Part of my Life 10

142 16 3
                                    

ကျွန်တော့ဆီလဲ ဧည့်သည်လာလုပ်သေးတယ် ကျွန်တော့လူကိုလဲ လာကျော်ချင်သေးတယ်ရမလား ရူးတောင်သွားဦးမယ် ကျွန်တော်က PWar အပေါ် ဘာစိတ်မှ မရှိဘူး အကိုတယောက်လို သူငယ်ချင်းတယောက်လိုပဲ သ​ဘော ထားတာပါ ဒါပေမယ့် အဲ့လိုမျိုး လာကျော်လို့ကတော့ ဝေးပါသေးတယ် ပီးတော့ ကျွန်တော် P Warနဲ့ အဲ့လို နီးစပ်အောင် လုပ်ရတဲ့အကြောင်းတခုရှိတယ်
အဲ့ဒါက

Flash Back Start

လွန်ခဲ့တဲ့ ၁လလောက်တုန်းက ကျွန်တော့်ကောင်မလေးခြေလှမ်းတွေ ပျက်နေတာ သတိထားမိပေမယ့် သူ့ကို ဖြတ်ဖို့ကြတော့ အားနာနေမိတယ် သူက မိန်းကလေးလဲဖြစ် ကျွန်တော့ချစ်ရသူလဲ ဖြစ်တယ်မလား သူက ဖုန်းဆက်ရင် ကျွန်တော့်ကို စိတ်မချကြောင်းတွေပြောနေပေမယ့် သူ့ဖုန်းသံက ကောင်လေးတယောက်အသံကို အ မြဲကြားရတယ် အသံကတော့ ကျွန်တော် ရင်းနှီးတဲ့အသံမျိုး

Prom : အဲ့တော့ မင်းဘာလုပ်ချင်လဲ

Yin : ဘာလုပ်ရမှာလဲ တခုခုပေါ့ သက်သေ သကာယ မရှိဘဲတော့ ပလိန်းကြီးသွားလုပ်လို့မကောင်းဘူးထင်တယ်နော်

Prom : ဒါဆို မင်းက မင်းရှေ့မှာ ဖြစ်ပြနေမှပဲ လမ်းခွဲမယ်ပေါ့

Yin : အဲ့လိုလဲမဟုတ်ဘူးလေကွာ

Prom : ဒါဆိုလဲကွာ မင်း တယောက်ယောက်နဲ့ ချစ်နေပါတယ်ဆိုပီးလုပ်လိုက်ပေါ့ မင်းတယောက်ယောက်နဲ့ တွဲပြလိုက်ပေါ့

Yin : အခုချိန်ကြီးကြမှ ငါက ဘယ်က ကောင်မလေးကို ရှာရမှာလဲ မလွယ်ဘူးလေကွာ မင်းသိတဲ့အတိုင်း သူနဲ့တွဲကတည်းက ဘယ်မိန်းကလေးနဲ့မှကို စွေတောင်မကြည့်ဖြစ်ဘူး အဲ့ဒါမပြောနဲ့ PWarနဲ့ အတူတူရှိတယ်ဆိုတိုင်းကို တချိန်လုံးလိုက်အစ်နေတာကို ဘယ်နားမှာ တခြားရှိရမှာလဲ

Prom : အေးဟုတ်တယ် P War သူရှိတယ်လေ မင်းကောင်မလေးက သူ့ကို အလဟပ်သတ်ကို မုန်းနေတာ မလား သူနဲ့တွေ့ကြည့်ပါလား သူ့ကိုသာ မင်းတွဲပြလိုက်ရင် သေချာပေါက််မုန်းကို မုန်းစေရမယ်

Yin : PWarကလည်း ငါ့ကို မုန်းသွားမလားနော်

Prom : မင်းကို သူမုန်းလဲ သူကမင်းနဲ့ ပတ်သက်လာစရာမှမရှိတာ

Yin : ကောင်းပါ့မလားကွာ ဟျောင့်

Flash Back End

သူနဲ့ပိုရင်းနှီးလာလေ သူ့ကို သူများတွေ ဘာကြောင့် သဘောကျနေလဲ သိလာလေပဲ သူက ရိုးသားတယ် ကြိုးစားတယ်ပီးတော့ ကြင်နာ သနားတတ်တယ် တခါတလေ သူ့အနားမှာ ကျွန်တော် ရှိနေရင် ရှိရမယ့်အကြောင်းပါမေ့မေ့သွားတယ် အပြုံးလေးကအသက်ပဲ ပီးတော့ ပြုံးလိုက်တိုင်းပါလာတဲ့ပါးချိုင့်လေးက လက်နက်ပေါ့လေ
သူ့ကို အကြောင်းရှိလို့ ချဉ်းကပ်မိပေမယ့် တခါတလေ သူ့ကို အားနာမိသလို အဲ့လိုလေးရှိနေရရင် ကျွန်တော်ပျော်တယ် သူ့လိုပဲ ကျွန်တော်သာ Gay တယောက်ဆို သူ့ကိုပဲ ရွေးမိမှာ ဖြစ်ချင်တော့ ကျွန်တော်က Gay တယောက္မဟုတ်တာပဲ
သူ့အနားလေးမှာ ရှိနေရင် သူ့ကို စချင်တယ် သူ့အသားလေးကို ထိထားချင်တယ် သူ့ကိုယ်သင်းနံ့လေးကို သဘောကျတယ် ခေါင်းလျှော်ရည်နံ့လေးကလည်း သင်းနေရော သူ့အသားလေးများကြမ်းကြမ်းထိလိုက်ရင် အရာတောင်ပေါ်တယ် နူးညံတာလဲ လွန်ပါရော သူက ကလေးတယောက်လိုပါပဲ ကျွန်တော့အတွက်ပေါ့

ကျွန်တော် တောင်းပန်ပါတယ်ကျွန်တော်က ကိုယ့်အတွက် ကိုယ်ကြည့်တဲ့ အတ္တသမားဖြစ်သွားရတယ်

အချစ်ဟု ခေါ်တွင်မည်Where stories live. Discover now