စောစောဏလေးကတင်ကောင်းလို့ ဆိုင်အထိမောင်းလာတဲ့ ကားက ပြန်မယ်လဲဆိုရော
ရုတ်တရက်ကြီးပြတ်တယ်တဲ့လေ ယုံပါတယ် အားကြီးကြီး... လိုက်ပို့ခိုင်းလို့လဲ ပို့ပေးရသေးတယ် လမ်းတလျှောက်လုံး ပေါက်ကရတွေလာမေးနေတယ် ဘာတွေမေးမှန်းလဲမသိဘူး မေးလိုက်တဲ့မေးခွန်းတိုင်းက ပိုင်ဆိုးပိုင်နင်းနဲ့ မင်းကိုမမုန်းမိခင် ငါဘာသာငါအေးအေးဆေးဆေးနေပါရစေ...Yinအလုပ်တာ၀န်မရှိတော့ဘူးဆိုတဲ့အသိနဲ့ အိပ်ယာကိုနောက်ကျမှထဖြစ်တယ် အဖေကတော့ သွားကူပေးပါဦးလို့ပြောထားပေမယ့် နည်းနည်းအပါးခိုမယ်တွေးထားတယ် နိုးလာတော့ ၁၁နာရီတောင်ထိုးနေပီ
ထုံးစံအတိုင်း အမေက ခဏခဏလာကြည့်နေတာ သူ့သားတခုခုလုပ်မှာစိုးရိမ်နေတယ်ထင်တယ် ကျွန်တော် နိုးလို့ ရေချိုးပီးဆင်းလာတော့ အဖေတို့က နေ့လည်စာတောင်စားနေကြပီ ကျွန်တော်လဲ ဝင်စားဖို့ထိုင်ရင်း...
War: အဖေ အမေ မဂ်လာပါ
W'Dad: သားဒီနေ့ siteကိုမသွားဘူးလား
War: ဟုတ်တယ်အဖေ ဒီနေ့နားမယ်ပြောထားတာ အလုပ်ကလည်း မရှိတော့ဘူးလေ အထဲပိုင်းပဲကျန်တော့တာ အဲ့ဒါကြောင့် မသွားလဲရတယ်လေ အဖေကရော ရုံးမသွားဘူးလား
W'Dad: အဖေလဲ ပင်စင်ရတော့မှာဆိုတော့ နားတော့မယ်ကွာ လူငယ်တွေကိုလဲွှပေးလိုက်တော့မယ် အမေ့ကိုလဲ အချိန်ပေးရတော့မယ်လေ သူက အထီးကျန်နေလို့လားပဲ ပွစိပွစိနဲ့...
လို့ပြောပီး ရီနေကြတဲ့ ကျွန်တော့ထမင်းဝိုင်းလေး အမေက ဆူပုတ်ပုတ်နဲ့ လှနေပြန်ရောW'Mom: သားဒီနေ့ Bon ဆီသွားမလို့ဆို ဘယ်အချိန်လဲ
War: သား ပန်းစီးမှာထားတယ် လာပို့တာနဲ့သွားမှာ
ပြောရင်း ဘဲလ်က မြည်လာတယ်
🔔🔔🔔War: ဟောလာပီထင်တယ် သားသွားယူလိုက်ဦးမယ်
ဆိုပီး ခြံတံခါးဝကို လျှောက်လာခဲ့တယ် တံခါးကို ဖွင့်လိုက်တော့ Porm .
