Part of My life 24 War

133 15 4
                                    

အလုပ်တောင်မသွားနိုင်ဘဲ ချစ်ရသူနဲ့ အတူတူရှိနေမိတယ် အလုပ်မှမဟုတ်ဘူး ကျွန်တော်အခု လက်ရှိနေနေတဲ့ condoရဲ့ အပြင်တောင်မရောက်နိုင်ခဲ့ဘူး
အရမ်းလဲ ချစ်ရသလို အရမ်းလဲ တန်ဖိုးထားမိသူလေးနဲ့အတူတူရှိနေမှဖြစ်မှာမလား  အချိန်တိုင်းဟာ ရက်ရာဇာပဲ ဒါပေမယ့် ပြဿဒါးနေ့ဆိုတာ ရောက်မလာခင်ထိပေါ့လေ...

Anan Wong....
မင်း ဒါဘာလုပ်တာလဲ
ခွပ်.....

သူ့အဖေရဲ့ လုပ်ရပ်ကိုကြည့်ပီး အံ့ဩနေတဲ့အချိန် သူ့ဆီက အသံကြားတော့မှ ကျွန်တော်လဲ အသိပြန်ဝင်လာတယ်

Yin: အဖေ....

ညိုမဲသွားတဲ့မျက်နှာကိုကြည့်ရင်း သူ့အဖေလက်ကိုလှမ်းဆွဲမိတယ်

War: ဦး ကျွန်တော် တောင်းပန်ပါတယ်

Y'Dad: မလိုဘူး မင်း ဖယ်....

ကျွန်တော့်ကိုစောင့်တွန်းလိုက်တဲ့ တွန်းချက်ကြောင့် နံရံနဲ့ ကျောနဲ့ ကပ်သွားတယ်
ကျွန်တော့်အဖြစ်ကိုမြင်တော့ သူ့မျက်လုံးကအရောင်ပြောင်းသွားတယ် အသနားခံတဲ့အကြည့်ကနေ ဒေါသမျက်လုံးတွေအဖြစ်ပေါ့လေ....

Yin: အဖေ ....

Y'Dad: ဘာလဲ ....

Yin: ထိုးလို့ အားမရရင် ကျွန်တော့်ကိုသတ်ပလိုက် ဒါပေမယ့် P'Warကို မထိနဲ့

ငိုသံတွေရော ရင်ခုံသံတွေပါပေါင်းပီး သူ့အဖေ့ကို သူက ပြန်ပြောလာတယ် ကျွန်တော့လက္မှာ လဲ ဘယ်တော့မှ လွှတ်မပေးတော့ဘူဆိုတဲ့ အားတခုနဲ့ ဖမ်းစုပ်ထားတဲ့သူ့ရဲ့လက်ကလေး

Y'Dad: ဘာကွ ... ဟ ငါ မင်းကို ယုံကြည်ခဲ့တာတွေ အားလုံးက အလကားပဲ

Yin: တောင်းပန်ပါတယ်အဖေ အဖေမျှော်လင့်သလိုဖြစ်မလာခဲ့လို့

သူ့ရဲ့မျက်ရည်တွေကို ဒါပထမဦးဆုံးမြင်ဖူးခဲ့တာပဲ သူ့ကောင်မလေးနဲ့ပျက်သွားတုန်းကတောင် မမြင်ခဲ့ရဘူး အဲ့လိုမြင်တော့ ကျွန်တော်က ငိုရမလား ပျော်ရမလားပဲ

Y'Dad: ငါမျှော်လင့်တယ်ဆိုတာ ဘယ်လိုမျိုးလဲ

Yin: ပုံစံမှန်တဲ့ဘဝမျိုးလေ
အေး မင်းသိရဲ့နဲ့ ဘာလို့ ဒီလိုမျိုးလုပ်ရတာလဲ
မင်းအကိုထက် မင်းကိုပိုပီး အားကိုးခဲ့ အလေးထားခဲ့တာတွေ အားလုံးကို မင်းက အလွဲသုံးစားလုပ်ခဲ့တာပေါ့လေ
ပီးတော့ မင်း

အချစ်ဟု ခေါ်တွင်မည်Tempat cerita menjadi hidup. Temukan sekarang