ကျွန်တော် အမှားတွေ လုပ်နေမိခဲ့တယ်ဆိုတာ ဝန်ခံပါတယ် ပထမဆုံးအမှားက သူ့ကို အသုံးချခဲ့မိတာပဲ ဒါပေမယ့်သူ့ကိုတကယ်ချစ်မိသွားမယ်မထင်ခဲ့တာလဲပါ ပါတယ် အဲ့ထက်ဆိုးတာက သူ့ရဲ့အရာရာလို့ သတ်မှတ်ထားတဲ့ သူ့ ကောင်လေးကို ကားမတော်တဆဖြစ်အောင်လုပ်ခဲ့တဲ့သူက ကျွန်တော့်အကိုဖြစ်နေတာပဲ သူသိအောင်ပြောပြခဲ့သင့်တယ်ဆိုပေမယ့် သူသိရင်ကျွန်တော်ကိုမုန်းသွားမှာ ကျွန်တော့်အနားမှာမရှိတော့မှာသိလို့ ကျွန်တော်မပြောပြမိခဲ့တာပါ
ကျွန်တော်အတွေးတွေများလွန်းနေခဲ့ပေမယ့် အတတ်နိုင်ဆုံးတော့ ကျွန်တော့် ကွန်ဒိုကိုရောက်အောင်လာခဲ့တယ်... စိတ်ထဲမှာ ကြီးစိုးနေတဲ့ ကျွန်တော်မချစ်ဘူးလို့အတင်းငြင်းပေမယ့် မသိစိတ်က ရူးမတတ်ချစ်ရတဲ့ကောင်လေး ကျွန်တော့ကွန်ဒိုအောက္မှာ မတ်တပ်ရပ်နေတယ် သူဘာလုပ်နေတာပါလိမ့်
ကားကို အဆင်ပြေတဲ့နေရာမှာ အမြန်ဆုံးရပ်ပီး ကားပေါ်ကဆင်းပီး သူ့ဆီကို သွားနေတုန်း
"Phi"လို့ Bever ရဲ့P'Warကို ခေါ်သံကြောင့် ကျွန်တော့် ခြေသံတွေရပ်တန့်သွားရတယ် အော် သူတို့က အတူတူလာကြတာလား ဒီကို အခုလိုအတူတူလာစရာအကြောင်းရှိလို့လားကျွန်တော်သူတို့နောက်ကို မသိမသာလိုက်သွားမိတယ် ကျွန်တော့အခန်းက ၈လွှာမှာရှိပေမယ့် သူတို့က ၄လွှာကစားသောက်ဆိုင်တန်းလျားကို သွားတာ တွေ့လိုက်တယ် တခုခုလာစားကြတာထင်တယ် ရွေးချယ်မိတဲ့နေရာက ဒီနေရာတဲ့လား ကျွန်တော့်ကို သက်သက်ခံစားစေချင်တာလား ဒါမှမဟုတ် သူတို့အတွက် စားသောက်ဆိုင်တွေ ဒီလောက်တောင်ရှားနေလို့လားဗျာ
မတွေ့တာကြာပီဖြစ်တဲ့ ကျွန်တော့ကောင်လေးက ပိန်သွားလိုက်တာဗျာ ပါးရိုးလေးတွေကို ထင်းနေတာပဲ ဘယ်လောက်ပဲ ပြုံးနေနေ မျက်နှာငယ်လေး ဖြစ်နေတာက သိသာတယ် သူ့မှာ အဆင်မပြေတာ ဘာများရှိလို့လဲ ဧကန္တ ကျွန်တော်တို့ လမ်းခွဲခဲ့ကြလို့များလား ဟား ကျွန်တော်ကတော်တော်စိတ်ကူးယဉ်တဲ့ကောင်ပဲ
ဘာပဲဖြစ်ဖြစ် Bever ကို တခုတော့ကျေးဇူးတင်မိတယ် သူ့ကြောင့် Phi က အစားကောင်းကောင်းစားဖြစ်သလို လွမ်းနေခဲ့တဲ့ မျက်နှာလေး တွေ့လိုက်ရတယ်လေ မနာလိုတာလဲပါတာပေါ့ Phi ကျွန်တော်တို့ ပြန်ကြမလား... လို့ပြောတဲ့အရိပ်အယောင်ကို အဝေးကမြင်တော့ ပုန်းရပြန်ပီ ကျွန်တော့ကိုမြင်ရင် ပြုံးနေတဲ့အပြုံးလေးပျောက်သွားမှာ ကြောက္မိတယ်
![](https://img.wattpad.com/cover/273561563-288-k659938.jpg)
ESTÁS LEYENDO
အချစ်ဟု ခေါ်တွင်မည်
Fanficအရာအားလုံးပြည့်စုံနေတဲ့ ဘဝကို ပိုင်ဆိုင်ရပေမယ့် ကို့ဘဝရဲ့ အချစ်ရဆုံးသူကို ဆုံးရှုံရတဲ့အရသာဟာ ချိုနေပေမယ့် ခါးသပ်သပ်နဲ့ပါ #Warwanarat အချစ်ဆိုတာ ချိုတာပဲဖြစ် ခါးတာပဲ ဖြစ်ဖြစ် အရသာစုံနေတာပဲ ဖြစ်ဖြစ် မြည်းစမ်းတဲ့သူရဲ့အကြိုက်ပေါ်မှာပဲ မူတည်နေတာမို့ ကျွန...