Intro Part 2 for War Wanarat

316 18 4
                                        


          ဝမ်းသာ ဝမ်းနည်းမှုတွေ ပျော်ရွှင် ကြေကွဲမှုတွေ အနိမ့်အမြင့် အတက္အကျတွေက တလှည့်စီ ဖြစ်တာမျိုးကို ဘဝလို့ခေါ်ကြတာမလား။ တခါတလေ မကောင်းတာချည်းဖြစ်ပီး ကောင်းတာတွေ ရှားပါးနေတတ်မျိုးလဲ ရှိနေတတ်တာမျိုးမလား။ စိတ်ခံစားမှုအပေါ်မူတည်ပီး အရာရာ ဖြည့်စီးနိုင်စွမ်းရှိတာမို့ ကျွန်တော် ဒီနေ့ ပျော်ရွှင်မနေဘူး

           ဪကျွန်တော် ကားမောင်းနေတာဗျ (ကားမောင်းတဲ့လူပဲ ဖြစ်ဖြစ် ကားလိုက်စိ်းတဲ့သူပဲဖြစ်ဖြစ် ခါးပတ်လေးတော့ ပတ်ကြနော် လုံြခုုံတာပေါ့) ဒီနေ့က ကျွန်တော်နဲ့ Bon တို့ ချစ်သူဖြစ်တာ ၆နှစ်ပြည့် အဲ့တော့ ကျွန်တော် သူရှိတဲ့ Khon Kean ကိုသွားနေတာဗျ။ သူ့ဆီကို လာမယ့်အကြောင်း ဖုန်းကြိုဆက်ထားတာမရှိပေမယ့် တယောက်ယောက်သာ ပြောပြထားရင် သူလဲ သိနေနှင့်မှာပါ ဒါမှမဟုတ် သူစိတ်ထဲမှာများ ကျွန်တော်လာမှာ သိနေလေမလားပေါ့နော်

          မိုင်တိုင်အမှတ်တွေ တဖြည်းဖြည်းများလာလေ ဦးတည်ရမယ့်ခရီးက ပိုနီးလေလေပဲ။ သူနဲ့တွေ့ရတော့မှာမို့ ရင်ခုန်နေတယ်ထင်ပါရဲ့။ Bangkok မှာအလုပ်ရှိလို့သာ လာခဲ့ရပေမယ့် မွေးရပ်မြေဆိုတော့ လွမ်းစိတ်ကမပြေဘူးရယ်။ ဒီမှာမွေး ဒီမှာကြီးတဲ့ ကျွန်တော့အဖို့ တန်ဖိုးရှိတဲ့ အမှတ်တရတွေများတဲ့ နယ်မြို့လေးပေါ့။ အဲ့အမှတ်တရထဲမှာ Bon ကိုပါ ထည့်ပေါင်းပေးပါဦး

Welcome to my home...

ကမ္ဘာမှာ အလှဆုံးအမျိုးသမီးက ကျွန်တော့ကို အချိုသာဆုံးအပြုံးနဲ့ ပြုံးပြနေလေရဲ့ ြခံတခါးလေးကို လာဖွင့်ပေးရင်းပေါ့။ ကားကို ပါကင်ထိုးနေတုန်း

Mom: Wananarat ဒီနေ့လိုနေ့မျိုးမှပဲတွေ့ရတော့တယ်နော်
*စိတ်ဆိုးတယ်မမြည်တဲ့ အသံလေးနဲ့ ဆူနေလေရဲ့
War: အမေရယ် သားက ဟိုမှာ အလုပ်တွေ လက်စသတ်နေလို့ရယ်ပါ ပီိးပီးချင်းအမေ့ဆီတန်းပြန်လာတာ အမေ့ကို လွမ်းနေခဲ့တာလေ
*အားအားရှိ ခဲျွလို့ရတဲ့ ရင်ခွင်လေးထဲ ခေါင်းတိုးရင်းပြောလိုက််မိတယ်
Mom: အထဲမှာ အဖေရှိတယ် သားလာမယ်ဆိုလို့ စောင့်နေတယ် သားနဲ့ တိုင်ပင် ချင်တာလဲရှိတယ်တဲ့ ဟိတ် ခြေလက်အရင်သွားဆေး ပီးမှ အဖေ့ဆီသွား အဖေဧည့်သည်နဲ့ စကားပြောနေတယ်
War: ဟုတ်ကဲ့ပါ အမေ
ကား​ေပါ်က အထုတ်တွေကို ချရင်း အမေ့ပါးလေးကို တချက်နမ်းရှိုက္မိတယ်
Mom: လူဆိုးလေး
အမေက ပြုံးပြုံးကြီး ကျန်ခဲ့တယ် ကျွန်တော်က အိမ်ဝမှာ ရပ်နေတဲ့ အိမ်အကူ လူကြီးတယောက်ကို အထုတ်တွေပေးပီး အိမ်ထဲဝင်ခဲ့တယ်

အိမ်ထဲဝင်ပီးခြေလက်ဆေးပီးလို့ ထွက်လာတော့  Bangkokပါတဲ့ အဖေအတွက် လက်ဆောင်လေးယူခဲ့ပီး ဧည့်ခန်းမှာ ထိုင်နေတဲ့ အဖေနဲ့ဧည့်သည်ကို နှုတ်ဆက်လိုက်တယ်

War: မဂ်လာပါအဖေ မဂ်လာပါဦးလေး
Dad: သား...  လာထိုင် အခုပဲ သားအကြောင်း ပြောနေတာ သားရဲ့ အလုပ်နဲ့ပတ်သက်ပီးတော့ပေါ့လေ သားက Archi နဲ့ပီးတဲ့အကြောင်း Bangkok မှာ အလုပ်လုပ်တဲ့အကြောင်းကို
Mr. Wong ကို ပြောပြနေတာ
Mr: တွေ့ရတာ ဝမ်းသာတယ်နော်သား
ဦးက အဲ့လို အရေချင်းရှိပီး ကြိုးစားချင်တဲ့ကလေးဆို သိပ်သဘောကျတာ ဦိးလည်း သားလေးနှစ်ယောက်ရှိပါတယ် တယောက်က model နောက်တယောက်က ပညာသင်ပီး ပြန်လာကတည်းက စားလိုက်အိပ်လိုက်ပဲ
Dad: လူငယ်တွေက ဒီလိုပါပဲဗျာ
War: အဖေ သားကို ခေါ်တယ်ဆို ခိုင်းစရာရှိလို့လား
Dad: လုပ်ရမှာက ဒီဦးလေးရဲ့ အလုပ်ကို ကူပေးရမှာ သူက မြို့စွန်နားက ကမ်းဘက်အခြမ်းကို မျက်နှာမူပီး Hotel ဆောက်ချင်လို့တဲ့သားရဲ့ သား အဆင်ပြေရင် hotel အတွက် Designဆွဲပေးလို့ရမလား သားအဆင်ပြေရဲ့လား
War: ဟုတ်ကဲ့ ကျွန်တော်ကလည်း Bongkok က ကိစ္စတွေ ပီးလို့ ဒီမှာ နားမယ်တွေးထားတာ အတော်ပဲ သားမပျင်းရတော့ဘူးပေါ့
Mr: ကျေးဇူးတင်လိုက်တာသားရယ် ကူညီပါဦး
War: ဟုတ်ကဲ့ သွားနားလိုက်ပါဦးမယ်

ကဲ အဆင်ပြေကြရဲ့လား ငယ်တို့ရေ

အချစ်ဟု ခေါ်တွင်မည်Donde viven las historias. Descúbrelo ahora