အပိုင်း ၅

30.2K 3.2K 153
                                    

"ဟျောင့် ဖြစ်ပါ့မလား...."

"ဘာလို့ မဖြစ်ရမှာလဲ ဟိုတုန်းထဲက ဒီလိုပဲ ကျော်ဝင်နေကြ"

ဒီမိုက ပြောပြောဆိုဆို အုတ်တံတိုင်းပေါ် ခုန်တက်သည်။နောက်က ရှင်စောက ခုန်တက်မလာတော့ အပေါ်ရောက်မှ ပြန်လှည့်လာပြီး လက်ကမ်းပေးကာ...

"လာလေ...."

"ကျောင်းလမ်းမှာပဲ သင်လို့မရဘူးလား"

ရှင်စော စောဒကတက်တော့ ဒီမိုက လေပါတယ်ဟူသော ပုံစံဖြင့်

"ကျောင်းလမ်းမှာ စကိတ်သင်မယ် တောင်းသေနေတာလား"

ပြောချလိုက်တာ တနင့်တပိုး တုတ်တိုး အိုးပေါက်...

တကယ်ဆို ဒီလေယာဉ်ပျံကွင်းက အသုံးမပြုတဲ့ကွင်းပါပဲ။တခါတလေ အကြီးအကဲ ပုဂ္ဂိုလ်များ၏ ရဟတ်ယာဉ်တို့ လေယာဉ်တို့လောက်သာ ဆင်းသက်တက်တာဖြစ်သည်။အချိန်အများစုကတော့ ဂိတ်ပေါက်မှာ အစောင့်ချထားပြီး ဒီအတိုင်း ပိတ်ထားသည်သာ။လေယာဉ် ပြေးလမ်းတွေ ဘာတွေနဲ့ အကျအနဆောက်ထားပြီးမှ ဘာလို့ မသုံးကျလည်းတော့ မသိ။

ရှင်စော ခဏလောက် အတွေးများနေပြီးမှ ကမ်းပေးနေသော ဒီမို၏လက်ကို ဆုပ်ကိုင်ကာ အုတ်တံတိုင်းပေါ် လိုက်ခုန်တက်သည်။
နှစ်ယောက်အတူ လက်တွဲကာ ကွင်းထဲသို့ ခုန်ချပစ်လိုက်ကြသည်။
အထဲမှာတော့ ရှင်းလင်းနေကာ ခွေးတစ်ကောင် ကြောင်တစ်မြှီးတောင် မတွေ့။ခုနက စိုးရိမ်နေသော ရှင်စော၏ စိတ်တို့ အနည်းငယ် ပေါ့ပါးသွားရတော့သည်။

ဒီမိုက စကိတ်ဖိနပ်ကို ရှင်စောအား သေချာစီးပေးပြီးမှ...

"လာ ကျွန်တော့် လက်ကိုကိုင်..."

"ဖြစ်ပါ့မလား ငါ..ဒူးတုန်နေပြီ"

"ဖြစ်တယ် စိတ်လျှော့ထား"

ဒီမိုပြောတော့ ရှင်စော အသက်ကို ပြင်းပြင်းရှုထုတ်သည်။

"Okနော်..1 2 3ဆိုတာနဲ့ စမယ် ကျွန်တော် လို့မျိုး ဖြေးဖြေးချင်း စလှမ်း"

ရှင်စော ခေါင်းကိုငြိမ့်ပြကာ...

"Ok..."

"Ok 1..2..3.."

ီဒီမိုက ပြောပြီးတာနှင့် ခြေလှမ်း စလှမ်းတော့ ရှင်စောလည်း အမှီလိုက်လှမ်းရသည်။

ခရီးများအဆုံးထိ...လျှောက်(Complete)Where stories live. Discover now