Unicode
စုန့်ရီကုရှင်ချွမ်းအိမ်ကနေထွက်လာပီး ကားပါကင်ကိုသွားလိုက်တယ်။ သူကားတံခါးကိုလက်တစ်ဖက်နဲ့ဖွင့်မလို့လုပ်တဲ့အချိန်မှာပဲ သူ့အိပ်ကပ်ထဲကဖုန်းကတဒွီဒွီနဲ့တုန်ခါလာတယ်။ စုန့်ရီထုန်ကြည့်လိုက်တော့ Caller ID က [စုန့်ကျဲ] ဆိုပီးscreen ပေါ်မှာပြနေတယ်။
ဖုန်းပေါ်မှာရှိနေတဲ့အချိန်ကလဲ ဆယ့်တစ်နာရီဆိုပီးညွှန်ပြနေတယ်။ အများအားဖြင့်လူတွေဒီအချိန်ဖုန်းခေါ်တယ်ဆိုတာ ကောင်းတဲ့ကိစ္စတော့မဟုတ်ဘူး။ စုန့်ရီမျက်မှောင်ကြုံ့ပီးဖုန်းကိုပြန်ဖြေလိုက်တယ်။
"ရှောင်ကျဲ ဘာဖြစ်လို့လဲ"
ဖုန်းရဲ့တစ်ဖက်ခြမ်းကခနလောက်တိတ်ဆိတ်သွားပီး ငိုရှိုက်သံစွက်နေတဲ့အသံတစ်ခုကတိုးတိုးလေးထွက်လာတယ် "ကိုကို..."
စုန့်ရီခန့်မှန်းကြည့်လိုက်ပီး စိတ်ထဲမှာသက်ပြင်းချလိုက်တယ် "နင်တို့တွေရန်ဖြစ်ထားပြန်ပီလား?"
စုန့်ကျဲဟာစုန့်ရီရဲ့ညီမလေးဖြစ်ပီး သူ့ထက်နှစ်နှစ်ပဲငယ်တယ်။ သူတို့နှစ်ယောက်ကအတူတူကြီးပြင်းခဲ့ရပီး နှစ်ယောက်သားဟာဆက်ဆံရေးကောင်းခဲ့တယ်။ စုန့်ကျဲကပြဿနာတွေဖြစ်ပီဆိုရင် ပထမဆုံးတွေးမိတဲ့သူကသူ့ရဲ့အစ်ကိုစုန့်ရီပဲဖြစ်တယ်။
"အင်း..." စုန့်ရီကအသံရှုရပ်မတတ်ငိုနေတယ် "ကိုကို ငါနင့်ဆီကိုလာလို့ရလား?"
"နင်ဘယ်မှာလဲ ငါလာခေါ်မယ်"
စုန့်ကျဲကသူ့ကိုမြို့ထဲကဟိုတယ်တစ်ခုရဲ့လိပ်စာပေးတယ်။ စုန့်ရီကဟိုတယ်အပေါက်ဝဆီကိုမောင်းသွားလိုက်တယ်။ စုန့်ကျဲကလမ်းဘေးမှာ နီရဲပီးဖောင်းနေတဲ့မျက်လုံးတွေနဲ့ထိုင်ပီးငိုနေတယ်ဆိုတာအဝေးကနေတောင်လှမ်းမြင်ရတယ်။
ဆောင်းဦးရာသီအစပိုင်းမို့ စပီးအေးနေပြီဖြစ်တယ်။ စုန့်ကျဲဟာ ခရမ်းနုရောင်ပိတ်ကျဲဂါဝန်ပွပွတစ်ထည်ကိုဝတ်ထားပီး သူ့လက်မောင်းတွေ ခြေထောက်တွေကပေါ်နေပီး အအေးဒဏ်ကြောင့်တုန်နေပုံပေါ်တယ်။
စုန့်ကျဲကားပေါ်ရောက်တာနဲ့ စုန့်ရီကကြင်နာစွာပဲ ကားထဲမှာလေနွေးနွေးလေးတွေဖွင့်ပေးလိုက်ပီး စုန့်ကျဲကိုဘာအမူအရာမှမရှိဘဲကြည့်လိုက်တယ်။
YOU ARE READING
အချစ်ပြိုင်ဘက်နှင့်အချစ်အိမ်လေးတည်ဆောက်ခြင်း [ဘာသာပြန်]
FantasyI don't own this novel. I just translate. Fully credit to original author and eng translator(s).