Part Of My Life 7

134 14 2
                                    

Prom နဲ့အတူတူ Bon ဆီကို သွားမယ်လုပ်တုန်း ဆိုင်ကနေ သူ့ဖုန်းလာတယ်ဆိုလို့ ဆိုင်ပဲ ဝင်လာခဲ့ရတယ် Prom ကတော်တော် ရွှတ်ရွှတ်နောက် နောက်ပြောတတ်တယ် ကျွန်တော်တို့အများဆုံးပြောတဲ့အကြောင်းက Benz အကြောင်းပေါ့ Benz ဘယ်လောက်လွဲတတ်ကြောင်း တခုခုဆို အ ြမဲလွဲလိုက်ရမှ လက်ထဲမှာ ရှိတဲ့ပစ္စည်းကို ပျောက်လို့လိုက်ရှာရတာ အခါခါဆိုတဲ့အကြောင်းတွေ ပြောရင်း ရီနေကြတယ် သူ Benz အပေါ် ဘယ်လောက်မြတ်နိုးလဲ အတိုင်းသားမြင်နေရတယ် သူ့မျက်လံုးထဲမှာ အချစ်အရိပ်အရောင်တွေက အတိုင်းသားပါပဲ

နားမလည်တတ်တာက ဟိုတယောက်.. ကျွန်တော်က သူ့အတွက်တော့ ရီစရာ ဟာသအရုပ်တရုပ်လိုပဲ စချင်တိုင်းစ နေရော ပိုင်စိုးပိုင်နင်းကလည်း လုပ်သေးတယ် သူ့မှာ ကျွန်တော်နဲ့ရှိရင် သူ့ကောင်မလေးဆီက မေးခွန်းပေါင်းများကို ဒိုင်ခံဖြေနေရတာ မသိတာမှတ်လို့ ကျွန်တော်သူနဲ့ဝေးဝေးရှောင်တာပဲကောင်းပါတယ် သူ့ကိုယ်တိုင်လဲ Gay တွေကို မနှစ်သက်ဘူးမလား

War: Yin ငါပြန်မယ် ငါ့ကို ပြန်ပို့ပေးပါ....
အခုရောက်နေတာက မြစ်ကမ်းဝမှာ siteနဲ့ မနီးမဝေးတနေရာပေါ့လေ

Yin: မေးနေတာ မပီးသေးဘူးလေ

War: မင်းနဲ့ ဘာဆိုင်လို့ ငါကဖြေရမှာလဲ ငါ့ကို လာစစ်ဆေးမနေနဲ့ ငါမကြိုက်ဘူး

Yin: ခင်ဗျားမကြိုက်လဲ ကျွန်တော်ကတော့ မေးရမှာဘဲ ကျွန်တော်သိချင်တယ် လူတိုင်းနဲ့ဆို ပြုံးရွှင်နေတတ်တဲ့ ခင္ဗျားက ကျွန်တော်နဲ့ဆို ဘာလို့ ဒီလိုဖြစ်နေရတာလဲ

War: မင်းအဓိ္ပ္ပါယ်မရှိတာတွေ မမေးနဲ့ ငါ့ကို အိမ်ပြန်ပို့ပေး

Yin: Phi ပြောတော့ ကျွန်တော့ကို ခင်တယ်ဆို

ပါးစပ်ကပြောရုံတင်မကဘူး လက်ကပါလှမ်းဆဲွသေးတာ ကိစ္စတခုခုဆို လက်ပါ ပါတတ်တဲ့အကျင့်က ဘာလို့မှန်းကို မသိဘူး

War: မင်း လက်ကို အရင်လွှတ်ပေး

Yin: မေးတာအရင်ဖြေ

War: ငါ့ချစ်သူနဲ့ သွားတွေ့မလို့ အဲ့ဒါ Prom ကလိုက္မယ်ဆိုလို့

အချစ်ဟု ခေါ်တွင်မည်Where stories live. Discover now