Site ကို သွားဖို့ တက်ကြွနေတာ ၈နာရိတောင်မထိုးသေးဘူး သွားဖို့ အဆင်သင့်ဖြစ်နေပီလေ "ဒီနေ့တော့ မိုးကြီးမယ့်ပုံပဲဟေ့'' ဆိုတဲ့ အမေ့အသံကြောင့် ကျွန်တော့်မှာ ရှက်သွားရတယ် "အမေရယ် သားက နိုင်ငံခြားမှာ အလုပ်လုပ်ပီးကျောင်းတက်ခဲ့တာပါ အစောကြီးထတာကတော့ အေးဆေးပါ''လို့ ပြန်ချေပလိုက်တယ် အမေက ''မုန်တိုင်းကမပီးသေးလို့ မိုးကြီးမယ်ပြောတာပါသားရယ်'' ဆိုတော့ အားလုံးက ဝိုင်းရီကြပါလေရော ကျွန်တော်မှာ ရှက်ရှက်နဲ့ ကော်ဖီဆိုင်ကို ထွက်လာခဲ့ရတယ်
Prom တို့ဆိုင်ကိုရောက်တော့ သကောင့်သားက မရှိဘူး အပြင်သွားတယ်ဆိုပဲ ဖုန်းဆက်ကြည့်တော့ Benz တို့ဆိုင်ကိုရောက်နေတယ်တဲ့ အစောကြီး ဒီကောင်တွေဘာတွေလုပ်နေကြတာပါလိမ့် ဒီအချိန်ရုံးသွားရင် ငါ့ကို ဝိုင်းကြည့်နေဦးမယ် ဟိုအသေးလေးကတော့ သတိတောင်ထားမိမှာမဟုတ်ဘူး မနက်စာ အိမ်ကစား မလာရတော့ ဗိုက်ကစာနေပီရယ်
မနက်စာမှာစားပီး Site ထဲကို ရောက်တော့ အသေးလေးက ဒီနေ့သူ့အလုပ်မရှိလို့ မလာဘူးတဲ့ ကံဆိုးတဲ့နေ့လားကွာ အလုပ်မှာ တနေကုန် စိတ်ကမပါတော့ဘူး လုပ်လိုက်တိုင်းက အလွဲလွဲအချော်ချော်တွေချည်းပဲ ဘာဖြစ်နေတာလဲ... တခုခုလိုနေတာတော့အမှန်ပဲ
နေ့လည်ထမင်းစားချိန်လဲ စိတ်မပါတော့ ငုတ်တုတ်ပဲထိုင်နေလိုက်တယ် နာရီကြည့်တဲ့အလုပ်ပဲ ထိုင်လုပ်နေလိုက်တော့တယ် ညနေ၄နာရီထိုးပီဆိုတော့ Prom တို့ဆီထပ်သွားလိုက်တယ် အနီးဆုံးက သူတို့ဆိုင်မလား Benz ကိုလဲခေါ်လိုက်တယ် ညအဆင်ပြေရင် ကစ်မယ်လေ😜😜😜ဆိုင်တံခါးကို ဖွင့်လိုက်တော့ ရီသံသဲ့သဲ့ကြားနေရတယ် ဆိုင်မှာ လူသိပ်မများတော့ အသံလာရာ ကိုရှာရလွယ်တယ်လေ Promအသံ ပဲ ဒါနဲ့ ဘယ်သူနဲ့ပြောနေတာပါလိမ့် ....
ဟင် Wanarat....Yin: ခင်ဗျားဒီကိုဘယ်တုန်းကရောက်နေတာလဲ
War: ဘာကို ဘယ်တုန်းကရောက်ရမှာလဲ
Prom: Yin ဟျောင့် ထိုင်လေ
Yin: မထိုင်ဘူး ငါထိုင်ဖို့လာတာမဟုတ်ဘူး
Prom: ဟျောင့်ဘာဖြစ်နေတာလဲ
Yin: မေးနေတာ အဖက်လုပ်ဦးလေ
War: ဘာလဲ
Yin: လာလိုက်ခဲ့....
