Part of My Life 26 War

193 21 7
                                    


အချိန်အတိုင်းတာတခုထိကြာအောင် ရှောင်ပုန်းနေရတာလဲ မောလှပါပီ

အခုကျွန်တော် ဂျပန်နိုင်ငံရဲ့ အနုပညာပြခန်းတခုမှာ အလုပ်လုပ်ရင်းအဲ့မှာပဲနေဖြစ်တယ် ၂နှစ်နီးပါးဆိုတော့ အရာအားလုံးက နေသားကြနေပီလေ အသားမကျသေးတာဆိုလို့ နှလုံးသားပဲရှိတယ် အဖေနဲ့အမေကို ဘန်ကောက်က အဖိုးအိမ်မှာ နေခဲ့ကြတယ် ကျွန်တော်လဲ စိတ်ချလက်ချနဲ့ ထွက်လာဖြစ်ခဲ့တယ်

သူ့အဖေရဲ့စကားတခွန်းက ကျွန်တော့ရင်ကို နာကျင်စေတယ် ထွက်သွားပေးပါတဲ့လေ လွယ်လိုက်တာဗျာ ကျွန်တော် အချစ်ဆိုတာကို လက်မခံဖို့အကြိမ်ကြိမ် ကြိုးစားခဲ့ပေမယ့် အချစ်စစ်လို့ခံစားမိနေကာမှ လွဲရပြန်သတဲ့

Beverက အစကတော့ ကျွန်တော်နဲ့အဂ်လန်မှာနေရင်းကျောင်းတက်တယ် ပီးတော့ အချိန်ပိုင်းအလုပ်လုပ်ရင်း Wind ဆိုတဲ့ကောင်လေးနဲ့တွေ့တယ် သူတို့နှစ်ယောက်ရဲ့လိုက်ဖက္မှုနဲ့ချစ်တတ်မှုကတော့ ဩချလောက်ပါပေတယ် Windက ကနေဒါမှာ အလုပ်ရှိတယ် အဂ်လန်ကိုလာလည်ရင်းနဲ့ တွေ့ကြတယ်ဆိုပါတော့လေ သူတို့ ကနေဒါပြောင်းသွားပီး ကျနော်ကတော့ ဒီမှာပဲကျန်နေခဲ့ရတယ် အဲ့ဒါနဲ့ကျနော်လဲ တယောက်ထဲနေရတာအထီးကျန်လာခဲ့တယ် ၁နှစ်ကျော်ကျော်အလုပ်လုပ်ရင်း ဂျပန်ကိုပြောင်းဖို့ အစီအစဥ်ဖြစ်လာတာနဲ့ အခုတော့ဂျပန်မှာ အခြေကျနေပီလေ သူတို့ကအခုတော့သားလေးမွေးလိုက်ပီပြောတယ်

လွန်ခဲ့တဲ့၆လလောက်က P'Ome (Bonအမ) ရောက်ချလာတယ် အဖေတို့လိပ်စာပေးလို့တဲ့ သူ လက်ထပ်ပီး ဟန်းနီးမွန်းထွက်လာခဲ့ပုံရတယ် ဘဝကထင်မထားလောက်အောင်ကို ကမောက်ကမပါပဲ ကျနော်ပြောတဲ့ကမောက်ကမက ဘာလဲသိလား သူက PJaiiနဲ့ လက်ထပ်လိုက်တယ်တဲ့လေ
ရောက်လာတော့ စကားတွေအများကြီးပဲ ပြောဖြစ်ခဲ့ကြတာပေါ့

PJaii: ကို့အဖေက မင်းကိုတောင်းပန်ချင်နေခဲ့တာပါ တကယ်က အဖေက ငါ့ကြောင့် Bonသေရတယ်ဆိုပီး မင်းကိုလဲ အားနာ အချစ်ကိုကစားစရာထင်တဲ့ သူ့သားကိုလဲ ပညာပေးချင်တာကြောင့် မင်းနဲ့သူနဲ့ကို ခွဲနေဖို့ပြောခဲ့တာပါ Yinကိုအဲ့လောက်ထိ ချစ်တတ်သွားလိမ့်မယ်လို့လုံးဝမထင်ထားခဲ့ကြဘူး သူအရမ်းလည်းရင့်ကျက်လာခဲ့တယ်လေ ပီးတော မင်းမိဘတွေက အရင်အိမ်မှာလဲမနေကြတော့ဘူးဆိုတော့ဘယ်မှာရှာရမှန်းမသိ ဖြစ်နေခဲ့ကြတာ

Has llegado al final de las partes publicadas.

⏰ Última actualización: Nov 06, 2022 ⏰

¡Añade esta historia a tu biblioteca para recibir notificaciones sobre nuevas partes!

အချစ်ဟု ခေါ်တွင်မည်Donde viven las historias. Descúbrelo ahora