CHAPTER 72 - See my parents

8.4K 1.4K 150
                                    

Unicode

ရဲကားက ဆေးရုံရှေ့မှာ​ရပ်သွားတယ်။ အရေးပေါ်ခန်းကဆရာဝန်တွေကခွဲစိတ်တဲ့ပစ္စည်းကိရိယာတွေပြင်ဆင်ထားတယ်။

စုန့်ရီတံခါးနားကထိုင်ခုံပေါ်မှာထိုင်နေတယ်။ သူနာပြုမလေးယူလာတဲ့သွေးတွေနဲ့ပတ်တီးတွေကိုတွေ့တော့ နှလုံးသားကနာကျင်လာတယ်။ ဘယ်လောက်တောင်နာနေလိမ့်မလဲ?

သူမျက်နှာကိုပွတ်လိုက်ပီး အသက်ပြင်းပြင်းရှူကာ သူ့ကိုယ်သူစိတ်တည်ငြိမ်ငြိမ်ထားဖို့ တွန်းအားပေးနေတယ်။ သူငယ်ငယ်လေးကတည်းကရတဲ့သင်ကြားမှုက တခြားသူတွေကိုကြင်နာဖို့ ယဥ်ကျေးဖို့ လူကြီးလူကောင်းစတ်ယောက်လိုပြုမူဖို့ဖြစ်တယ်။ သူမည်သူတစ်ဦးတစ်ယောက်နဲ့မျှရန်မဖြစ်ဖူးဘူး။ သွေးထွက်သံယိုဖြစ်မဲ့ရန်ပွဲတွေဆိုတာ သူ့အတွက်တခြားကမ္ဘာတစ်ခုလိုဖြစ်တယ်။

ဘာလို့ကုရှင်ချွမ်းကတအားရဲနေရတာလဲ။ တကယ်လို အဲ့ဒီဓားစိုက်ဝင်တာကလက်မဟုတ်ဘဲ ရင်ဘတ်​သာဆိုရင်ဘယ်လိုလုပ်မလဲ။ စုန့်ရီဖြစ်လာမဲ့ရလဒ်တွေဆက်တောင်မတွေးရဲဘူး။

ခွဲစိတ်တာကချောချော​မွေ့မွေ့ပဲပြီးသွားတယ်။ ကံကောင်းစွာနဲ့ပဲ ဓားကအသားနဲ့အရေပြားကိုပဲထိမိတယ်။ အရိုးတွေအရွတ်တွေကိုထိမသွားဘူး။ ဆရာဝန်က​ရိုးရိုးရှင်းရှင်းပဲပတ်တီးစည်းပေးတယ်။ ရေမထိဖို့နဲ့ ပင်လယ်စာတွေမစားဖို့ပြောတယ်။ နောက်တစ်ပတ်ကျရင်ချုပ်ရိုးပြန်ဖြည်ဖို့ဆေးရုံကိုလာခဲ့ဖို့မှာတယ်။

စုန့်ရီရဲ့လေးလံနေတဲ့နှလုံးသားကလဲ အခုမှပဲဖြည်းဖြည်းချင်ဗိုက်ထဲပြန်ကျသွားတယ်။ နောက်တော့ရှုပ်ရှတ်ခပ်နေတဲ့ဆေးတွေရတယ်။ သောက်ဆေးတွေ​ရောလိမ်းဆေးတွေရောအများကြီးပဲ။

အိမ်ပြန်တဲ့လမ်းမှာ ကုရှင်ချွမ်းကနောက်ခန်းမှာထိုင်တယ်။  စုန့်ရီရဲ့ဆံပင်တိုတို​ကို သူ့လက်ချောင်းရှည်ရှည်လေးတွေနဲ့ကစားနေတယ် "စုန့်ရီ ဒီအကြောင်းတွေကို ငါ့မိဘတွေကိုပြန်မပြောနဲ့နော်"

"ဦးလေးနဲ့ဒေါ်ဒေါ်ကသိသွားမှာပဲကို" ကုရှောက်ယွမ်ကဘယ်သူမို့လို့လဲ။ မျက်လုံးနဲ့လက်တံတွေကကောင်းကင်ထိဖြန့်ကျက်ထားတာ။ သူသိချင်ရင် ဘယ်သူမှတားလို့ရမှာမဟုတ်ဘူး။ စုန့်ရီလဲသူ့ရဲ့မျက်လုံးတွေက်ုလှည့်စားလို့ရမှာမဟုတ်ဘူး။

အချစ်ပြိုင်ဘက်နှင့်အချစ်အိမ်လေးတည်ဆောက်ခြင်း [ဘာသာပြန်]Tempat cerita menjadi hidup. Temukan sekarang