ကျွန်တော်လဲ ဘယ်အရာက ဒေါသထွက်စေတာလဲစဥ်စားမရသေးသလို သူ့ကိုဆွဲခေါ်လာမိတာကိုလဲ နောင်တနည်းနည်းတောင်မရသေးဘူး
ကျွန်တော်ကသာ ဘူနေတာ ဟိုမှာနှယောက်သား ရီနေလိုက်တာများ ဆိုင်မှာ ဖွင့်ထားတဲ့ သီချင်းကိုတောင်ဖုံးတယ် ဘယ်အရာတွေကများ စိတ်ဝင်စားဖို့ကောင်းနေတာပါလိမ့် ကားဆီ အကြမ်းပတမ်းဆွဲလာခဲ့တယ်War: ဟျောင့် မင်းရူးနေလား ဒါဘာလုပ်တာလဲမင်းသူငယ်ချင်းရှေ့မှာ ငါ့ကိုသတ်သတ်အရှက်ခွဲတာပဲ
Yin: မဟုတ်ဘူး အဲ့လိုမျိုးမဟုတ်ဘူး
War: ဘာလဲ ဒါဆို မင်းဒီလိုမလုပ်ပါနဲ့ ငါမကြိုက်ဘူး
စိတ်လျော့ချလိုက်ပီး သူ့မျက်လုံးတွေကို တည့်တည့်ကြည့်ပီးမေးလိုက်တယ်
Yin: Phi ဒီနေ့ ဘာလို့ site ထဲမလာတာလဲ...ပီးတော့ Prom နဲ့ အတူတူဘာလို့ရှိနေရတာလဲ
Phi လို့ခေါ်လိုက်လို့ထင်တယ် မျက်လုံးအဝိုင်းသားလေးနဲ့ လှမ်းကြည့်နေတယ်
War: Site ထဲမှာ ငါ့အလုပ်ဘာမှမရှိတော့ဘူးလေ လိုလဲမလိုတော့ဘူး
Yin: ဒါပေမယ့်
War: ဘာလဲ ငါ့အကူညီလိုသေးတယ်ပြောမလို့မလား ငါနားဦးမယ် ပီးရင်တော့ ငါပြန်လုပ်မှာပါ ငါ ငါ့ချစ်သူကို အချိန်ပေးရဦးမယ်
ဘာဆက်ပြောရမှန်းမသိအောင်ကို စကားတွေ ပျောက်ရှနေခဲ့တယ် ရင်ထဲမှာ စိတ်မကောင်းဖြစ်တာလား ဒါမှမဟုတ် ဝမ်းနည်းသွားတာလား
Yin: ကျွန်တော် ဘယ်ကို မောင်းပေးရမလဲ
War: အိမ်ပဲပြန်တော့မယ် မင်းကြောင့် ဘယ်မှသွားချင်စိတ်မရှိတော့ဘူး
မနေ့က P' War. ရဲ့ မွေးနေ့မှာ wish ပေးပီးကြပီလား
![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
![](https://img.wattpad.com/cover/273561563-288-k659938.jpg)
YOU ARE READING
အချစ်ဟု ခေါ်တွင်မည်
Fanfictionအရာအားလုံးပြည့်စုံနေတဲ့ ဘဝကို ပိုင်ဆိုင်ရပေမယ့် ကို့ဘဝရဲ့ အချစ်ရဆုံးသူကို ဆုံးရှုံရတဲ့အရသာဟာ ချိုနေပေမယ့် ခါးသပ်သပ်နဲ့ပါ #Warwanarat အချစ်ဆိုတာ ချိုတာပဲဖြစ် ခါးတာပဲ ဖြစ်ဖြစ် အရသာစုံနေတာပဲ ဖြစ်ဖြစ် မြည်းစမ်းတဲ့သူရဲ့အကြိုက်ပေါ်မှာပဲ မူတည်နေတာမို့ ကျွန...