အပိုင်း ၁၈

22.8K 2.6K 290
                                    

!အဟစ် ဟစ် ဟစ် ဟစ် ဟစ် ဟက် ဟက် ဟက် ဟင်း..!

!အဟစ် ဟစ် ဟစ် ဟစ် ဟစ် ဟက် ဟက် ဟက် ဟင်း....!

နားထဲကို ဆူညံစွာ တိုးဝင်လာသော ဖုန်းသံက နှစ်ပတ်လောက် လည်သွားပြီးမှ ရှင်စော မျက်လုံးမဖွင့်ပဲ အိပ်ချင်မူးတူးဖြင့် အိပ်ရာပေါ် ဖုန်းကို လိုက်စမ်းဖြစ်သည်။ဒီလို မနက်စောစော ဖုန်းခေါ်မဲ့သူက ဒီမိုဖန်းပဲဆိုတာ တပ်အပ်သိပြီးသား မလို့ မျက်လုံးကို မဖွင့်ပဲ ဖုန်းကိုင်လိုက်သည်။

"Hello..."

အိပ်ချင်မူးတူး ဗလုံးဗထွေး အသံလေး ဖုန်းထဲမှတဆင့် ထွက်ပေါ်လာတော့ ဒီမို နှစ်ခြိုက်စွာ ပြုံးမိသည်။တကယ်ပါ အရိပ်လေးမြင်ရယုံ အသံလေးကြားရယုံဖြင့် ရင်ခုန် ကြည်းနူးစေဖို့ အထိ မင်းရှင်စောက အစွမ်းထက်လေသည်။ဘယ်လိုမှ လက်မလွှတ် ပြစ်နိုင်တော့ဘူး ဆိုတဲ့ စိတ်ခံစားချက်ကိုလည်း ဖန်တီးပေးနိုင်စွမ်းသည်။
ကိုယ်ကပဲ ချစ်တက်နေတယ် ဆိုတာထက် အချစ်ခံဖို့ကို ထိုက်တန်လွန်းနေတာ အဲ့ဒီလူကလေ...။

"Morning အစောလေး မနိုးသေးဘူးလား"

ဖုန်းထဲက သြရှရှ ထွက်ပေါ်လာသော အသံကြောင့်.....

"မနိုးသေးဘူး...."

အစ်တစ်တစ်လေး ထွက်ပေါ်လာတဲ့ အသံလေးက အိပ်ချင်မူးတူးတော့ ဟုတ်မနေတော့....

"အမ် မနိုးသေးရင် မကောင်းဘူးနော် ကျောက်ကပ် ကျန်းမာရေးလေး ဘာလေး စစ်ကြည့်ဦး.."

ဒီမို့၏ စကားအား အိပ်ချင်မူးတူး ဖြစ်နေသော ဦးနှောက်က ချက်ချင်း လိုက်မမှီနိုင်။ရှင်စော မျက်လုံးကို တချက်ပွတ်ကာ မျက်မှောင်ကြုတ်၍ စဉ်းစားလိုက်ပြီးတော့မှ သဘောပေါက်သွားရကာ....

"မင်းမေ့...ဒီလဒတော့ စောစောစီးစီး အဆဲတောင်းပြန်ပြီ"

ရှင်စောပြောတော့ ဒီမို သဘောကျစွာ ရယ်မောပြီးမှ.....

"ဟား ဟား အိပ်ချင်ပြေသွားအောင် စတာပါ ဘာဖြစ်လဲ ယောက်ျားလေးချင်းပဲကို မရှက်ပါနဲ့ ကျွန်တော့်က သဘောရိုးနဲ့ပါ"

!ပုံမှန် straightနှစ်ယောက် ဆိုရင်တော့ သေချာပေါက် ရှက်စရာ မဟုတ်ဘူးပေါ့။pronတွေတောင် လက်တို့ကျ မှောင်ကြလင်းကြနဲ့ဟာကို ဒီမနက်ခင်း ကျန်းမားရေး ကိစ္စလောက်က ရှက်နေစရာလား!

ခရီးများအဆုံးထိ...လျှောက်(Complete)Donde viven las historias. Descúbrelo ahora