အပိုင်း ၂၀

25.1K 2.7K 212
                                    

ဆုတောင်းပြီး ဖယောင်းတိုင် မှုတ်ပြီးသည့်အထိ ရှင်စော တစ်ယောက် ကိတ်ခွဲဖို့ လက်တုန်နေဆဲ။ဟုတ်တယ်လေ အသက်၂၀ပြည့်ကာမှ ကိုယ့်အတွက် ရည်ရွယ်တဲ့ ကိုယ့်အမည်နဲ့ ကိတ်မျိုး မြင်ဖူးခဲ့ရတာကို။ဘယ်သူက စိတ်လှုပ်ရှား မကြည်နူးပဲ နေနိုင်မှာတဲ့လဲ။ပြောရရင် ဒီမို လိုက်လာမည်လို့လည်း မထင်ထားခဲ့သလို အခုလို ကိတ်လေးပါ စီစဉ်ပေးဦးမယ်လို့ ပိုလို့တောင် မထင်မှတ်ထားခဲ့။အသက်၂၀ပြည့် မွေးနေ့ကို ယခင်က ဖြတ်သန်းနေကျ အတိုင်း စိတ်ထဲ သာမန် ကောင်းမှုပြုရမည့် နေ့ရက် တစ်ရက်လို့သာ မှတ်ယူထားခဲ့တာ။

ညဖက် ဖုန်းပြောစဉ်ကတောင် မနက်ဖြန် သူ့မွေးနေ့ဆိုတာ မပြောပြဖြစ်ခဲ့။အတွေးများဖြင့် ကိတ်ပေါ်မှ အလှဆွဲထားသော ရုပ်ပုံလေးကို မထိစေဖို့ ရှောင်လွှဲ၍ လှီးရန် ရှင်စော လက်တုန်နေတုန်း....

"အဲ့အရုပ်လေးရဖို့ အစော ဓာတ်ပုံပြလိုက်ရသေးတာ တူတယ်နော် မဲမဲလေး အဟား..."

ဒီမို ပြောရင်းဖြင့် ခပ်သောသော ရယ်လေတော့ ရှင်စော စွေကြည့်ကာ တံတောင်ဖြင့် တွတ်ပြစ်လိုက်တော့သည်။တကယ် ဒီကောင်က ကောင်းရင်ခဏပဲ ပြီးရင်ထထဖောက်တာ ကျေးဇူးတင်ချင်တဲ့ စိတ်တွေပါ ကြက်ပျောက်ငှက်ပျောက်...။အမှန်တကယ်လည်း ရှင်စောက အသားညိုတယ်ဆိုပေမဲ့ မဲသဲပြာနှမ်းနေခြင်းမျိုးတော့ မဟုတ်တန်ရာ။ဗမာဆန်ဆန် ညိုညိုညက်ညက်လေးသာ ဖြစ်သည်။

ဒါကိုပဲ ငယ်ငယ်တုန်းကဆို လူတွေ့လိုက်တိုင်း...
"ဟယ် ယဉ်ဌေး နင့်သားက နင်နဲ့လည်း မတူဘူး မဲကြုတ်ကြုတ်လေးတော့..."ဆိုတာတမျိုး
"ဟယ် ကလေးက အောင်မောင်း ဖက်လိုက်တယ်နော် ကုလားလေးဟေ့"ဆိုတာတဖုံ အသားဖြူသော အမေနှင့် တွဲသွားတိုင် ကြားနေရတာ

မြန်မာနိုင်ငံမှာက အသားညိုရင်ကို ပြစ်ချက်တစ်ခုလို ဖြစ်နေကြတာ။internationalမှာ ဒီအညိုရောင် အသားရည်က ဘယ်လောက် အဖိုးတန်သလဲ မသိကြပဲနဲ့။ညိုနေတာကို ဇွတ်မဲနေကြတာ တခါတလေ နားရင်းတွေချည်း ပိတ်ရိုက်ပြီး ပြောချင်တာ ဒါအညို ဒါအမဲဟဲ့ဆိုပြီး တကယ် တကယ် မြန်မာပြည်က လူတွေက အညိုနှင့်အမဲကို မခွဲခြားတက်တဲ့ color blindတွေ..။

ခရီးများအဆုံးထိ...လျှောက်(Complete)Where stories live. Discover now