Part of My life 1

199 18 2
                                    

ကျွန်တော်ပြန်ရောက်နေတာ တနှစ်ကျော်ပီ အလုပ်လဲ ဘာတခုမှ မရေရာသေးဘူး  သူငယ်ချင်းတွေနဲ့ Bar သွားလိုက်နဲ့ ချစ်ရသူလေးနဲ့ အချိန်ကုန်လိုက်နဲ့ အလုပ်ရှုပ်နေလို့ အဖေကတောင် အမြင်တော်တော်ကပ်နေပီ  ဘယ်နေ့ဆဲမလဲပဲစောင့်နေရတယ်😬😬😬ကျောင်းကို ဟိုတယ် စီမံခန့်ခွဲရေးနဲ့ ပီးထားတော့ တခြားလဲမလုပ်ချင်ဘူးလေ

ဒီနေ့က hotelကလည်း အပြင်ပိုင်း လက်စသတ်တဲ့နေ့ အဖေကလည်း ဆူနေတာမို့ site ကိုပဲ ဦးတည်သွားလိုက်တယ် ယောင်ရဦးမယ် ဟူး း
ကျစ်ကန်ကန်နဲ့ Archi လေးနဲ့လည်း ဒီနေ့နောက်ဆုံးတွေ့ရမှာ နောက်ထပ် မစရမှာဆိုတော့ ပျင်းတော့ ပျင်းမိသား ချစ်ဖို့ကောင်းတဲ့လူပဲဗျ ဘယ်လိုလေးမှန်းကိုမသိတာ
သူ့တွေးနေရင်းနဲ့ ဝင်လာပါပီ ကျွန်တော့်ရဲ့ မြင်ကွင်းကျယ်ထဲ မျက််မှန်နဲ့ safety shoe , safety helmet နဲ့ ဆိုဒ်ပြည့် ရှိုးအပြည့်နဲ့ အရပ်လေးနည်းနည်းပုတာလေးတခုပဲ ယောကျားလေးဖြစ်ပီး အဲ့လောက်ချစ်ဖို့ကောင်းစရာလိုလားဗျာ သေးသေးလေးရေ....

Site Manager: မဂ်လာပါ N'War
(အသံကြားတော့ အတွေးတွေခဏတာရပ်သွားတယ်)

War: မဂ်လာပါဗျာ မဂ်လာပါ ကျွန်တော်နောက်ကျသွားတယ်ထင်တယ် လူတောင်စုံနေပီလား 
(အားလုံးကို လှည့်နှုတ်ဆက်လာတယ်)

Yin: မဂ်လာပါ Nong နောက်ကျတယ်နော်

War: 🙏🙏🙏
( ကြည့် ကျွန်တော့ကိုကျ လက်အုပ်ပဲချီပီး နှုတ်ဆက်တယ် ပီးတော့ မသိချင်ယောင်ဆောင်နေပြန်ရော)

War: Phi ကျွန်တော်တို့ လိုတဲ့နေရာလေးစစ်ပီး ရုံးချုပ်ကို တင်ပြကြတာပေါ့ အဖွဲ့ကတခြားလူတွေနဲ့လဲ တိုင်ပင်ပီး လိုတာလေးပြင်ကြတာပေါ့ မနက်ဖြန်စာရင်း အားလုံး တင်နိုင်အောင် ကျွန်တော်တို့ကြိုးစားပေးပါ့မယ်

SM: ရတယ် ညီ အဆင်ပြေသလိုလုပ်ပေးပါ  ဒါနဲ့ မနက်ဖြန် တကယ် site ထဲမလာတော့ဘူးပေါ့

War: ကျွန်တော့အလုပ်က ပီးသလောက်ဖြစ်နေတော့ လာစရာမလိုတော့ဘူးလေ အတွင်းပိုင်းပြင်ဆင်ရုံပဲရှိတော့တာမလား ဦးက ကူညီပေးဖို့တော့ ပြောထားပေမယ် အတိအကျ တော့မဆုံးဖြတ်ရသေးဘူး

အချစ်ဟု ခေါ်တွင်မည်Where stories live. Discover now