နေ့လည် ၂နာရီတောင်ရှိပီမို့ ကားလေးမောင်းပီးထွက်လာခဲ့တယ် ဝမ်းနည်းမှုတွေ နောင်တတွေ တပွေ့တပိုက်ကြီးနဲ့ပေါ့လေ
ကျောင်းဝင်းနားရောက်တော့ လူတွေရဲ့ လှုပ်ရှားမှု အသီးသီးကို မြင်နေရတယ်။ လူတွေရဲ့ အနားကို တဖြေးဖြေးချင်းကပ်ရင်း ပါးစပ်ကနေတတွတ်တွတ်မှာနေတဲ့ Bon ရဲ့ အမေကို တွေ့လိုက်တယ် သူ့အဖေက သူ့အမေကို ထွေးပွေ့ထားလို့ သူတို့နှစ်ယောက်ကိုမြင်တော့ လက်အုပ်ချီပီး နှုတ်ဆက်လိုက်တယ်"အမေ မဂ်လာပါ အဖေ မဂ်လာပါ'' ဆိုတော့ အသံလာရာ ကျွန်တော့ဘက်ကို လှည့်ကြည့်ကြတယ်။ Bonအမေက ''သား''လို့ခေါ်ပီး ငိုပါလေရော အဖေကပါ ငိုနေတော့ ကျွန်တော်လဲ မျက်ရည်အဆယ်နိုင်တော့ဘူး အမေ့ကို ဖက်ပီး ငိုကြတယ် အဲ့အချိန်မှာပဲ Bon ရဲ့အမရောက်လာပီး ''ဟိုမှာ လူစုံနေပီအမေတဲ့''
အခမ်းနားလုပ်ထားတဲ့ အဆောင်ထဲ ဖြေးဖြေးချင်းဝင်သွားတော့ပန်းတွေ ဝေဆာနေအောင်ထိုးထားတဲ့ ပန်းအိုးတွေ အမွှေးနံ့သာတွေ အဆောင်အယောင်တွေနဲ့ ဘုန်းဘုန်းတွေကတော့ အရှေ့မှာထိုင်လို့ ကျွန်တော်က Bon အမေ့ကို တွဲပီး ခန်းမထဲဝင်လာတော့ Bon အမက နေရာချပေးတယ် ပီးတော့ ကျွန်တော့အရှေ့မှာ ရေစက်ခွက်လေးလည်း ချပေးခဲ့သေးတယ် (ဟုတ်ပါတယ် ခန့်မှန်းတာမှန်ပါတယ် ဒီနေ့ Bonဆုံးတာ ၇ရက်ပြည့်လို့ အလှူလာလုပ်ပေးကြတာ တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့မှာမှ ကျွန်တော်တို့ anniဖြစ်ရသလားဗျာ)
တရားနာပီးလို့ အားလုံး အသီးသီးပြန်ကုန်ကြပေမယ့် Bonတို့မိသားစုက ကျွန်တော့ကို ဧည့်ခံစကားပြောပေးနေကြတယ်
B'Sis: Nong ဘယ်တုန်းက ပြန်ရောက်တာလဲ
War: မနက်ကပဲရောက်တာပါ Phi
B'Mom:သားလဲ ပင်ပန်းနေရောပေါ့ပြန်ချင်ပြန်လေ သား အမေတို့က သားတယောက်လုံးဆုံးရှုံးထားတဲ့သူပါ နောက်ထပ်သားတယောက်တော့ ထပ်မဆုံးရှုံးချင်ဘူး ဂရုစိုက်ပီးနေနော်သားလေး သားကိုပါ ထပ်ပီး.....😭😭😭
B'Dad: သားကို ထပ်ပီးစိတ်ဆင်းရဲရအောင်ကွာ တော်ပါတော့မေကြီးရယ် ဒါနဲ့သားရောဘယ်တော့ပြန်မလဲ

YOU ARE READING
အချစ်ဟု ခေါ်တွင်မည်
Fanfictionအရာအားလုံးပြည့်စုံနေတဲ့ ဘဝကို ပိုင်ဆိုင်ရပေမယ့် ကို့ဘဝရဲ့ အချစ်ရဆုံးသူကို ဆုံးရှုံရတဲ့အရသာဟာ ချိုနေပေမယ့် ခါးသပ်သပ်နဲ့ပါ #Warwanarat အချစ်ဆိုတာ ချိုတာပဲဖြစ် ခါးတာပဲ ဖြစ်ဖြစ် အရသာစုံနေတာပဲ ဖြစ်ဖြစ် မြည်းစမ်းတဲ့သူရဲ့အကြိုက်ပေါ်မှာပဲ မူတည်နေတာမို့ ကျွန...