အပိုင်း ၃၆

24.2K 2.7K 196
                                    

"ဒေါင် ဒေါင် ဒေါင် ဒေါင်.."

အိမ်အောက်ထပ်က ၄ချက်တီး မြည်လာတဲ့ နာရီအသံကြောင့် ရှင်စော ဆတ်ကနဲ ဖြစ်သွားရတော့သည်။ဒီမို သီချင်းဆိုပြတာတောင်မှ စိတ်လှုပ်ရှားမှုကြောင့် တစ်ညလုံးလည်း ဟိုလှည့် ဒီလှည့် အိပ်လို့မပျော်။လက်ထဲမှ ဖျတ်ကနဲ လင်းလာသော ဖုန်းလေးကြောင့် ကြည့်မိတော့...

"မောင် အိမ်ရှေ့ရောက်နေပြီ."ဆိုသော စာတိုလေး ဝင်လာလေသည်။ရောက်လျှင် ဖုန်းမဆက်ဖို့ကို တမင်မှာထားတာ ဖြစ်သည်။မတော် ဖုန်းသံကြားလျှင် အိမ်ကလူတွေ နိုးသွားမှာစိုး၍ ဖြစ်သည်။ရှင်စော ခြေကို အသာဖော့ကာ အခန်းထဲမှ တလှမ်းချင်း ထွက်ခဲ့မိတော့ တစ်အိမ်လုံး တိတ်ဆိတ် ငြိမ်သက်နေလေသည်။စိတ်လှုပ်ရှားမှုကြောင့် ကိုယ့်ရင်ခုန်သံ ကိုယ်ပြန်ကြားနေရသည့် အထိ။အိမ်ရှေ့ တံခါးမကြီးမှ မထွက်ဘဲ ဘေးဖက်မှ သော့မခတ်ပဲ ဂျက်ထိုးထားသော တံခါးပေါက်ကိုသာ အသာ တွန်းဖွင့်လိုက်တော့သည်။

"ကျွီ....."

တိတ်ဆိတ်နေသော မနက် အာရုဏ်ချိန်မလို့ တံခါးပတ္တာသံက အကျယ်ကြီး ထမြည်သည်။ရှင်စော နှုတ်ခမ်းကို ခပ်ဖိဖိကိုက်ကာ အသက်အောင့်လျှက် တစ်ကိုယ်စာ တိုးထွက်နိုင်ယုံသာ တံခါးကို တွန်းဖွင့်ပြီး အသံထပ်ထွက်မှာစိုး၍ ပြန်မစေ့တော့ပဲ ဒီအတိုင်းသာ ထားခဲ့လိုက်တော့သည်။ခြံရှေ့မျက်နှာဝ တံတိုင်းအပေါ်မှ ဝါကျင့်ကျင့် မီးအလင်းရောင်က ခြံထဲသို့ အနည်းငယ် မှိန်ဖျော့စွာ ဝါကျင့်ကျင့် ဖြာကျနေလေသည်။

"ဝုတ် ဝုတ် ဝုတ် ဝုတ်...."

ရှင်စောက ခြံတံခါးဝက သော့ခတ်ထားသောကြောင့် တံခါးဝမှ မထွက်ပဲ အနည်းငယ်နိမ့်သော တံတိုင်းသံပန်းပေါ်မှ ခြံပြင်သို့ ကျော်တက်ဖို့ ကြိုးစားနေဆဲ အိမ်က ရှောင်းလီက လူရိပ်မြင်တာမလို့ တဝုတ်ဝုတ် ဟောင်ရင်းဖြင့် တရှိန်ထိုး ပြေးလာလေတော့သည်။

"ရှုး....ရှောင်းလီ ရှောင်းလီ လာ လာ လာ..."

ရှင်စော နှုတ်ခမ်းကို လက်ဖြင့်ကန့်လန့် ဖြတ်ကာ ရှုးကနဲ ရေရွတ်ပြီးတော့မှ ဒူးတုပ်ထိုင်ချကာ ရှောင်းလီအား လက်ဟန်ပြု၍ ခေါ်ပြီး ချော့မြှူရလေသည်...

ခရီးများအဆုံးထိ...လျှောက်(Complete)Where stories live. Discover now