Part of my life 12 War

137 15 3
                                    


Yin ကျေးဇူးနဲ့ Bonဆီကို ဒီတခေါက်တော့ ရောက်ခဲ့ရပီ Bon ရဲ့ တနှစ်ပြည့်က Yinနဲ့ စကားများခဲ့လို့ မရောက်ဖြစ်ပေမယ့် အခုတော့ သူကပဲ လိုက်ပို့ပေးလာတယ်လေ
ကျွန်တော့်အဖေက သူ့မိသားစုကို ကျွန်တော့ဖြစ်တည်မှုဖြစ်တဲ့ Gay ဖြစ်ကြောင်းကို မပြောဖို့တောင်းဆိုခဲ့တယ် အင်းပေါ့လေ အဖေလဲ ရှက္မှာပေါ့ ကျွန်တော်လဲ လိုက််မပြောချင်ပါဘူး ရှက်တာမျိုးတော့မဟုတ်ပေမယ့် လူတေွ လက်ညှိုးထိုးတာမျိုးတော့ မလိုချင်ဘူး ဒါပေမယ့် Yinက အစကတည်းကသိနေတာပဲဆိုတော့ သိပ်တော့ ကိစ္စမရှိဘူးထင်တာပဲ

Bon ဆီရောက်တော့ တင်းထားတဲ့စိတ်ကြောင့် မငိုတော့ဘူး လို့ တွေးထားပေမယ့် မျက်ရည်ကတော့ ကျြမဲပါပဲ

War: Bon မင်းဆီကို မလာတာကြာပီဆိုတော့ မင်းငါ့ကို စိတ်ဆိုးမယ်ဆိုတာ ငါနားလည်ပါတယ် ငါလဲ စိတ်သစ်လူသစ်ဖြစ်အောင် တော်တော်ကြီးကြိုးစားနေရတယ် တကယ်ပါ မင်းမရှိတော့ ငါ့ဘဝကြီးအစိတ်စိတ်အမွှာမွှာပါပဲကွာ ရူးပီတောင်ထင်ခဲ့တာ အလုပ်သစ်ရတော့မင်းကို သတိရပေမယ့် ငါမလာနိုင်ဖြစ်သွားခဲ့တာပါ ငါပြောမယ့်စကားကို သေချာနားထောင်ပေးနော် ငါလေ မင်းက လဲြပီးမချစ်နိုင်တော့ဘူးလို့ ထင်ထားပေမယ့် သူနဲ့တွေ့တော့ ရင်တွေခုန်မိတယ် သူနဲ့တွေ့တိုင်းလဲ မင်းနဲ့တုန်းကလိုပဲ သူ့ကိုပြုံးပီးကြည့်နေမိတယ် အစကတော့ သူက ငါ Gayတယောက်ဆိုတော့ မနှစ်သက်ဘူးတဲ့လေ ဒါပေမယ့် အခုတလောတော့ ငါ့ကို တောက်တဲ့လိုကပ်နေပီး ငါ့ကိုပဲ မှီတွယ်နေပြန်ရော သူ့ရဲ့ခံစားချက်သာ အစစ်အမှန်ဆိုရင် ငါလက်ခံလိုက်ရမလား အဲ့လိုဆိုရင် ငါက သူ့ကိုသာချစ်မိရင် မကောင်းတဲ့လူဖြစ်သွားမှာလား မင်းကိုရော သစ္စာဖောက်သလိုဖြစ်မှာလား Bon ငါဘာလုပ်သင့်လဲ ငါဘာတွေစဥ်းစားသင့်လဲ ကဲကွာ မင်းအတွက်ဝယ်လာတာလေးတွေ ယူလိုက်ဦး...
ဆိုပီး သူ့ဓါတ်ပုံရှေ့ချထားပေးလိုက်တယ်....
ရင်ထဲမှာ သူကိုပြောချင်တာတွေ အားလုံးပြောပီးတော့ ထွက်လာခဲ့တယ် ကျွန်တော် Bonနဲ့စကားပြောနေတာ တော်တော်တောင် ကြာနေပီပဲ

ခြေလက်တွေဆေးပီး ဟိုတယောက် ဘယ်သွားပါလိမ့် ဆိုပီးလိုက်ရှာနေတာ ကားပါကင်ဘက်ရောက်တော့ သူက ကား​ေပါ်မှာ အိပ်ပျော်နေတာကို တွေ့လိုက်တယ် မျက််မှောင်ကြုတ်ပီး ခက်ထန်တတ်တဲ့ကောင်းလေးက အခုတော့လဲ ကလေးလေးလိုပါပဲလား အ ြမဲတမ်း အကြီးဂိုက်ဖမ်းနေပေမယ့်လဲလေ သူ့မျက်နှာလေးကိုသဘောကျလို့ ဖုန်းလေးထုတ်ပီး ဓာတ်ပံုရိုက်လိုက််မိတယ် ဖုန်းထဲမှာလဲ ချောမောနေပြန်ရော ငါ့ကို ဘာကြောင့်ဖမ်းစားနေတာလဲကွာ....
ကျွန်တော်ကားပေါ်တက်ပီး တံခါးဆောင့်ပိတ်လိုက်တော့ နိုးသွားတယ် ကိစ္စတွေ ပီးပီလားတဲ့ ကျေရော ကျေနပ်ရဲ့လားတဲ့လေ မေးပုံကိုက ကျွန်တော်လဲ မျက်လုံးတွေ မိှတ်သွားပီး ပါးစပ်တွေ အကုန်ပေါ်လာတဲ့အထိ ရွဲ့ရီပြလိုက်ပီး ခါးပတ်ကိုပတ်လိုက်တယ်

အချစ်ဟု ခေါ်တွင်မည်Where stories live. Discover now