Part of My Life 3

160 15 2
                                    

Thinking about us 2

နောက်တနေ့ မနက်ရောက်တော့ ရုံးကို သွားဖို့ စောနေသေးတာနဲ့ ထိုင်နေကြဖြစ်တဲ့ကော်ဖီဆိုင်ကိုရောက်နေတယ် သိတတ်စအရွယ်ထဲက ထိုင်နေကြဆိုင်ဆိုလဲမမှားဘူး ကျွန်တော်တို့နှစ်ယောက်ရဲ့ ခိုနားရာလို့ပြောလို့ရတယ် အဲ့ဆိုင်ရဲ့ မုန့်တွေ ကော်ဖီတွေရဲ့ အရသာထက် ဆိုင်ရဲ့ နွေးထွေးမှု ခင်းကျင်းမှုကြောင့်ဆိုပိုမှန်မယ် ကျွန်တော် အ ြမဲထိုင်ဖစ်တဲ့ ထိုင်ခုံလေးမှာပဲ ထိုင်နေလိုက်တယ် အနားမှာ ဘယ်သူမှမရှိတော့ ခဏစောင့်နေလိုက်တယ် ပီးတော့ waiter လေးတ​ေယာက်လာတော့ အကို ထုံးစံအတိုင်းပဲလားတဲ့
ကျွန်တော်လဲ ရီပီး ခေါင်းညိတ်လိုက်တယ် ပီးတော့ ခဏအကြာမှာ မုန့်ရယ် ကော်ဖီရယ် လာချပေးလို့ ငွေရှင်းပေးလိုက်တယ်ဒီဆိုင်ကို ပိုင်ရှင်တွေ ဝန်ထမ်းတွေသာပြောင်းသွားတယ် ကျွန်တော်တို့နှစ်ယောက်ကတော့ မပြောင်းလဲခဲ့ဘူး ဒါပေမယ့် သူဆုံးသွားကတည်းက ကျွန်တော်ပဲ ကျန်ခဲ့ရတာပေါ့လေ အခုတောင် ဆိုင်ရှင်ပြောင်းတယ်ကြားတယ် ဘယ်လိုလူဖြစ်မလဲတော့မသိဘူး အတွေးတွေနစ်မြောစွာနဲ့သောက်နေတုန်းဆိုင်ရဲ့ အပေါ်ထပ်ကနေဆင်းလာတဲ့ လူတယောက်ကို တွေ့လိုက်တယ် အိပ်ချင်မူးတူး ပေကျံနေတဲ့ ပုံဖြစ်နေပေမယ့်လဲ မျက်နှာက အချောမပြတ်ဘူး သေချာကြည့်လိုက်တော့မှ Yin , Yin ပဲ သူဘယ်အချိန်ကတည်းကရောက်နေပါလိမ့်
သူလဲကျွန်တော့ကိုတွေ့သွားတော့

Yin: Nong က ဒီမှာလာသောက်တာလား

War: ဟင် အင်း

Yin: ဪ ညကများသွားလို့လားပဲ ခေါင်းတွေတအားကိုက်လို့ အအေးလာသောက်တာ Nong ရော ပီးတော့ ကို က ဒီဇာတိမဟုတ်ဘူး အဲ့ဒါကြောင့် ကို့ ကို နေရာတွေ လိုက်ပြပေးဦးနော်

War: ကျွန်တော်က ခင်ဗျားထက်ကြီးမယ်ထင်တယ် ကျွန်တော့ကို Phi လို့ မခေါ်ချင်ရင်တောင် Nong လို့တော့မခေါ်နဲ့ မကြိုက်ဘူး နာမည်ပဲ ဖြစ်ဖြစ်ခေါ်ချင်ခေါ်ပါ

Yin: Nongနဲ့ တူလို့ Nong လို့ခေါ်တာလေ မှန်ထဲလဲပြန်ကြည့်ဦး ကျွန်တော့်ထက်ကြီးပါတယ်လို့ ပြောရင် ဘယ်သူက ယုံမှာလဲ မခေါ်ပါဘူး Nong က Nong ပဲပေါ့ နော် Nong

အချစ်ဟု ခေါ်တွင်မည်Where stories live. Discover now