မဂ်လာပါ ကျွန်တော်က ဒီပုံပြင်လေးရဲ့ အဓိကအရေးပါသူတစ်ယောက္ပါ။ ကျွန်တော့်လိုပဲအရေးပါသူတွေ ရှိနေသေးတာမို့ ဖြေးဖြေးချင်း မိတ်ဆက်သွားတာပေါ့။ 🙋🙋
ကျွန်တော့်နာမည် War Wanaratပါ။ ကျွန်တော်က တက္ကသိုလ်တခုကပေးတဲ့ ဘွဲ့တခုကိုလဲ ထိုက်ထိုက်တန်တန်ရပီးပီပေါ့လေ။👨🎓👨🎓👨🎓 ကျွန်တော့် ဘွဲ့ရယ် ဝါသနာရယ်ပေါင်းပီး အလုပ်လေးတခုလဲ တရားဝင်ရှိတယ်ဆိုပါတော့ ကျွန်တော်က ဟိုတယ်တွေကို အလွတ်တမ်း ဒီဇိုင်းဆွဲပေးရတဲ့ ဒီဇိုင်နာတဦးပေါ့လေ👨🎨👨🎨👨🎨 ရိုးရှင်းတဲ့ ဘဝလို့ မြင်လို့ရပေမယ့် အ ြမဲတမ်းဆင်းလုံးချော ဖြစ်မနေတာကိုက ဘဝမလား
အဲ့တော့ ကျွန်တော့်ဘဝလဲ ဒီလိုပဲ ဆိုပါတော့ ကဲပါ ဖြေးဖြေးချင်းပဲ သွားကြတာပေါ့ကျွန်တော့မှာက သိပ်ချစ်ရတဲ့ ချစ်သူရှိတယ် သူနာမည်က Bonnadol တဲ့ သူနဲ့က နယ်မြို့လေးတခုမှာ အထက်တန်းကျောင်းအတူတူတက်ရင်း သူငယ်ချင်းတွေဖြစ်ရာက ချစ်သူတွေဖြစ်သွားကြတယ်ဆိုပါတော့။ဪ ကျွန်တော့် အဖေက ရဲမှူးလေ အဲ့တော့ တာဝန်ကျတဲ့နေရာမှန်သမျှသွားရင်းက တေွ့ကြတာဆိုရမယ်။ ကျွန်တော့ချစ်သူနာမည်က ယောကျားဆန်မနေဘူးလား😌😌😌 ဟုတ်တယ်ဗျ ကျွန်တော်က ယောကျားလေးတွေပဲ ကြိုက်တတ်တဲ့ Gay တယောက်ပေါ့ဗျာ။
Bon နဲ့မတွေ့ခင်ကတော့ လူတောမတိုးရဲလောက်အောင်ကို ရှက္မိတာဗျ။ ကျွန်တော်က မြောက်ပိုင်းသားဆိုတော့ ပုံမှန်ထက် အသားပိုကြည်ပီးဖြူတယ်။ အသားလဲနီလွယ်တယ်လေ။ ယောကျားလေးတွေက မိန်းကလေးတွေထက် ကျွန်တော်ကို စကြ နောက်ကြတယ်။ နှိမ်ချင်တာလဲပါမှာပေါ့လေ မိန်းမတယောက်လိုတော့ နူးညံ့ သိမ်မွေ့မနေပေမယ့် ယောကျားတယောက်လိုလဲ ကြမ်းတမ်း ရဲရင့်မနေတော့ သူတို့ရဲ့ တည်ကြပ်က ကျွန်တော်ဖြစ်သွားရတာပေါ့။
