Unicode
စုန့်ရီ ဒီရက်ပိုင်းတွေမှာ Imperial Capital ကုပြန်လာပီး သူ့မိသားစုနဲ့နေတာနဲ့အချိန်ကုန်နေတာ ချန်းစုန့်ကိုဖုန်းနဲ့တောင် မဆက်သွယ်ဖြစ်ဘူး။ ဇာတ်ကားအတူတူကြည့်ဖို့ဆိုတာပြောပြနေစရာတောင်မလိုတော့ဘူး။ "အခုထိမကြည့်ရသေးဘူး ဘာဖြစ်လို့လဲ?"
ကုရှင်ချွမ်းက စိတ်သက်သာရာရစွာလေမှုတ်ထုတ်လိုက်ပီး သူ့ရဲ့နှုတ်ခမ်းစွန်းလေးကမြင့်တက်သွားတယ် "ငါ'xxx' ရဲ့ blu-ray ခွေဝယ်ထားတယ် ငါမင်းကိုဇာတ်ကားအတူတူကြည့်ရအောင်ခေါ်မလို့"
စုန့်ရီကသူ့ရင်ဘတ်ကိုသူလက်ညှိုးထိုးပြတယ် "မင်းကငါ့နဲ့အတူရုပ်ရှင်ကြည့်ချင်တယ်?"
ကုရှင်ချွမ်းကသူနဲ့ဇာတ်ကားအတူတူကြည့်ချင်တယ်တဲ့ အဲ့တာကအဆင်ပြေပါ့မလား?
"မရဘူးလား?" ကုရှင်ချွမ်းကသူ့ကိုတင်းမာတဲ့အသံနဲ့ပြောပီး သူ့ကိုကြည့်လာတယ် "မင်က ချန်စုန့်နဲ့ကျကြည့်လို့ရပီး ဘာလို့ငါနဲ့ကျအတူတူကြည့်လိုမရတာလဲ?"
စုန့်ရီကအသက်ပြင်းပြင်းရှူလိုက်ပီး ကုရှင်ချွမ်းရဲ့လက်ဖမိုးကိုပုတ်လိုက်ကာ အကျိုးအကြောင်းသင့်သင့်ပြောလိုက်တယ် "ငါတို့ကရုပ်ရှင်အတူတူကြည့်ဖို့မလိုအပ်ဘူး ဟုတ်တယ်မလား?"
ကုရှင်ချွမ်းကသူ့လက်ကိုတင်းကျပ်လိုက်တော့ စုန့်ရီလက်ကောက်ဝတ်နာကျင်သွားရတယ်။ သူ့လက်ထဲကနေရုန်းလို့လဲမရတာမို့ ကုရှင်ချွမ်းရဲ့ ရိုင်းစိုင်းတဲ့ရှင်းလင်းချက်ကြီးကိုပဲနာထောင်နေရတယ် "ငါကမင်းရဲ့ alpha မင်းနဲ့ဇာတ်ကားအတူတူကြည့်တာပဲဘာမှားနေလို့လဲ?"
စုန့်ရီရဲ့ဒေါသကငယ်ထိပ်ကိုရောက်သွားပီး အေးစက်စက်မေးလိုက်တယ် "ကုရှင်ချွမ်း ငါကအနိုင်ကျင့်စရာကောင်းတဲ့ပုံပေါက်နေလို့လား?"
"ဘယ်သူကမင်းကိုအဲ့တိုင်းမြင်လို့လဲ? မင်းသွားမှာလား မသွားဖူးလား?" ကုရှင်ချွမ်းကကြမ်းကြမ်းတမ်းတမ်းပြောလာတယ်။
စုန့်ရီကမကြောက်မလန့်နဲ့ ခပ်မာမာပြန်ကြည့်ပီး ဒေါသတကြီးပြောလိုက်တယ် "မသွားဘူး"
ကုရှင်ချွမ်းမျက်လုံးတွေကအရမ်းခက်ထန်နေပီး တအားစိတ်ဆိုးနေတယ်။ နတ်ဆိုးတစ်ပါးလိုလို ဝံပုလွေလိုလိုအကြည့်က စုန့်ရီကိုပျာယာခတ်စေတယ်။ ကုရှင်ချွမ်းရဲ့လူနဲ့မတူတဲ့ရုပ်ပိုင်းဆိုင်ရာခွန်အားကိုသူကိုယ်တိုင်လက်တွေ့ခံစားခဲ့ရဖူးတယ်လေ။ တကယ်လို့လက်တွေပါပါလာရင် သေချာပေါက်သူ့ဘက်ကဘာမှပြန်မလုပ်ရဘဲ အရိုက်ခံနေရလိမ့်မယ်။

BINABASA MO ANG
အချစ်ပြိုင်ဘက်နှင့်အချစ်အိမ်လေးတည်ဆောက်ခြင်း [ဘာသာပြန်]
FantasyI don't own this novel. I just translate. Fully credit to original author and eng translator(s).