ကျွန်တော် ဘာကြောင့် သူ့ကို အသုံးချချင်ခဲ့လဲမေးရင် သူ့ရဲ့ဖြစ်တည်မှုကို ကျွန်တော်ကောင်မလေးက လက််မခံနိုင်တာကြောင့်သက်သက်ပါပဲ ဒါပေမယ့် သေချာတာကတော့ ကျွန်တော်ကိုယ်တိုင်ကလည်း သူနဲ့ အဲ့လိုနီးစပ်နေတာကိုက အသားကျနေမိတာလဲပါတယ် အခုဆိုရင် သူနဲ့အတူတူရှိတဲ့ အချိန်တိုင်းကို သူ့လက်ကို ကိုင်ထားတာ၊ ပုခုံးလေးပေါ်လက်တင်တာက အစ တခါတလေရင်ခွင်ထဲကိုမြုပ်နေအောင် ဖက်ထားလိုက််မိတာကအစ အကြောင်းပြချက်တွေ တခုမဟုတ်တခု ပေးနေရပေမယ့္ သူ့ဘက်ကလဲ မငြင်းခဲ့သလို ကျွန်တော့ကလည်း အသားကျသွားပီလေ တခါတလေ ကျွန်တော်တို့နှစ်ယောက်ကို ချစ်သူတွေလားမေးကြတဲ့ အထိကို ရင်းနှီးလာကြတယ်
သူ့အဖေကလည်း ပင်စင်ယူပီးတဲ့နောက်ပိုင်းအိမ်ကို အဝင်အထွက်ပိုများလာတယ် အိမ်မှာလဲ သူတို့လာဖို့ ချက်ကြပြုတ်ကြနဲ့ မိသားစုတွေကြနေရောပဲ အရင်တုန်းက သူက အဖွားနဲ့ စကားပြောဖို့ လာတတ်ပေမယ့် အခုတော့ သူအပါအဝင် သူ့မိသားစုပါ ပုံမှန်လိုဝင်ထွက်နေကြတယ် တခုတော့ရှိတယ်ဗျ သူက သာမန်မဟုတ်ဘူးဆိုတာတော့ ကျွန်တော့ မိသားစုတွေ မသိကြဘူး သိလာခဲ့ရင်အခြေအနေတခုခုများ ပြောင်းလဲလေမလား စိတ်ပူမိတယ်
Y'Mom: သားရေထတော့ ခဏနေ Phiတို့ လာတော့မယ်
Yin: အမေ Phi ပြန်လာပီလား မနေ့ကမှ သွားတာလေ
YMom : သားအကိုမဟုတ်ဘူး သားWar ကိုပြောတာ
Yin : သားက သွားကြိုမလို့ သူကလာတောင် လာတော့မယ်ပေါ့
Y'Mom: သားတို့ သွားဖို့ ရှိလို့လား အမေက ဒီမှာ မုန့်လုပ်မလို့
Yin: အမေတို့လူကြီးတွေပဲ စားကြပါ သားတို့လူငယ်တွေက အေးဆေးနေပီးမှ ပြန်လာမယ်နော် ပိးတော့စားပါ့မယ်
Y'Mom: သားတို့အခြေနေကရော ဘယ်လိုရှိလဲ
Yin: အမေတခုခုများသိထားလို့လား
Y'Mom: သိထားတာမျိုးတော့ မရှိပါဘူး ဒါပေမယ့် အမေရိပ်မိနေတာမျိုးပါ သူပုံစံလေးကို အမေက လက်ခံနိုင်ပေမယ့် သားအဖွားနဲ့ အဖေက လက်ခံနိုင်ပါ့မလား စိတ်ပူမိတယ်
YOU ARE READING
အချစ်ဟု ခေါ်တွင်မည်
Fanfictionအရာအားလုံးပြည့်စုံနေတဲ့ ဘဝကို ပိုင်ဆိုင်ရပေမယ့် ကို့ဘဝရဲ့ အချစ်ရဆုံးသူကို ဆုံးရှုံရတဲ့အရသာဟာ ချိုနေပေမယ့် ခါးသပ်သပ်နဲ့ပါ #Warwanarat အချစ်ဆိုတာ ချိုတာပဲဖြစ် ခါးတာပဲ ဖြစ်ဖြစ် အရသာစုံနေတာပဲ ဖြစ်ဖြစ် မြည်းစမ်းတဲ့သူရဲ့အကြိုက်ပေါ်မှာပဲ မူတည်နေတာမို့ ကျွန...