အတွေးထဲရောက်လာတာတခုက ငါလုပ်တဲ့လုပ်ရပ်တွေ မှန်ရဲ့လားဆိုတာပဲ
Flash Back
P'Ome: War နင်အဆင်ပြေရဲ့လား
War: ကျွန်တော်...
P'Ome: အေးပါ ငါသိပါတယ်
War: Phi က ဘာကိုသိတာလဲ
P'Ome: နင်သိတာတွေရော နင်မသိသေးတာတွေရော ငါအားလုံးကိုသိတယ်
War: ကျွန်တော် တောင်းပန်ပါတယ် Phi ကျွန်တော် Bon အပေါ် သစ္စာဖောက္မိလို့ အပြစ်ပေးခံရတာထင်ပါတယ် Phiရယ်
P'Ome: ဟဲ့ ဘာဆိုင်လို့လဲ ငါ့မောင်လေး သေတာပဲ ၃နှစ်ပဲပြည့်တော့မယ် နင်က ငါ့မောင်ကိုပဲ စိတ်ထဲထည့်ပီး နင့်ဘဝအတွက် တကယ့်စစ်မှန်တဲ့လူကိုမရှာတော့ဘူးလား နင်ပြောချင်တာ ငါနားလည်တယ် ဒါပေမယ့်သူဆုံးတာ နင့်ကြောင့်မဟုတ်ဘူး
War: ဟုတ်ပါတယ် ဒါပေမယ့် Phiရယ် ကျွန်တော့အချစ်ရေးက ဒီလိုမျိုးတဲ့လား......
P'Ome: War နင်က စစ်မဖြစ်ခင်ကတည်းက မြားကုန်နေပါရောလား ဘာလို့ အဲ့လိုတွေးနေတာလဲ အချိန်တန်ရင် နင့်ရဲ့ ဖူးစာရှင်ကိုတွေ့ခွင့်ရမှာပါ ဒါနဲ့ နင် တကယ်သူ့ကို ချစ်မိသွားပီလား
War: ကျွန်တော့်ကို ကောင်းကောင်းကြီး အသုံးချခဲ့တဲ့ လူကို ကျွန်တော် မမုန်းရက်နိုင်ဘူး Phiရယ်
P'Ome: ငါလဲအတူတူပဲ
War: ဘာကိုလဲ Phi
P'Ome: တကယ်တော့ Bon နဲ့ ကားချင်းတိုက်မလိုဖြစ်ခဲ့တဲ့ မတော်တဆမှုက Yinရဲ့အကိုP'Jaiiနဲ့
War: ဘာ ဘာပြောတယ် PJaii သူ့ကြောင့်ဟုတ်လား
P'Ome: ဟုတ်တယ် ငါမပြောတော့ဘူးနေပေမယ့် နင်လည်းသိထားသင့်တယ်ထင်လို့ ငါပြောပြတာ အမှုကို မတော်တဆမှုလို့ လုပ်လိုက်တာ မိဘတွေက နားလည်ပေးဖို့ ဖျောင်းဖြခဲ့ပေမယ့် အခုထိတော့ မကျေနပ်နိုင်ဘူး
ဟုတ်ပါတယ် Bon က သိပ်လိမ္မာပီး သိပ်တော်တော့ သူ့ကို တအိမ်လုံးက ဝိုင်းချစ်ခဲ့ကြတယ် ကျွန်တော်လိုယောကျားလေးတယောက်နဲ့ တရားဝင်ချစ်ခွင့်ပေးခဲ့တာပဲကြည့်လေ သူ့အမအပေါ်လဲအရမ်းချစ်ရှာတာ အဲ့ဒါကြောင့်လဲ ကျွန်တော့ကို အခုချိန်ထိ သူတို့မိသားစုဝင်လို အရမ်းချစ် အရမ်းတန်ဖိုးထားကြတာလေ

YOU ARE READING
အချစ်ဟု ခေါ်တွင်မည်
Fanfictionအရာအားလုံးပြည့်စုံနေတဲ့ ဘဝကို ပိုင်ဆိုင်ရပေမယ့် ကို့ဘဝရဲ့ အချစ်ရဆုံးသူကို ဆုံးရှုံရတဲ့အရသာဟာ ချိုနေပေမယ့် ခါးသပ်သပ်နဲ့ပါ #Warwanarat အချစ်ဆိုတာ ချိုတာပဲဖြစ် ခါးတာပဲ ဖြစ်ဖြစ် အရသာစုံနေတာပဲ ဖြစ်ဖြစ် မြည်းစမ်းတဲ့သူရဲ့အကြိုက်ပေါ်မှာပဲ မူတည်နေတာမို့ ကျွန...