ရှင်စော မနက် အိပ်ရာနိုးလာတော့ ဒီမိုက တရှုးရှုးဖြင့် အိပ်မောကျနေတုန်း။ရယ်ဒီမိတ် ကော်ဖီထုတ်ကို ခွက်ထဲ ဖောက်ထည့် ဖျော်ပြီးမှ အခွံကို အမှိုက်ပုံးဆီ ပြစ်ထည့်လိုက်သည်။အမှိုက်ပုံးထဲက စိုက်ကော်ထုတ်ကို တွေ့လိုက်ရတော့ ရှင်စော မျက်မှောင်ကြုတ် မိသွားရတော့သည်။ညက စားပြစ်လိုက်တယ် ပြောပြီး အမှိုက်ပုံးကို ကျွေးလိုက်တာပေါ့။ဘာကို စိတ်အလိုမကျ ဖြစ်ပြီး ဒီလိုများ လုပ်လိုက်ရပါလိမ့်။ရှင်စော တွေးနေတုန်း ဒီမိုတစ်ယောက် ငေါင်းစင်းစင်းဖြင့် အိပ်ရာပေါ် ငုတ်တုတ် ထထိုင်လေသည်။ခေါင်းကို လက်ဖဝါးဖြင့် ပွတ်ကာ ငေါင်နေပြီးမှ....
"Morning..."ဟု နှုတ်ဆက်လေသည်။
"Morning..."
ရှင်စော ခေါင်းငြိမ့်ပြကာ ပြန်နှုတ်ဆက်ပြီးမှ....
"ညက ဘာဖြစ်တာလဲ..."
ရှင်စော မေးတော့ ဒီမိုက မျက်လုံးလှန်ကြည့်ပြီးမှ....
"ဘာဖြစ်လို့လဲ ဘာမှမဖြစ်ပါဘူး...."
ရှင်စော၏ မျက်ဝန်းတို့ကို ရှောင်ရှားရင်း လှီးလွှဲဖြေဆိုသည်။ညက စိတ်ဆိုးခဲ့တာက ညကကိစ္စဖြစ်သည်။မနက်လင်းလာတော့ ညက အဖုအထစ်တွေဟာ အိပ်စက်ခြင်း နှင့်အတူ ချော့မွေ့သွားခဲ့ပြီ။
ရှင်စောက မယုံဘူးဆိုသော ပုံစံဖြင့် မျက်မှောင်ကြုတ်ပြီးမှ...
"အဲ့ဒါဆို စိုက်ကော်တွေ ဘာလို့ အမှိုက်ပုံးထဲ ပြစ်ထားတာလဲ"
ရှင်စောပြောတော့ ဒီမို ဘယ်လိုမှ ရှောင်လွဲ၍ မရတော့ကာ...
"ဟုတ်တယ်ဗျာ ညက ခင်ဗျားကို စိတ်ဆိုးနေတာ"
ဒီမို၏ စကားကြောင့် ရှင်စော အံ့သြသွားရကာ...
"စိတ်ဆိုးရအောင် ငါက မင်းကို ဘာများလုပ်မိလို့လဲ"
ရှင်စောပြောတော့ ဒီမို မျက်နှာခပ်ပုပ်ပုပ်ဖြင့်
"အော် ဟော် ဒီက ကောင်ကတော့ စိုက်ကော်စားချင်တယ် ဆိုလို့ တကူးတက ကျောင်းရှေ့ထိ ပြန်ထွက်ပြီး သွားဝယ်ပေးရတယ်လေ
ခင်ဗျားကတော့ ဖူးဖူးစင်နောက် ကောက်ကောက်ပါသွားတာ အမြီးကိုတန်းလို့..."
YOU ARE READING
ခရီးများအဆုံးထိ...လျှောက်(Complete)
General Fictionကျွန်တော်က မေတ္တာငတ်ခဲ့တဲ့ကောင်ပါ တစ်ဖဲ့တစ်ဝက် ဂရုဏာဆိုရင်တောင်မှ ခင်ဗျားစွန့်ကြဲတာမလို့ တန်ဖိုးကြီးပါတယ်.... စဒီမိုဖန်း ရင်ခုန်တိုင်း အချစ်မဟုတ်ဘူးတဲ့.... ဒါဆို...ရင်မခုန်လည်း ချစ်ချင်ချစ်နေမှာပဲလို့ ဆိုလိ...