Part Of My Life 15 Yin

135 13 1
                                    

Yin: လာထိုင်လေ ဘာရပ်ကြည့်နေတာလဲ

ဟိုကြည့်ဒီကြည့်လုပ်နေတဲ့တယောက်ကို လှမ်းခေါ်လိုက်တယ်

War: ဘာမှမဟုတ်ပါဘူး ဒီအတိုင်းပဲကြည့်တာပါ

Yin: ဘာလဲ ထူးဆန်းနေလို့လား

War: အင်း 😔😔😔

Yin: ကျွန်တော်တို့ တခုခုစားရင်းနဲ့မှ စကားအေးအေးပြောကြမယ်လေ ရေအရင်ချိုးလိုက်ဦးမယ် ပီးရင် တခုခုလုပ်ကျွေးမယ်

War: ငါဘာကူပေးရဦးမလဲ

Yin: ရေသွားချိုးမလို့ လာကူချိုးပေးပါလား

War: ရူးနေလား

ရှက်သွားတဲ့မျက်နှာလေးက အသည်းယားစရာလေး

စားသောက်ဖို့ ချက်ပြုတ်နေတုန်းလည်း အနားကနေ ကလေးကျနေတာပဲ ဟိုဟာ လာနှိုက်စားလိုက် ဒီဟာ လာနှိုက္မြည်းလိုက်နဲ့ ကျွန်တော့ထက်လေးနှစ်ကြီးတာရောဟုတ်ရဲ့လားလို့ အန်တီကို သေချာအောင်မေးကြည့်ရမယ်

မျက်နှာချင်းဆိုင်ထိုင်ပီး ထမင်းစားကြတယ်

Yin: မေးချင်တာ ရှိတယ်မလား
မယောင်မလည်နဲ့ ဟိုကြည့် ဒီကြည့်လုပ်နေတယ်

War: မရှိပါဘူး

Yin: phiရယ် Phiမျက်လုံးလေးတွေကြည့်တာနဲ့ ဘာပြောချင်မှန်းတန်းသိတယ် မေး ဘာမေးမှာလဲ

War: ဒီအိမ်က

Yin: အော် အင်း ကျွန်တော်ကျောင်းတက်အလုပ်လုပ်ရင်းနဲ့ ပိုက်ဆံစုဝယ်ထားတာ အစကတော့ သူနဲ့အတူတူနေကြမယ်လို့ ရည်စူးပီး ဝယ်ထားတာ ပြန်ရောက်ပီး သိပ်မကြာဘူး သူ့ပုံစံပြောင်းလဲလာတာနဲ့ ကျွန်တော်လဲ လမ်းခွဲဖို့စဥ်းစားခဲ့တာ သူကဒီအိမ်ကို ရှိမှန်းတောင်မသိဘူး ကျွန်တော် သူငယ်ချင်းတွေတော့ သိတယ်မရောက်ဖူးဘူး Phiကပထမဦးဆုံးရောက်ဖူးတဲ့ ဧည့်သည်ပဲ

War: အင်း... စားကောင်းသားပဲ မင်းက ဘယ်ဆိုးလို့လဲ ချက်တာတော်တယ်

ကြည့်စကားလမ်းကြောင်းထပ်လဲွှသွားပြန်ပီ ဘယ်ရမလဲ ဒီတခါတော့

Yin: တခြားဟာလဲတော်တယ် စမ်းကြည့်မလား...

ဆိုပီးစလိုက်တော့ ရှက်သွားတာများ မျက်နှာလေးကိုရဲနေတာပဲ....

အချစ်ဟု ခေါ်တွင်မည်Tahanan ng mga kuwento. Tumuklas ngayon