဲ့အတော်လေးတူတယ်။
ရှန်းလီကကြောက်လန့်သွားတယ်။ သူကခနလောက်အသံမထွက်နိုင်ဖြစ်သွားတယ်။ သူကသွားဖြဲပြပီး ရယ်သွမ်းသွေးကာတိုးတိုးလေးပြောတယ် "ဖိုးဖိုး..."
သူကရှန်းစစ်ရဲယ်ကိုဒီစကားလုံးနှစ်လုံးနဲ့ မျက်နှာသာပေးဖို့တောင်းဆိုနေတာဖြစ်တယ်။
YOU ARE READING
အချစ်ပြိုင်ဘက်နှင့်အချစ်အိမ်လေးတည်ဆောက်ခြင်း [ဘာသာပြန်]
FantasyI don't own this novel. I just translate. Fully credit to original author and eng translator(s).