CHAPTER 52 - Your Eyes

9.6K 1.7K 231
                                    

Unicode

မျက်စိတစ်မှိတ်အတွင်းမှာပဲ လမုန့်ပွဲတော်ရောက်ရှိလာခဲ့တယ်။

အရင်နှစ်တွေတုန်းကစုန့်ရီကကျောက်ဟုန်းရန်ရယ် စုန့်ကျဲရယ်နဲ့အတူ အပြင်ထွက်ပီးခေါက်ဆွဲအေးစားကြတယ်။ ကျောက်ဟုန်းရန်ကစိတ်မပျော်ဖြစ်လာရင်သူတို့ပြန်လာကြတယ်။ ဒါ့ကြောင့်စုန့်ရီက လမုန့်ပွဲတော်ဆိုပီး မျှော်လင့်ချက်တွေမထားဘူး။

ဒီနှစ်လဲ ကျောက်ဟုန်းရန်ဆေးရုံတက်နေရတာကလွဲလို့ အရင်နှစ်တွေတုန်းကနဲ့မထူးမခြားမနားပါပဲ။ ဒီပွဲတော်အတွင်းမှာ မောင်နှမနှစ်ယောက်ရယ် တူမလေးတစ်ယောက်ရယ်ပဲရှိတယ်။

စုန့်ရီကမီးဖိုချောင်ထဲမှာ ဂဏန်းတွေကိုသေချာဆေးပီး အိုးထဲကိုတစ်ကောင်ချင်းစီထည့်လိိုက်တယ်။ ဧည့်ခန်းထဲကနေ စုန့်ကျဲရဲ့ပေါ့ပါးတဲ့ပြုံးရယ်သံကြားတော့ သူပြုံးပီးလက်ဆေးကာ အပြင်ဘက်ထွက်လာလိုက်တယ်။

ကလေးကတွန်းလှည်းလေးထဲမှာ အေးအေးချမ်းချမ်းအိပ်ပျော်နေပီဖြစ်တယ်။ စုန့်ကျဲကဆိုဖာပေါ်မှာမှီထိုင်နေပီး TV ကိုစိတ်ဝင်တစားကြည့်နေတယ် "ကိုကို လာပါအုံး..."

"ဘာဖြစ်လို့လဲ?" စုန့်ရီသူမဘေးမှာထိုင်လိုက်ပီး ပခုံးလေးကိုဖက်ကာပုတ်လိုက်တယ်။

စုန့်ကျဲကပြောတယ် "အရင်နှစ်တွေတုန်းကလို ငါတို့ အပြင်ထွက်ပီးစားလို့ရတာကို ဘာလို့အိမ်မှာချက်ရတာလဲ?"

"ကိုယ့်ဘာသာကိုယ်ချက်တာကရှင်းလင်းရတာလွယ်တယ်လေ" စုန့်ရီကပေါ့ပေါ့ပါးပါးပဲလိမ်လည်လိုက်ပါတယ်။

စုန့်ကျဲကခါးသက်တဲ့မျက်နှာနဲ့တွေဝေနေပုံပေါ်တယ် "ဒါပေမဲ့ငါကအခုမှကလေးမွေးဖူးတာဆိုတော့ အပြင်ကိုထွက်ပီးမစားရတာလဲအတော်ကြာပီလေ စျေးဝယ်လဲမထွက်ရဘူး"

စုန့်ရီကကြင်ကြင်နာနာနဲ့သူ့ရဲ့ပါးလေးကိုဖျစ်ပီး ပြုံးလိုက်တယ် "နင်ကအခုနို့တိုက်နေရတာလေ အစားစားတဲ့အခါမှာဂရုတစိုက်ရှိရမယ် အချိန်တစ်ခုကျော်လွန်သွားရင်အားလုံးကအဆင်ပြေသွားမှာပါ"

စုန့်ကျဲကပါးလေးကိုဖောင်းပီး စုန့်ရီရဲ့လက်မောင်း​ပေါ်ကိုသက်သောင့်သက်သာရှိစွာမှီလိုက်တယ်။ သူခနလောက်စဥ်းစားပီးတော့ တိုးတိုးလေးပြောလာတယ် "တကယ်တော့ ငါ့မိခင်တစ်ယောက်ဖြစ်လာမှာကိုအရမ်းစိုးရိမ်နေတယ် ငါကအနာဂါတ်မှာမားလိုမိခင်မျိုးဖြစ်မှာကိုကြောက်တယ်"

အချစ်ပြိုင်ဘက်နှင့်အချစ်အိမ်လေးတည်ဆောက်ခြင်း [ဘာသာပြန်]Where stories live. Discover now