"ခရီးများအဆုံးထိ...လျှောက်"
အပိုင်း(၂)"ထည့်စားနော် အားမနာနဲ့ ငါရှင်းမှာ တစ်နေကုန်ကားစီးခဲ့ရတာ ဗိုက်ကတော်တော် ဆာနေပြီ ငါကတော့ ဆွဲပြီ"
ဒီမိုကတော့ ပြောပြောဆိုဆိုဖြင့် စားလိုက်တာ ရှင်စောတောင် ပါးစပ်ထဲ သုံးလေးလုတ်ပဲ ဝင်သေးတယ် သူက လိုက်ပွဲပါထပ်ယူနေပြီ။အမှန်ဆို ဒီကောင်လေးနဲ့ ဒီလို အပြင်အတူထွက် ရင်းနှီးဖြစ်ဖို့ကို ရှင်စော မလိုလားပါ။သို့ပေမဲ့ အားနာတက်လွန်းတဲ့ အကျင့်ဆိုးကြောင့် ဒီကောင်လေးနောက်ကို တကောက်ကောက် ပါလာရတာဖြစ်သည်။ကောင်လေးက ဆိုင်ကယ်လည်းမပါဘူး မရှိဘူးဆိုလေတာမလို့ နှစ်ယောက်သား အဆောင်အနီးက အန်တီမိုးဆိုင်သို့သာ ဝမ်းဗိုက်ဖြည့်တင်းဖို့ လမ်းလျှောက်ထွက်ခဲ့တော့သည်။
"မန်းဒေးကျ အတန်းတက်မှာ မှတ်လား ဘယ်အဆောင်မှာတက်ရမှာလဲ"
"ဗညားဦး လို့ပြောတာပဲ ဟိုရောက်မှာပဲ အခန်းရှာတော့မယ်လေ နင်ကရော"
ပြောပုံက နင်တစ်လုံး ငါတစ်လုံးနဲ့ နားထဲကို ကန့်လန့်ကြီး ဝင်ဝင်လာသည်။ကရင်လူမျိုးတွေရဲ့ စကားအသုံးအနှုန်းက အကျင့်ဖြစ်နေပုံရသည်။ဒါပေမဲ့လည်း ရောမရောက်ရောမလို့ ကျင့်မှပေါ့။စီနီယာတွေကို နင်တစ်လုံး ငါတစ်လုံး သုံးတာကြီးကတော့ သူတို့မော်လမြိုင်သားတွေအတွက် အနည်းငယ်ရင့်သီး ရိုင်းစိုင်းတဲ့ စကားအသုံး...
"ရာမည ၂ မှာ"
"အော်...."
ဒီမိုက အော် ဟု ရေရွတ်ကာ ထမင်းဆက်စားနေသည်။
ရှင်စောလည်း ထမင်းလုတ်ကို ပါးစပ်နားတေ့ပြီးကာမှ မစားဖြစ်ပဲ ပြန်ချကာ...."တစ်ခုပြောအုံးမယ်...."
"အင်း...ပြောလေ"
ထမင်းငုံ့စားနေရင်း မော့ကြည့်မလာပဲ ဒီမိုက ပြန်ပြောသည်။စကားပြောနေရင် တဖက်လူကို လေးစားသမှုနဲ့
အာရုံစိုက် နားထောင်ပေးရမယ်ဆိုတဲ့ အခြေခံ ယဉ်ကျေးမှုလေးကိုတောင် ဒီကောင် နားမလည်ဘူးလား။
ရှင်စော သက်ပြင်းကို အသာပင့်ရှိုက်ကာ...."အဲ့ဒီ နင်တွေငါတွေ ဆိုတာကို နောက်ထပ် မသုံးနဲ့တော့ကိုစောလို့ခေါ်ပြီး ကျွန်တော်လို့သုံးရင် ရပြီ"
YOU ARE READING
ခရီးများအဆုံးထိ...လျှောက်(Complete)
General Fictionကျွန်တော်က မေတ္တာငတ်ခဲ့တဲ့ကောင်ပါ တစ်ဖဲ့တစ်ဝက် ဂရုဏာဆိုရင်တောင်မှ ခင်ဗျားစွန့်ကြဲတာမလို့ တန်ဖိုးကြီးပါတယ်.... စဒီမိုဖန်း ရင်ခုန်တိုင်း အချစ်မဟုတ်ဘူးတဲ့.... ဒါဆို...ရင်မခုန်လည်း ချစ်ချင်ချစ်နေမှာပဲလို့ ဆိုလိ...