War: Porm ဘာကိစ္စရှိလို့လဲ
Porm: ပန်းမှာထားလို့ လာပို့ပေးတာ ဒါ Phi အိမ်လား မိုက်လိုက်တာ ြခံကအကျယ်ကြီးပဲ
War: အင်းမှာထားတယ် လာလေ အိမ်ထဲဝင်
Nong က ပန်းဆိုင်ဖွင့်ထားတာလားProm: မဟုတ်ရပါဘူးဗျာ ကျွန်တော်က Phi လာနေကြ ကော်ဖီဆိုင်ကို ပြန်ဝယ်ထားတာလေ ဒီပန်းဆိုင်က Benz ရဲ့ဆိုင် သူမအားလို့ ကျွန်တော့ကိုခိုင်းတာ ဒါနဲ့ ဘယ်သူ့မွေးနေ့မို့လို့လဲ
War: လာထိုင် ဘာစားပီးပီလဲ တခါထဲဝင်စားလေ
Prom: အားနာစရာကြီးဗျာ ကျွန်တော်ကတကယ်စားမှာနော် ဗိုက်ဆာနေတာ
War: စားပါ အားမနာနဲ့ အဒေါ်ရေ ထမင်းပန်းကန်လေးလုပ်ပါဦး ဪဖေဖေဒါ Prom တဲ့ Anan Wong သူငယ်ချင်းလေ ကမ်းနားဘက်က သားတို့ထိုင်နေကြ ကော်ဖီဆိုင်ပိုင်တာ လေ သား ပန်းမှာတဲ့ဆိုင်ကလည်း သူတို့သူငယ်ချင်းဆိုင်မို့ လာပို့ပေးတာတဲ့
Prom : မဂ်လာပါအဖေ မဂ်လာပါ အမေကျွန်တော်က Promပါ
W'Mom: သားမှာသူငယ်ချင်းအသစ်တွေပါ ထပ်ရနေတာဆိုတော့ အမေစိတ်လည်းချ ဝမ်းလဲဝမ်းသာတယ် အမေ့လေးသားကို ဂရုစိုက်ပေးပါနော် သားProm
War: အမေကတော့ လုပ်ပီ သားက ကလေးလား ပီးတော့ သားက သူတို့ထက်ကြီးတယ်အမေ
Prom: ဂရုစိုက်ပါ့မယ် အမေ သူက သေးသေးလေးဆိုတော့ ပိုဂရုစိုက်ပေးပါ့မယ်အမေ
ရီသံြကဲ ြကဲနဲ့အမေက
W'Mom: သားကိုအမေ့မျက်လုံးထဲမှာတော့ ကလေးလို့ပဲမြင်တယ်W'Dad: ကဲပါ စားစား ပီးတော့ သွားကြ ကားလည်းသိပ်အမြန်မမောင်းနဲ့ အဖေအပေါ်တက်တော့မယ်
War, Prom : ဟုတ်ကဲ့
စားသောက်ပီးတော့ နွေးထွေးတဲ့ထမင်စားဝိုင်းလေးကို ထားခဲ့ကြပီး ဧည့်ခန်းလေးမှာ လာထိုင်လိုက်ကြတယ် အမေကိုလည်း အသီးခွဲပေးပီး အအေးပါဖျော်ပေးလို့ ကျေးဇူးတင်ကြောင်းပြောပီး စကားဆက်ပြောကြတယ်
War: ကို့ ချစ်သူဆုံးတာ ဒီနေ့ဆို တနှစ်နဲ့ ၄လရှိပီလေ အဲ့ဒါပန်းသွားပို့ရင်းနဲ့ သူ့ကို သွားစကားပြောမလို့လေ
Prom: ကျွန်တော် တခုပြောမလို့ ရလားဟင်
War: ရပါတယ်ပြောလေ
Prom: အကိုသူ့ကို သိပ်ချစ်တာပဲလားဟင်
War: အင်း အရမ်းချစ်တယ်
Prom: အကိုသွားမယ်ဆို ကျွန်တော်လဲ လိုက်ချင်လို့ရမလား ပီးတော့ ကျွန်တော်အကို့ကို ကော်ဖီလည်းတိုက္မယ်လေ ပြန်လဲလိုက်ပို့ပေးမယ် ရမလား
ကျွန်တော်လဲ စဥ်းစားနေမိတယ် ဘာလိုက်လုပ်မှာလဲပေါ့ နောက်မှ အဖော်ပါတော့ ကောင်းပါတယ်လေလို့တွေးပီး *ခေါင်းပဲငြိတ်လိုက််မိတယ်

YOU ARE READING
အချစ်ဟု ခေါ်တွင်မည်
Fanfictionအရာအားလုံးပြည့်စုံနေတဲ့ ဘဝကို ပိုင်ဆိုင်ရပေမယ့် ကို့ဘဝရဲ့ အချစ်ရဆုံးသူကို ဆုံးရှုံရတဲ့အရသာဟာ ချိုနေပေမယ့် ခါးသပ်သပ်နဲ့ပါ #Warwanarat အချစ်ဆိုတာ ချိုတာပဲဖြစ် ခါးတာပဲ ဖြစ်ဖြစ် အရသာစုံနေတာပဲ ဖြစ်ဖြစ် မြည်းစမ်းတဲ့သူရဲ့အကြိုက်ပေါ်မှာပဲ မူတည်နေတာမို့ ကျွန...