ကျွန်တော် PJaii ပွဲပီးတော့ သူငယ်ချင်းတွေနဲ့ ထက်သောက်ရင်း ညကPorm ဆိုင်မှာပဲ အိပ်ဖြစ်တယ် အရက်နာ ကျလို့လားပဲ မနည်းခေါင်းထောင်ရတယ် သူ့ဆိုင်က အအေးမှာသောက်နေတုန်းဆိုင်အပေါ်ထပ်ကနေ အပြစ်ကင်းစင်လွန်းပီး ပြောစရာမရှိအောင် ကျော့ရှင်းနေတဲ့ကောင်လေးကို ကော်ဖီဆိုင်ထဲ ၀င်လာတာ လှန်းတွေ့လိုက်တယ်
သူနဲ့ လိုက်ဖက်လွန်းတဲ့ မျက််မှန်လေးကတော့ လက္်ထဲမပါမဖြစ် သူ့ကိုကြည့်လိုက်တိုင်း အေးချမ်းလွန်းလို့ သူ့ကိုပဲ ကြည့်ချင်နေမိတာ သူသိရင်ကောင်းမယ် ပိုရင်းနှီးရလေအောင် ဆိုပိ်း အောက်ဆင်းပီးသွားတွေ့ခဲ့ပေမယ့် မှန်းချက်နဲ့ နှမ်းထွက်က မကိုက်လေတော့ ဘုနဲ့ဘောက်တွေဖြစ်ကုန်တာ တော်သေးတယ် ကျွန်တော့ကောင်မလေးရောက်လာလို့ မရောက်လာရင် ဘာဖြစ်မလဲပဲ ကျွန်တော်သူ့အကြောင်းအကုန်သိတယ် သူတို့မြို့ကကျဥ်းကျဥ်းလေး တခုခုဆို အကုန်သိနေတာ သူ့အကြောင်းတွေ ရှာစရာကိုမလိုဘူး သူက Gay ဆိုတာရော သူ့ကောင်လေးက မကြာခင်ကဒီမှာနေပီးဆုံးခဲ့တဲ့အကြောင်း သူက သူ့ကောင်လေးကို အရမ်းချစ်ကြောင်းတွေပေါ့ကော်ဖီဆိုင်မှာထိုင်နေတုန်းက သန့်စင်ခန်းဆိုပီးထွက်သွားတာ ပြန်မလာဘူး ဘာတွေလုပ်နေတာလဲ ကျွန်တော့မှာကောင်မလေးရဲ့ မျက်နှာ ချောချောလေးကို ဆူပုတ်နေလို့ သူ့ကို လိုက််မရှာရဲဘူး နဂိုထဲကမှ သဝန်တိုတတ်တဲ့ကလေးမလေးလေ ချစ်တော့လဲ မငြိုငြင်စေချင်ဘူး
ကျွန်တော်တို့ နောက်ဆုံးကော်ဖီဆိုင်မှာတွေ့ခဲ့ပီးကတည်းက သူနဲ့မတွေ့ဖြစ်ဘူး ကျွန်တော်ကိုယ်တိုင်ကလည်း သူငယ်ချင်းတွေနဲ့လည်လိုက် ကောင်မလေးကို အကြိုပို့လုပ်ပေးလိုက်နဲ့ မအားတာလဲပါတယ် သူကလည်း ကျွန်တော်နဲ့ တွေ့ရင်ရှောင်နေတာ ဘာလို့လဲကိုမသိဘူး
အခုတွေ့တော့လဲ ကျွန်တော့ သူ့ကို စကားကောင်းကောင်းပြောချင်ပေမယ့် လျစ်လျူရှုပြန်ပီလေ ကျွန်တော့က ဘယ်သူ့ကိုမှ စနောက်ခဲ့တာမရှိဘူး သူနဲ့မှ စချင်နောက်ချင်နေပြန်ရော ဒါကိုသူကကြိုက်ဘူးထင်ပါရဲ့ အခုလဲသူ့ကိုနှုတ်ဆက်တဲ့ပွဲတဲ့ ဘယ်သူက ထွက်ခိုင်းလို့လဲ

YOU ARE READING
အချစ်ဟု ခေါ်တွင်မည်
Fanfictionအရာအားလုံးပြည့်စုံနေတဲ့ ဘဝကို ပိုင်ဆိုင်ရပေမယ့် ကို့ဘဝရဲ့ အချစ်ရဆုံးသူကို ဆုံးရှုံရတဲ့အရသာဟာ ချိုနေပေမယ့် ခါးသပ်သပ်နဲ့ပါ #Warwanarat အချစ်ဆိုတာ ချိုတာပဲဖြစ် ခါးတာပဲ ဖြစ်ဖြစ် အရသာစုံနေတာပဲ ဖြစ်ဖြစ် မြည်းစမ်းတဲ့သူရဲ့အကြိုက်ပေါ်မှာပဲ မူတည်နေတာမို့ ကျွန...