Part of My Life 13 Yin

132 13 1
                                    

မနက္မိုးလင်းပီဆိုတာနဲ့ ဖုန်းကို ကိုင်ပီး ကြည့်တတ်တဲ့ အကျင့်တောင်ပါနေပီ Message ကိုစစ်ပီးတာနဲ့ မနေ့က သူနဲ့ပြောတဲ့စကားတွေကိုပြန်ဖတ်ပီး ပြုံးနေတတ်ပီ GiGi နဲ့တွဲတုန်းကတောင် အဲ့လောက္မပြုံးရီမိဘူး ထင်တာပဲ
***အာာ ငါဘာတွေတွေးနေတာလဲ

ထုံးစံလိုဖြစ်နေတဲ့ အကျင့်တခုက မနက််မိုးလင်းတာနဲ့ သူ့ဆီစာပို့တတ်နေတယ် သူ့ကိုနိုးပီလား ကျွန်တော်ကတော့ နိုးနေပီ ဘာစားမလဲ ဘာညာပေါ့ ရီရတယ်နော် rsတွေရဲ့ အကျင့်တခုလားပဲ
အခုလဲ သူ့ဆီစာပို့လိုက်တယ်

Yin--Phi နိုးပီလား ကျွန်တော်နိုးပီ ဘယ်အချိန်လာကြိုရမလဲ

10mins later

War--အင်း နိုးပီ

PH calling 📲📲📲

Yin: နိုးပီလား

War: နိုးပီ အခုပဲ မင်းရော နိုးတာကြာပီလား

Yin: ကြာသေးဘူး အခုလေးတင်ပဲ နိုးနိုးချင်းစာပို့လိုက်တာ အိမ်ကို လာကြတော့မှာလား

War: မလာဖြစ်လောက်ဘူးထင်တယ် ဘုန်းဘုန်းကျောင်းမှာပဲတွေ့ကြမယ်လို့ ချိန်းနေတာကြားလိုက်တယ်

Yin: ဒါဆို လာကြိုမယ်လေ အိမ်ကို
မနက်စာကို Promတို့ဆိုင်မှာပဲ စားကြမလား

War: စားမယ်လေ ရောက်ခါနီးရင် ဖုန်းဆက်လိုက် ဒါပဲ

Yin: အင်း ဒါပဲ
ဆိုပီး ဖုန်းချလိုက်တယ် သူက မိန်းကလေးမဟုတ်လို့လားပဲ ဖုန်းကို အရင်ချလိုက်လို့ စိတ်ကောက််မှာလဲမကြောက်ရ ချိန်းထားရင်လဲ နောက််မကျတတ် shoppingထွက်ရင်လဲ အကြာကြီးမစောင့်ပေးရဘူး အလှပြင်ဆိုင် မိတ်ကပ်ဆိုင်တွေမှာလဲ အချိန်ကုန်မှာတော့ စိုးရိမ်စရာမရှိဘူးဗျ

အိမ်ရှေ့ကိုရောက်တော့ ဟွန်းအသည်းအသံတီးနေပေမယ့် ထွက္မလာဘူး  ဖုန်းတောက်လျှောက်လှမ်းခေါ်တော့လဲ မကိုင်ပြန်ဘူး ဘာလုပ်နေလို့လဲကွာ လို့တွေးပီးအိမ်ထဲဝင်လာလိုက်တယ်
*** ဒီလောက်ခေါ်မကြား အော်မကြား ဘာများဖြစ်နေလို့ပါလိမ့်
စိတ်အရမ်းကြီးမပူပေမယ့် နည်းနည်းတော့ပူမိတယ်
ခြံဝင်းရှေ့မှာ ကားကိုရပ်ထားခဲ့ပီး ခြံထဲကို လမ်းလျှောက်ဝင်လာခဲ့တယ် အိမ်ရှေ့ရောက်တော့ 'အား' ဆိုတဲ့အသံကြားလို့ ဧည့်ခန်းထဲအပြေးဝင်မိတယ် ဘာများဖြစ်လို့ပါလိမ့်...

အချစ်ဟု ခေါ်တွင်မည်Where stories live. Discover now