Bon က ကျွန်တော်တို့ အထက်တန်း ကျောင်းအုပ်ရဲ့ သား၊ ရုပ်လည်းချော ပိုက်ဆံလဲရှိ၊ အေးဆေးလွန်းပီး တည်ငြိမ်တယ်၊ မိန်းကလေးတွေရဲ့ အိမ်မက္ထဲက ချစ်သူမျိုးပေါ့လေ။ သူက မတရားရင်လဲ ငြိမ်ခံမနေတတ်သလို သူတပါးအပေါ်လဲ အနိုင်မကျင့်တတ်တော့ ယောကျားလေးတွေ လေးစားရတဲ့ စံပြကျောင်းသားတယောက်ဆိုပါတော့။ သူ့ရဲ့ အကာအကွယ်နဲ့ပဲ ကျောင်းသားဘဝရဲ့ ပျော်ရွှင်မှုတွေ အမှတ်တရတွေ အားလုံးရနိုင်ခဲ့တယ်။
သူနဲ့ ချစ်သူစဖြစ်တော့ အဖက်ဖက်က ဖိအားတွေများခဲ့တယ်။ ကျောင်းမှာ Bon အရှေ့မို့ မပြောကြပေမယ့် Bon နောက်ကွယ်ဆို ယောကျားလေးတွေရော မိန်းကလေးပါ စီနီယာတွေကအစ ကဲ့ရဲ့ ရှုတ်ချကြတယ် မနာလို အားကျ ဖြစ်ကြတယ်။ ဒီလောက်တင် ဘယ်ပီးလိမ့်မလဲ မစားရတဲ့အမဲ သဲနဲ့ပက်ကြတော့တာပေါ့ ကျွန်တော့မိဘရော သူ့မိဘဆီပါ သွားတိုင်ကြတာပေါ့။ အစက သိသိချင်းတော့ ခွဲကြ ဆူကြ လမ်းခွဲခိုင်းကြနဲ့ နောက်တော့ ငယ်လွန်းသေးတာက တကြောင်း ပညာရေးမှာ အနှောက်ယှက္မဖြစ်စေချင်တာက တကြောင်းမို့ အချိန်တန်ရင်ပြတ်သွားကြမှာပဲဆိုပီးနားလည်ပေးခဲ့ကြရင်းက ကြည်ဖြူစွာ လက်ခံပေးလာခဲ့ကြတယ် အဲ့လိုနဲ့ အခုဆို ၆နှစ်တောင်ရှိပီဆိုပါတော့၆နှစ်တောင်ရှိလာခဲ့တယ်ဆိုတော တယောက်ရဲ့ အကျင့်တယောက် ပိုပီးနားလည်လာတယ် တယောက္မကြိုက်တဲ့ အကျင့်အမူအရာ စကား အစားအစာ အဲ့ဒါတွေကအစရှောင်ကြ ရှားကြတာပေါ့မလုပ်ဖြစ်ဘူး တခါတလေကြတော့ သူအကြိုက်တွေကို ကိုကပါ လိုက်ကြိုက်ပေးတဲ့အထိကို လက်ခံလာခဲ့တယ် ဒါဟာလဲအချစ်တမျိုးပဲမလား သူ့အကြိုက် ကို့အကြိုက်တော့ သပ်သပ်ကြီး မပြောင်းလဲရပါဘူး သူနဲ့ကျွန်တော်ကယောကျားလေးတွေပဲဟာ အတင်းကြီးတော့ ညှိမယူခဲ့ရပါဘူး။
အခုမှ စပီး ရေးကြည့်တာမို့ လိုတာလေးတွေဝေဖန်ပါဦးနော်
YOU ARE READING
အချစ်ဟု ခေါ်တွင်မည်
Fanfictionအရာအားလုံးပြည့်စုံနေတဲ့ ဘဝကို ပိုင်ဆိုင်ရပေမယ့် ကို့ဘဝရဲ့ အချစ်ရဆုံးသူကို ဆုံးရှုံရတဲ့အရသာဟာ ချိုနေပေမယ့် ခါးသပ်သပ်နဲ့ပါ #Warwanarat အချစ်ဆိုတာ ချိုတာပဲဖြစ် ခါးတာပဲ ဖြစ်ဖြစ် အရသာစုံနေတာပဲ ဖြစ်ဖြစ် မြည်းစမ်းတဲ့သူရဲ့အကြိုက်ပေါ်မှာပဲ မူတည်နေတာမို့ ကျွန...