အပိုင်း ၇

27.4K 3.3K 161
                                    

!ဂျပ်ဆင်ထိပ်က လရိပ်လေးသာရယ်......လွမ်းမိတယ်...!
!အဆောင်သူလေးကို ဆွေးမြေ့လို့ကြေကွဲ....လွမ်းမိတယ်...!
!သူဘယ်ရောက်နေလဲ မသိတော့ပြီပဲ....လွမ်းမိတယ်.....!
!အမှောင်ထုထဲမှာ တိတ်တဆိတ် မျက်ရည်ဝဲ.....!

ထူးအိမ်သင်းရဲ့ ဂျပ်ဆင်ထိပ်ကလရိပ်ပြာ သီချင်းကို အားလုံးဝိုင်းဆိုနေကြတာ မြိုင်မြိုင်ဆိုင်ဆိုင်။သူတို့ တက္ကသိုလ်ကျောင်းသား လူငယ်တွေရဲ့ ဂီတာဝိုင်းတွေမှာတော့ ဦးထီးတို့ ဦးငှက်တို့ သီချင်းတွေဆိုတာ မပါမဖြစ်ပေါ့။

"Ok Stop Stop broတို့ ဒီမိုကိုပဲ ပွဲတောင်းရအောင်"

"ဟေး ရွှီး...ဆရာဒီ တစ်ပိုဒ်လောက် ဆွဲပါဗျို့"

တစ်ယောက်က ထပြောတော့ အားလုံးက လက်ခေါက်တွေ ထမှုတ်ကာ ပွဲတောင်းကြတော့သည်။ဒီမိုလည်း ရယ်ရယ်မောမောဖြင့် လက်ထောင်ပြပြီးတော့မှ ဂီတာအားကိုင်ကာ မတ်တပ် ထရပ်လေသည်။သံစဉ်ကို စပြီးတီးခတ်တော့ အုတ်ခုံကို ကျောမှီကာ လျော့တိလျော့ရဲ ထိုင်နေသော ရှင်စောလည်း ခေါင်းထောင် လာရတော့သည်။သံစဉ်ထွက်ပေါ်လာတာနှင့် အားလုံးက တိတ်ကျသွားကာ အာရုံတွေအကုန်လုံး ဒီမိုဆီ၌သာ.....

!ကျန်နေသေးတဲ့ ဘဝခရီးတွေ ကိုယ်တစ်ယောက်ထဲတော့ မသွားတော့ပါ မင်းလိုက်နိုင်မလားကွာ....!
!အကြိမ်ကြိမ်အနူးအညွတ် ပန်ကြားလာ ကိုယ်မျှော်လင့်တဲ့ ဘဝတစ်ကွေ့မှာ တို့နှစ်ယောက်အတူ မခွဲခွာ..!

ဆောင်းဦးလှိုင်ရဲ့ အချစ်ကအမှား သီချင်းကို စည်းစနစ်ကျစွာ ညက်ညက်ညောညော သီဆိုနေပါသော ဒီမို။သြရှရှ အသံက တစ်မျိုးလေး ထူးခြားစွာ ဆွဲဆောင်မှုရှိနေတာတော့ အမှန်။

!မှာလား...အချစ်များ အကုန်လုံး မင်းအတွက်...!
!ငါလည်း...ရူးတော့မယ် အချစ်ရာ....!

တကယ်ပါ..မသိရင် လမ်းဘေးအပျော်တမ်း ဂီတာဝိုင်းမှာ အဆိုတော်တစ်ယောက်က လာဆိုနေသလိုမျိုး။ဒီမိုရဲ့ ဆိုပုံဆိုပေါက်က စည်းစနစ်ကျနေသလို အသံကာလာကလည်း သာမန်ဟုတ်မနေ။

!ဆုံးဖြတ်...အချစ်အမုန်း နောက်ဆုံး ပြောအုံး....!
!တစ်စုံတစ်ခု မင်းရွေးခြယ်ပေးပါ....!
!ဒီဘဝက....မှားနေလား...!

ခရီးများအဆုံးထိ...လျှောက်(Complete)Where stories live. Discover now