!၁သိန်း၇သောင်းနဲ့ ဂီတာရောင်းပြစ် လိုက်တယ် ဆိုသော ပအိုဝ့်လေး၏ စကားကြောင့် ရှင်စော ပါးစပ်ကြီးဟကာ ဘာမှတောင် ပြန်မပြောနိုင်တော့!
!ဂီတာဆိုတာ ယောက်ျားလေးတိုင်း ရင်းနှီးကျွမ်းဝင်တဲ့အရာ ဒီမို့ရဲ့ ဂီတာလေးက Yamaha apxt2 indo madeလေးမလို့ အသစ်ဝယ်ရင်တောင် ၃သိန်းအထက်မှာရှိသည်။secondဈေး ၁သိန်း၇သောင်းကတော့ ရိုက်ခွဲလိုက်ရင်တောင် တန်အုံးမည်။တန်ဖိုးကို သိနေလို့ ရှင်စော ပိုရင်နာနေမိသည်။ပြီးတော့ ဂီတသမား တစ်ယောက်အတွက် ဂီတတူရိယာဆိုတာ ဘယ်လောက်တောင် အမြတ်တနိုး တန်ဖိုးထားရတဲ့အရာလဲ!
လေးကန်းသော ခြေလှမ်းများဖြင့် အခန်းထဲ ပြန်ရောက်လာတော့ ဒီမိုက မရှိတဲ့ဆံပင်ကို ပုဝါဖြင့် ရေသုတ်နေရင်း လှမ်းကြည့်သည်။
"ဂီတာကို ရောင်းပစ်လိုက်တယ်ပေါ့"
ရှင်စောမေးတော့...."ပအိုဝ့်ပြောပြလိုက်တာလား...."
"ငါ သွားမေးတာ"
"အင်း...."
ဒီမို အင်းဟုသာ တိုတိုတုတ်တုတ်ဖြေကာ တဖက်သို့လှည့်သွားပြီး ကြိုးတန်းပေါ်သို့ ပုဝါကို သေချာဆန့်နေအောင် ဖြန့်လှမ်းသည်။အစအဆုံး ရှင်စော လိုက်ကြည့်နေရင်းဖြင့်
"နှမြောစရာကြီး အဲ့ဒီလောက်ဈေးလေးနဲ့"
"မနှမြောပါဘူး လိုအပ်လို့ရောင်းလိုက်တာပဲ ဘာဖြစ်လဲ"
ဒီမိုက ခပ်ပေါ့ပေါ့ပြောတော့.....
"ဒါပေမဲ့ ငါ့ကြောင့်...."
ရှင်စော စကားမဆုံးသေးပဲ ဒီမိုက ဆတ်ကနဲ လှည့်လာကာ ခါးထောက်၍ ကိုယ်ဟန်နွဲ့နွဲ့ဖြင့် ရပ်ပြီးတော့မှ....
"ဇွတ်တွေ dramaလာချိုးနေပြန်ပြီ အဲ့ဒီဟာက ကျွန်တော်လည်း သိပ်မတီးဖြစ်ဘူး bandကဟာတွေနဲ့ပဲ တီးဖြစ်တာများတာ ဒီအတိုင်းလည်း ပိုနေတာ ပြန်ရောင်းပြစ်ဖို့ တွေးနေတာကြာပြီ ဘာမှseriousဖြစ်မနေနဲ့"
ပြောတဲ့သူက ပေါ့ပေါ့ပါးပါး ပြောနေပေမဲ့ ရှင်စောကတော့ မပြီးနိုင်မစီးနိုင် နှမြောနေတုန်း....
"ဒါပေမဲ့ နှမြောစရာကြီး ပြန်ဝယ်ရင် ဘယ်လိုဖြစ်ဖြစ် ၃သိန်းကျော်မှာ"
YOU ARE READING
ခရီးများအဆုံးထိ...လျှောက်(Complete)
General Fictionကျွန်တော်က မေတ္တာငတ်ခဲ့တဲ့ကောင်ပါ တစ်ဖဲ့တစ်ဝက် ဂရုဏာဆိုရင်တောင်မှ ခင်ဗျားစွန့်ကြဲတာမလို့ တန်ဖိုးကြီးပါတယ်.... စဒီမိုဖန်း ရင်ခုန်တိုင်း အချစ်မဟုတ်ဘူးတဲ့.... ဒါဆို...ရင်မခုန်လည်း ချစ်ချင်ချစ်နေမှာပဲလို့ ဆိုလိ...