"မဟုတ်တာ ဖူးရယ် ငါက နင့်ဖုန်းကို ချပြစ်စရာလား"
"ချပြစ်ပြီး တစ်ညလုံး စက်တောင် ပိတ်ထားသေးတာလေ"
"မဟုတ်ပါဘူးဟာ ဘာလို့ ပိတ်ရမှာလဲ..."
"မပြောချင်လို့ပေါ့ ရှင်းနေတာပဲ သိပါပြီ နောက်ဆို ဘယ်တော့မှ မခေါ်ဘူး ငါလည်း..."
ပြောရင်းဖြင့် ဖူးဖူးစင် အသံလေး တုန်တုန်ခိုက်ခိုက်လေး ဖြစ်လာတော့ ရှင်စော ခြေမကိုင်မိ လက်မကိုင်မိဖြင့် ဘာလုပ်လို့ လုပ်ရမှန်းမသိ။နဂိုထဲကလည်း ဖုန်းနဲ့လူက ဝမ်းဆက် ဖြစ်နေတက်တဲ့ လူစား မဟုတ်လေတာမလို့ ရေသွားချိုပြီး ပြန်လာတော့ ဖုန်းကို သတိကိုမရနေတာ။ဖူးဖူး ဖုန်းခေါ်မယ်လည်း မထင်ထားသလို ဒီမိုက ပိတ်ပြစ်ပြီး ဖွက်ထားမယ်လို့လည်း မထင်မိခဲ့။
!ဒီကောင်ဟာ ဘာလို့များ ကလေးဆန်လွန်းရတာလဲ...!
"မဟုတ်တာ ဖူးရယ် အထင်မလွဲပါနဲ့ နင်များဖုန်းခေါ်ရင် ငါဘယ်လောက်ပျော်ရလဲ နင်သိရဲ့သားနဲ့...."
ရှင်စော ပြောတော့ ဖူးဖူးက မျက်စောင်းလေး ဝေ့ကာဖြင့်....
"ပြောတာပဲ ပြီးရင် တခါမှတောင် ဖုန်းမခေါ်ပဲနဲ့...."
"ငါက နင် အနှောင့်အယှက် ဖြစ်မှာစိုးလို့...."
"ငါက မျှော်နေတယ် ဆိုရင်ရော..."
နှုတ်ခမ်းလေးကို စူတူမူတူဖြင့် လုံးချွန်နေအောင် မျက်စောင်းဝေ့ပြောပုံလေးကြောင့် ရှင်စော အသဲယားသွားရပြီးမှ....
"အေးပါဟာ နောက်ဆို အချိန်မှန် ဖုန်းဆက်ပါ့မယ် ဟုတ်ပြီလား..."
ရှင်စော လေပြည်ထိုးတော့ ဖူးဖူးက မျက်စောင်းလေးဝေ့သည်။နေ့တစ်ဝက်လောက် ချော့မော့ပြီးတော့မှ စိတ်ကောက်ခြင်းအမှုက ကျေလည်ပြေလည်တော့သည်။မိန်းမတွေဟာ ကိစ္စသေးသေးလေးကို အကြီးကြီးပုံကြီး ချဲ့ပြီး ဘာလိုများ စိတ်ဒုက္ခခံနိုင်ရသလဲ တကယ်ကို နားမလည်တော့။
အဆောင်ပြန်ရောက်တော့ ဒီမိုက ကိုပြည့်ဂီတာကြီး ဆွဲချလာပြီး ဒေါင်ဒေါင်ဒင်ဒင်လုပ်နေတာ တွေ့ရသည်။ဒီကောင်က သီချင်းတွေ ဘာတွေလည်း ရေးသေးတာ။သီချင်းရေးပြီး သံစဉ်ရှာချင်ရင် သူများဂီတာကြီး သယ်သယ်လာခဲ့ရတာ မြင်နေရတော့ ရှင်စော စိတ်မကောင်း။ဒီမိုက ဘာမှမပြောပေမဲ့ သူ့မှာ မျက်နှာပူ အပြစ်ရှိသလို ခံစားနေရသည်။ဘာဖြစ်ဖြစ် ဒီမို့ကို ဂီတာပြန်ဝယ်ပေးဖို့တော့ သူစိတ်ကူးရှိပြီးသားပါပဲ။
STAI LEGGENDO
ခရီးများအဆုံးထိ...လျှောက်(Complete)
Narrativa generaleကျွန်တော်က မေတ္တာငတ်ခဲ့တဲ့ကောင်ပါ တစ်ဖဲ့တစ်ဝက် ဂရုဏာဆိုရင်တောင်မှ ခင်ဗျားစွန့်ကြဲတာမလို့ တန်ဖိုးကြီးပါတယ်.... စဒီမိုဖန်း ရင်ခုန်တိုင်း အချစ်မဟုတ်ဘူးတဲ့.... ဒါဆို...ရင်မခုန်လည်း ချစ်ချင်ချစ်နေမှာပဲလို့ ဆိုလိ...