Part of My Life 2

145 12 0
                                    

Thinking about Us

           လွန်ခဲ့တဲ့ တနှစ်ကျော်လောက်ကတည်းက ကျွန်တော့်ကို Mr Wong အကူညီတောင်းလို့ အဖေ့ခွင့်ပြုချက်နဲ့ Hotel design ဆွဲပေးဖြစ်ခဲ့တယ် အဆောက်အဦ စလုပ်ကတည်းက တာဝန်ကြေအောင် အကောင်းဆုံးလည်းလုပ် ပေးဖြစ်ခဲ့တယ် သိမ်ငယ်တတ်တဲ့ အားငယ်စိတ်ကို အလုပ်ပေါ်ကြိုးစားအားထုတ်ဖြစ်ခဲ့တယ် သူ(Bon)မရှိရင်မဖြစ်ဘူးဆိုတဲ့စိတ်ကို တဖြေးဖြေးလျော့နည်းသွားရအောင်ပေါ့လေ
           Mr Wong မှာ သားနှစ်ယောက်ရှိတာ သိပီးသားဖြစ်ကြမှာပါ။ တယောက်နဲ့မှကို မရင်းနှီးပေမယ့် သူ့အဖွားရဲ့ ပြောစကားတွေကြောင့် သူတို့အကြောင်းတွေ အကျွမ်းတဝင်ရှိနေတာတော့ အမှန်ပဲ အဘွားနဲ့က တပါတ်ကို တရက်လောက်ကို ပုံမှန်စကားပြောြဖစ်ကြတယ်လေ အဲ့ထဲမှာမှ အထူးသဖြင့် Yin ဆိုတဲ့ ကောင်လေး သူ့အ​ကြောင်းတော့မပါမဖြစ်ဘဲ ....

          Yinက အရမ်းချောတာ ပီးတော့ အရမ်းတော်တာ အရမ်းစမတ်ကျတယ် အရမ်း.... အရမ်းပေါင်းသောင်းခြောက်ထောင် နေအောင်ကို ကြားရတာ တွေ့ခဲ့ရင်တော့ ဘယ်လိုနေမလဲပဲ.... သူKhon Kean ကိုပြန်ရောက်နေတာ ကြာပီဆိုပေမယ့် တခါမှ သေသေချာချာကို မတွေ့ဖူးသေးဘူး တွေ့တဲ့အခါမှပဲ အဖွားပြောတာ ဟုတ်မဟုတ် သိရမှာပဲ ဒီလိုနဲ့....

           PJaiiရဲ့ တရားဝင် မိတ်ဆက်ပွဲမှာ P'Jaii ရဲ့ ဖိတ်မှုနဲ့ စိတ်လေးပင်စွာ ခမ်းနားလှပတဲ့ ပွဲကိုရောက်လာခဲ့ရတယ် ကျွန်တော်လူတမျိုး လူအုပ်ကြား ကင်မရာကြားဆိုမနေတတ်ဘူး သိကြတဲ့အတိုင်း လာတဲ့သူတွေကလည်း အနုပညာအသိုင်းနဲ့ မီဒီယာ အဝန်းအဝိုင်းက လူတွေ ထုတ်လုပ်ရေးကုမ္ပဏီက လူတွေ စပွန်ဆာတွေနဲ့ သူ့ဖန်တွေပေါ့ အားလုံးက ၀တ်စားထားကြတာ ပျံလန်နေတာပဲ ကိုယ့်ဟာကိုတောင်သိမ်ငယ်မိတယ်

           အဲ့ထဲမှာမှ လူငယ်လေးတယောက် သူက ယောကျားပီသပီး အရပ်လည်း ရှည်၊ ရုပ်ကလည်းတော်တော်ချောတာဗျ P'jaii နဲ့လဲခပ်ဆင်ဆင်ဆိုတော့ ဒါက Yin ပဲဖြစ်ရမယ် သူ့အကိုထက်တောင်ချောနေသေးရော အဖွားပြောထားတာက အပိုတွေတော့ မဟုတ်ဘူးပဲ... ဘေးက အရမ်းလှတဲ့ မိန်းကလေးကလည်း လက်ကိုဆွဲလို့ သေချာပါတယ် ချစ်သူတွေပဲနေမှာ
အဝေးကပဲ လှမ်းကြည့်မိတယ် သူတို့အခြေနေလေးကိုပေါ့ ပီးတော့ ကျွန်တော့အနားကိုလာပီး မိတ်ဆက်ကြတယ်

Yin: ကျွန်တော်က Yinပါ P'jaii.ရဲ့ ညီလေ
ဆိုပီး လက်ကို ကမ်းပေးတယ် မငြင်းချင်တာနဲ့ပဲ ပြန်ကမ်းခဲ့တယ် ဆက်ပီးပြောတာက

Yin: သူက GiGi (LM ထဲက Ploy ရဲ့ နာမည်အရင်းပါ)တဲ့ ကျွန်တော့် ကောင်မလေး လေ ပီးတော့ ဒါက ကျွန်တော့ သူငယ်ချင်း Porm နဲ့ Ben အချစ်ဆုံးသူငယ်ချင်းတွေထဲက သူတွေလေ

War: တွေ့ရတာ ဝမ်းသာပါတယ်နော် ကျွန်တော်က War Wanarat ပါ Yinတို့ ဆောက်လက်စ site မှာ အကိုကအပြင်ဒီဇိုင်းဆွဲပေးနေတယ်လေ

Yin'gf: လက်က ဘယ်တော့လွှတ်မှာလဲ တော်တော်ကြာပီထင်တယ်နော် 😏😏😏

ပြောမှပဲ အသိဝင်ပီး လွှတ်လိုက််မိတယ် ကိုင်ထားတာတော်တော်ကြာနေပီထင်တယ် သူအဲ့လိုပြောလိုက် မှ ရှက်ရှက်နဲ့ အားလုံးကိုနှုတ်ဆက်ပီး ထွက်လာမိတယ် ဒီမှာကျွန်တော်နဲ့ဆိုင်တာ ဘာမှမရှိလို့ "ပြန်လိုက်တာပဲကောင်းပါတယ်" လို့တွေးပီး အိမ်ကိုပဲ တန်းပြန်လာမိတယ် ဘာအတွေးမှမတွေးမိဘဲနဲ့ပေါ့

အဆင်ပြေကြရဲ့လားရှင့်

အချစ်ဟု ခေါ်တွင်မည်Where stories live. Discover now