Yin: ရတယ်လေ မလုပ်နဲ့ဆိုတော့လည်း မလုပ်ရုံပေါ့ ဒါပေမယ့် Phi ပြောတဲ့ထဲမှာ ဒါတော့မပါဘူး မလား
*နမ်း
ဆိုပီး သူ့နှုတ်ခမ်းနဲ့ ကျွန်တော့်နှုတ်ခမ်းနဲ့ကို တေ့ပီး နမ်းလာတယ် ကျွန်တော့်ရဲ့လက်တစ်ဖက်ကို သူ့လက်နဲ့ချုပ်ထားပီး နောက်လက်တဖက်က ကျွန်တော့်ခေါင်းကိုချုပ်ထားတယ် ကျွန်တော့်နောက်လက်တဖက်နဲ့ ထုရိုက်ပီးရုန်းလေ သူက
ပိုချုပ်လေမို့ ခဏအကြာထိ ငြိမ်ပေးလိုက်ရတယ်သူနမ်းချင်သလောက် ကြမ်းတမ်းစွာ နမ်းပီးတော့မှ နှုတ်ခမ်းသားလေးကို အသာလေးပီးလွှတ်ပေးတယ် အဲ့တော့မှ အသက်ကိုမနည်းရှုရတယ် အမောတကောကိုဖြစ်လို့ ကျွန်တော်တို့နမ်းနေတုန်းက site ထဲကလူတွေက အော်နေကြ ဟစ်ကြ စကြနဲ့ သူကတော့ ဂုဏ်ယူနေတဲ့ပုံပဲ ကမ္ဘာကြီးတခုလုံးကို အပိုင်စားရထားတဲ့ရုပ်နဲ့ သူက အားလုံးကိုလိုက်ပြုံးပြနေတယ်လေ လက်တောင်လှမ်းပြလိုက်သေးတယ်
ကျွန်တော်လဲ စိတ်တိုလို့ သူ့ရင်ဘတ်ကိုစောင့်တွန်းပြီးကားပေါ်တက်ထိုင်နေလိုက်တယ် သူလဲအနောက်ကပါလာပီး ကားပေါ်တတ်လိုက်တယ်
War: မင်းဘာလုပ်တာလဲ
Yin: Prom တို့ဆိုင်ကိုသွားမယ်လေ နေ့လည်စာ စားဖို့
War: ငါပြောတာအဲ့ဒါမဟုတ်ဘူး
Yin: ဘာလဲ
War: မင်းဘာလို့လာနမ်းတာလဲ လူတွေအများကြီးရှေ့မှာ
Yin: ဘာလဲ နမ်းလို့မရဘူးလား အခုမှနမ်းဖူးတာလဲမဟုတ်ဘူးဗျာ
War: ဒါပေမယ့် အဲ့လိုလုပ်သင့်လား မင်းကိုအဲ့လိုတွေလုပ်တာမကြိုက်ဘူးပြောထားတယ်လေကွာ
Yin: တော်ပီကွာ နော် ဘာကိုကောက်နေမှန်းမသိပေမယ့် ပြေငြိမ်းရအောင်ကွာနော်
War: ဘာကိုကောက်ရမှာလဲ ကောက်ရအောင် ငါကမိန်းကလေးလား
Yin: Phi ဟုတ်ပါပီ ကျွန်တော်ပဲ မှားတယ် ဟုတ်ပီလား
ကျွန်တော့လက်ကို ကိုင်လာတယ် သူကိုင်လာတဲ့လက်က ပိုပိုပီးတင်းကြပ်လာပီးမှ ဖြေလျော့လိုက်တယ် သူတော်တော် စိတ်လျော့ထားရပုံရတယ်
![](https://img.wattpad.com/cover/273561563-288-k659938.jpg)
YOU ARE READING
အချစ်ဟု ခေါ်တွင်မည်
Fanfictionအရာအားလုံးပြည့်စုံနေတဲ့ ဘဝကို ပိုင်ဆိုင်ရပေမယ့် ကို့ဘဝရဲ့ အချစ်ရဆုံးသူကို ဆုံးရှုံရတဲ့အရသာဟာ ချိုနေပေမယ့် ခါးသပ်သပ်နဲ့ပါ #Warwanarat အချစ်ဆိုတာ ချိုတာပဲဖြစ် ခါးတာပဲ ဖြစ်ဖြစ် အရသာစုံနေတာပဲ ဖြစ်ဖြစ် မြည်းစမ်းတဲ့သူရဲ့အကြိုက်ပေါ်မှာပဲ မူတည်နေတာမို့ ကျွန...