Part of My life 21 Yin

157 12 6
                                    

ကျွန်တော် သူ့ကို ချစ်မိသွားပီလား

ကျွန်တော် အရမ်းချစ်ခဲ့ရတဲ့ မိန်းကလေးတယောက်ကို ကျွန်တော့်အကို လက်ထဲထည့်လိုက်
လို့ ရင်နာရတာဖြစ်သင့်ကောင်းဖြစ်သင့်နိုင်ပါတယ် ဒါပေမယ့် အဲ့ဒီထက် သူနဲ့ မရီးတော်ရမှာ အမျိုးတော်ရမှာ ပိုပီးနည်းနည်းတော့တမျိုးကြီးပဲ

Prom ကပြောတယ် ကျွန်တော်က P'Warကို ချစ်နေပီတဲ့လေရူးနေလားတော့မသိဘူး ကျွန်တော်က မိန်းကလေးတွေမှ ရူးသွပ်တာ သူတို့ရဲ့အလှတရားလောက် ကျွန်တော့် ကမ္ဘာကို သာယာအောင် လုပ်ပေးနိုင်တဲ့လူရှိဦးမလား

ကျွန်တော့်အထင် P'Warအပေါ်အရမ်းအလေးထားမိလို့နေမှာပါ P'Warက ချောတယ် အဲ့ဒီထက် ချစ်စရာကောင်းတယ် သူ့ပုံစံကတည်ကြည်တယ် တခါတလေမှာ ရွှတ်ရွှတ်နောက်နောက်နဲ့ပျော်တတ်တယ် ပီးတော့ တယောက်ထဲရှိနေရင်တော့ ခြသေ့်ပဲ ကျွန်တော်နဲ့ဆို ကြောင်ခဲျွလေးကိုဖြစ်နေရော ကျွန်တော်နဲ့ခင်သွားတော့လည်း ညီလေးတယောက်လိုပဲ ဂရုစိုက်ပေးတယ် တွဲကြတဲ့တချိန်လုံးလဲ အရမ်းဂရုတစိုက်ရှိပေးတယ် ဟူး ဒါပေမယ့် သူသာ မိန်းကလေးဖြစ်ရင်ဘယ်လောက်ကောင်းလိုက််မလဲဆိုတဲ့အတွေးကတော့ ခဏခဏပါပဲ

မူးအောင်သောက္မယ်ကွာ ဒီညတော့ စိတ်ထဲမှာ အားလုံးကို ရှင်းထုတ်မယ် ပီးတော့မနက်ဖြန် PWarနဲ့လည်း ဖြေရှင်းရဦးမယ်
ကျွန်တော်သာ သူ့ကို ချစ်မယ်ဆိုရင် ရမလား?
P'Warကို Bever တွဲမြင်ရတိုင်း ကျွန်တော့်ရင်တွေ တဆစ်ဆစ်နဲ့နာရတယ် ရူးမတတ်လဲ စိတ်ရှုပ်မိတယ် တကယ်တော့ ဒီလိုအခြေနေမျိုးဆိုတာ ချစ်ရသူကို သဝန်တိုတာ ကိုယ်ချစ်တဲ့သူတွေနဲ့အတူတူရီမောတာကို မနာလိုဖြစ်တဲ့ခံစားချက္မျိုးမလား ဒါဆို ဘာလို့ ကျွန်တော် ဖြစ်နေရတာလဲ အရာအားလုံးလက်ခံနိုင်ပေမယ့် PWarရဲ့ လစ်လျူရှုမှုကိုတော့ မခံနိုင်ဘူး သူကအေးစက်စက်ကြီး နေပြရင်တောင် ရူးမလိုဖြစ်နေပီ
အခုလဲကျွန်တော့်ကားနဲ့မလှမ်းမကမ်းက အိမ်ကြီးရဲ့ ခြံဝင်းမှာ နှစ်ယောက်သားထိုင်နေကြတာ မသိရင် အချစ်ငှက်လေးနှစ်ကောင်လိုပဲ

ကျွန်တော်ဘယ်လောက္ပဲမူးနေနေ ဒီလိုအခြေနေမျိုးကို မြင်တဲ့မြင်ကွင်းကတော့ ပျောက်ပျက််မသွားဘူး ဖောက်ပြန်နေတဲ့ချစ်သူကို မြင်လိုက်ရသလိုမျိုးပေါ့ ရင်ထဲမှာ တဆစ်ဆစ်နဲ့ နာတယ်ထပ်သောက်ပီးရင်းကိုသောက်ချင်နေမိတော့တာပဲသိတယ်  ဒါမှလဲ မေ့နိုင်မယ်မလား

အချစ်ဟု ခေါ်တွင်မည်Donde viven las historias. Descúbrelo ahora