Flash backဟိုနေ့ညက ကျွန်တော်ဆီကိုနံပါတ်အစိမ်းတခုဆီက Massage တစောင် ထူးထူးဆန်းဆန်းရောက်လာလို့ ကျွန်တော်ဖွင့်လိုက်မိ တော့ ကျွန်တော့ကောင်မလေးနဲ့ တခြားယောကျားလေးတယောက် ဖက်ထားတဲ့ပုံတွေ မျက်နှာသေချာမမြင်ရတော့ ***ဘယ်သူများပါလိမ့် အောက်မှာလဲ ဟိုတယ်လိပ်စာတခု
သူပို့ပေးတဲ့SMSမှာပါတဲ့ ဟိုတယ်အခန်းနံပါတ်ကို receptionမှာမေးပီး တက်လာခဲ့တယ် အခန်းတခုထဲကရီသံတချို့ထွက်လာတော့ အခန်းမှားနေတယ်ဆိုပီး ကျော်သွားပီးမှ ကျွန်တော်သွားရမယ့်အခန်းမှန်းသတိထားမိလာတယ် အခန်းထဲက မိန်းကလေးတယောက်ရဲ့ရီသံရယ် ကျွန်တော်ရင်းနှီးနေတဲ့အသံရယ် ပူးပေါင်းပီး ထွက်လာတော့မှ ကျွန်တော်ဘာပြောရမှန်းမသိ အခန်းထဲတိတ်တိတ်လေးဝင်ခဲ့တယ် ကျွန်တော့်ကိုချစ်ပါတယ်တဖွဖွပြောတတ်တဲ့ ကျွန်တော့်ကောင်မလေးရယ် ကျွန်တော်အားကျဂုဏ်ယူရတဲ့ ကျွန်တော်ချစ်ရတဲ့ ကျွန်တော့်အကိုရယ် အပေါ်ပိုင်းမှာ အဝတ်အစားမပါပေမယ့် စောင်တွေတော့အသီးသီးခြုံထားတယ် ကျွန်တော်လာမှာကိုပဲသိနေလို့လား ဒါမှမဟုတ် တမင်ပဲ ဖွင့်ထားတာလား ဘာအဓိပ္ပါယ်နဲ့ဒီလိုလုပ်လဲမသိပေမယ့် သေချာတာတော့ ကျွန်တော်မြင်အောင် တမင်လုပ်တယ်ဆိုတာပဲ
Yin: PJaii GiGi အဲ့ဒါက ဘာတွေလဲ
PJaii: Yin မင်းဒီကိုဘယ်လိုရောက်လာတာလဲ
Y'Gf: ဟင် Yin
Yin: သူနဲ့ကျွန်တော်နဲ့က ချစ်သူတွေလေ Phi
PJaii: မင်းတို့ကပျက်သွားပီဆို ဘာမှမပက်သတ်တော့ဘူးဆိုလို့လေ
Yin: ဘယ်တုန်းက ပြတ်သွားတာလဲ ကျွန်တော်လဲ မသိလိုက်ရပါလား
Y'Gf: မဟုတ်လို့လားYin ငါတို့သေချာမပြောဖြစ်ခဲ့တာပဲရှိတာလေ ပီးတော့နင် PWarနဲ့ကြိုက်နေတာ တမြို့လုံးသိတယ် P'War နဲ့ မပတ်သက်ဖို့ ငါတောင်းဆိုထားခဲ့တယ်လေ
Yin: ငါတို့ပြဿနာထဲ သူ့ကိုဘာမှစွဲထည့်စရာမလိုဘူး ငါတို့နဲ့ပဲဆိုင်တယ်
Y'Gf: ဘာကိုစွဲမထည့်ရမှာလဲ မဟုတ်လို့လား နင်ကဘာလို့သူ့ဘက်ကပါနေရတာလဲ

YOU ARE READING
အချစ်ဟု ခေါ်တွင်မည်
Fanfictionအရာအားလုံးပြည့်စုံနေတဲ့ ဘဝကို ပိုင်ဆိုင်ရပေမယ့် ကို့ဘဝရဲ့ အချစ်ရဆုံးသူကို ဆုံးရှုံရတဲ့အရသာဟာ ချိုနေပေမယ့် ခါးသပ်သပ်နဲ့ပါ #Warwanarat အချစ်ဆိုတာ ချိုတာပဲဖြစ် ခါးတာပဲ ဖြစ်ဖြစ် အရသာစုံနေတာပဲ ဖြစ်ဖြစ် မြည်းစမ်းတဲ့သူရဲ့အကြိုက်ပေါ်မှာပဲ မူတည်နေတာမို့ ကျွန...