အပိုင်း ၃

32.3K 3.6K 308
                                    

ခန္ဓာကိုယ်ပေါ် စင်ကျလာတဲ့ မိုးစက်တွေကြောင့် ဒီမို အထဲသို့ ပိုကပ်ပြီး ရပ်လိုက်တော့တယ်။အတန်းပြီးတာနှင့် အချိန်ကိုက် မိုးကရွာချတာကြောင့် အဆောင်ပြန်ဖို့ စိတ်ကူးက လေထဲမှာ လွင့်ပါး သွားရတော့သည်။ထီးဆိုတာလည်း ဘယ်တုန်းကမှ ဆောင်တက်တဲ့ အလေ့အကျင့်ကို ရှိမနေခဲ့တာ။သိတဲ့အတိုင်း မော်လမြိုင်မိုးက ရွာပြီဟေ့ဆို အသားကြီးပဲ။လူစိုတာ ကိစ္စမရှိပေမဲ့ စာအုပ်တွေက အရေးကြီးသည်။မိုးစဲအောင် စောင့်ဖို့ပဲ ရှိတော့သည်။

ကော်ရစ်တာမှာ ၁၀မိနစ်လောက် မတ်တပ်ရပ်ပြီးတော့ မိုးကမစဲပဲ ပို၍သည်းလာလေသည်။

!shit...ဒီမိုးကတော့ကွာ!

ဒီမို တိုးတိုး တိတ်တိတ် မိုးကို အပြစ်တင်နေတုန်း မြင်ကွင်းထဲကို မင်းရှင်စော တစ်ယောက် ထီးတကားကားဖြင့်
ဆိုင်ကယ်ကြီး မောင်းကာ ကို့ရို့ကားယား ဝင်ရောက်လာတော့သည်။အဆောင်ရှေ့မှာ ဆိုင်ကယ်ကိုရပ်ကာ လက်ထဲမှာလည်း စားစရာထည့်ထားသော အိတ်ကြီးဆွဲလျှက်ဖြင့် ကျောင်းဆောင်ထဲသို့ ဝင်ရောက်လာတော့သည်။

အပေါ်က လည်ဝိုင်းလက်တို စွပ်ကျယ် အဖြူကို အောက်က အဘိုးကြီးအဆင် အနီအစိမ်း ပုဆိုး အကွက်ကျဲကြီးဖြင့် တွဲဖက်ဝတ်ဆင်ထားပုံက တကယ့် တိုက်ဂေါ...
သူ ဒီကိုရောက်တဲ့ တစ်ပတ်အတွင်း မင်းရှင်စော ကိုယ်ပေါ်မှာ မြင်လိုက်ရတိုင်း အဲ့ဒီလို ပုဆိုး အကွက်ကျဲတွေချည်း။

ဆံပင် ခပ်အုပ်အုပ်က အမြဲတမ်း ဘုတ်သိုက်။ရုပ်ရည်လေးက သနားကမားနဲ့ ပုံစံက တောဂိုက်ဖြစ်နေတာ။
လူတိုင်းအပေါ် သဘောကောင်း သည်းခံတက်သလောက် သူ့ကို ဆိုရင်တော့ အမြင်ကပ်နေသလို မျက်မှောင်တကြုတ်ကြုတ်နဲ့ စိတ်ထဲ အော်ဆဲနေတဲ့ပုံ။

ဒီမို ကြည့်ကောင်းကောင်းဖြင့် ကြည့်နေတုန်း ရှင်စော တစ်ယောက် ကို့ရို့ကားယားဖြင့် အဆောင်ထဲ ဝင်ချလာတာမလို့ ဒီမို ကြည့်မနေနိုင်တော့ပဲ ပြေးထွက်ကာ လက်ထဲက ထီးကို ပြေးယူပြီး ပိတ်ပေး လိုက်ရတော့သည်။

ရုတ်တရက်ကြီး ပြေးထွက်လာသော ဒီမိုကြောင့် ရှင်စော ကြောင်သွားပြီးတော့မှ......

ခရီးများအဆုံးထိ...လျှောက်(Complete)Where stories live. Discover now