အပိုင်း ၃၁

24.5K 2.5K 252
                                    


📢ဤအပိုင်း ၃၁၌ ထည့်သွင်း ရေးဖွဲ့ထားသော ဇာတ်လမ်းဇာတ်ကွက် တချို့သည် ဘာသာတရားကို စော်ကားလိုခြင်း အလျဉ်းမရှိပါ။စာရေးသူ၏ စိတ်ကူးယဉ် ဇာတ်ကွက်များသက်သက်သာ ဖြစ်သောကြောင့် အမှားအယွင်း တစ်စုံတစ်ရာ ပါဝင်ခဲ့သော် သည်းခံဖြည့်စွက် ဖတ်ရှုပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။📢

နွေကျောင်းပိတ်ရက်တွေက ဟိုလိုလို ဒီလိုလိုဖြင့် ကုန်ဆုံးလာခဲ့တာ အတာသင်္ကြန် ပွဲတော်ကိုတောင် ဆင်နွှဲဖို့ နီးကပ်လာခဲ့ပြီ။အစကတော့ ဒီမိုနှင့်အတူ သင်္ကြန်ပွဲကို ဆင်နွှဲဖို့ အားခဲထားမိတာ။မာတာမိခင်ရဲ့ ပဉ္ဇင်းခံပေးမည့် အစီအစဉ်ကြောင့် မျှော်လင့်ချက်တွေ လုံးပါး ပါးရပြန်တယ်။ကုသိုလ်ရေး ဆိုတော့လည်း ဘယ်လိုငြင်းနိုင်မှာတဲ့လဲ။ပြီးတော့ မာတာမိခင်က ပြောသေးတာ ကျောင်းပြီးလို့ ပဉ္ဇင်းမခံရသေးပဲ မိန်းမတန်းယူရင် ငါပဲရင်ကျိုးရမှာတဲ့။အဲ့ဒါမလို့ အုပ်မိအောင် ဆိုတာပဲ။ဘယ်သူကများ မိန်းမယူမယ်လို့ ပြောနေမိလို့လဲ မသိဘူး။

ကျောင်းဆောင်ရေစက်ချ အလှုနှင့်အတူ ရဟန်းခံရှင်ပြုအလှုပါ တစ်ခါထဲ ပြုလုပ်ကြမှာဖြစ်သည်။ဘကြီးနှင့်ကိုကိုကြီးပါ မိသားစုတွေ အတူတကွ ပဉ္ဇင်းခံကြမည်။ရွှေမှုံကတော့ နားသမည်ပေါ့။ပြီးလျှင် သင်္ကြန်တွင်း ကြီးမေနှင့်အမေက တရားစခန်းဝင်မည်ဆိုတော့ အိမ်မှာက မမကြီးနှင့်မရီဝေပဲ ကျန်ခဲ့မှာဖြစ်လေသည်။ဒီမိုကို ပြောပြတော့ ဘာသာရေးပဲဆိုပြီး နာလည်ပေးလို့ တော်ပါသေးသည်။

ဒီနေ့တော့ ဆံချရမည့်နေ့ ဖြစ်တာကြောင့် အိမ်ရှိလူအကုန် ဘုန်းကြီးကျောင်းမှာပဲ ဖြစ်လေသည်။ပကာသန မဖက်တဲ့သူများမလို့ အိမ်မှာမဏ္ဍပ်လည်း မထိုးသလို ဆင်တွေမြင်းတွေ ငှားပြီးငွေကုန်ကြေးကျခံ လှည့်လည်မနေတော့ပဲ ထိုကုန်ကျစရိတ်ကို နွမ်းပါတဲ့သူများအား ပစ္စည်းလေးပါးဒကာပြု၍ ရှင်ပြုပဉ္ဇင်းခံခြင်းကို ဘုန်းကြီးကျောင်း၌သာ ပြုလုပ်ပေးလိုက်လေသည်။ကျောင်းဆောင်ရေစက်ချ အလှုနှင့်အတူ ရှင်အပါး၁၀၀တိတိ ပဉ္ဇင်းခံရှင်ပြုပွဲမလို့ ကျောင်းတိုက်ထဲ ဧည့်ပရိတ်သတ်က ဖွေးဖွေးလှုပ် စည်ကားနေလေသည်။

ခရီးများအဆုံးထိ...လျှောက်(Complete)Where stories live. Discover now