"ထမင်းစားပြီးပြီလား ကျွန်တော်တော့ အပြင်က စားခဲ့ပြီးပြီ"
ဒီမိုက အခန်းထဲ ဝင်လာရင်းဖြင့် ဂီတာကို အခန်းထောင့် နံရံ၌ ချိတ်ရင်းဖြင့် ပြောသည်။တကယ်ဆို ရှင်စောက ညစာအတူစားဖို့ စောင့်နေခြင်းရယ်ပါ။တစ်လကျော် နှစ်လနီးပါးလောက် ထမင်းစားတိုင်း အတူတူလက်ဆုံပဲဆိုတော့ တစ်ယောက်ထဲ ခွဲစားဖို့ကို တစ်ခုခုလိုနေသလိုဖြင့် အကျင့်ကပါနေတာဖြစ်သည်။
"လက်ဘယ်လိုလဲ သက်သာရဲ့လား..."
ရှင်စောက အမေးကို အမေးဖြင့် တုံ့ပြန်တော့ ဒီမိုက ပတ်တီးဖြင့် လက်ကို ထောင်၍ ဆုပ်လိုက်ဖြန့်လိုက် လုပ်ပြပြီးတော့မှ...
"ကောင်းနေပြီ..."
နှာခေါင်းသွေးယိုတဲ့ ရှင်စောက ဆရာဝန်နဲ့ မပြလိုက်ရပဲ ဒီမိုရဲ့လက်သာ နှစ်ချက် ချုပ်လိုက်ရတာဖြစ်သည်။အစိမ်းချုပ်ပြီး ချုပ်ရိုးအပျောက်မလို့ ဖြည်စရာမလို။
"တော်သေးတာပေါ့..."
ခုံမှာထိုင်နေရင်း ရှင်စောက ပြောတော့ ဒီမိုက အနားအထိ လျှောက်လာကာ ကိုင်လာသော ဖော့ဘူးကို စားပွဲပေါ် တင်ပေးပြီးမှ...
"ညစာ စားပြီးပြီလား စားပြီးလည်း ခေါက်ဆွဲကြော် ထပ်စားလိုက်အုံး ဒီနေ့ တရုတ်တန်းဖက် ရောက်လို့ ဝယ်ခဲ့တာ"
ဒီမိုက ပြောပြီးတော့ ဖော့ဘူးကို ရှေ့သို့ တွန်းပေးကာ အပေါ်ထပ် အင်္ကျီကို ချိတ်ဖြင့်သေချာ ချိတ်လိုက်ပြီးမှ ရှင်စော၏ အိပ်ရာပေါ်သို့ ခြေပစ်လက်ပစ် လှဲချသည်။ရှင်စော တချက်ကြည့်ပြီးတော့မှ ဖော့ဘူးကို ဖွင့်ကာ ခေါက်ဆွဲကို ထိုးဖွရင်း ပါးစပ်ထဲသွင်းသည်။တရုတ်လက်ရာ ပီပီသသ ပဲငံပြာရည်နိုင်နိုင်ဖြင့် မွှေးပျံ့နေတဲ့ ခေါက်ဆွဲ
အရသာက လျှာဖျားပေါ် စိမ့်သွားတော့သည်။"အား...အမောကို ပြေသွားတာပဲ..."
ဒီမိုက အိပ်ရာပေါ် ကျောဆန့်ရင်း ပြောပြီးမှ...
"အစော အိပ်ရာလေးကလေ အိပ်လို့ကောင်းတယ်"
!ဖြစ်ရလေ လက်နှစ်ဖဝါးအမြင့်ရှိတဲ့ ဒန်လော့မွေ့ယာခင်းထားတဲ့ သူအိပ်ရာထက်ကို မိမိရဲ့ သာမန် ဖော့စွပ်မွေ့ယာကများ ပိုကောင်းတယ်တဲ့လား!
ESTÁS LEYENDO
ခရီးများအဆုံးထိ...လျှောက်(Complete)
Ficción Generalကျွန်တော်က မေတ္တာငတ်ခဲ့တဲ့ကောင်ပါ တစ်ဖဲ့တစ်ဝက် ဂရုဏာဆိုရင်တောင်မှ ခင်ဗျားစွန့်ကြဲတာမလို့ တန်ဖိုးကြီးပါတယ်.... စဒီမိုဖန်း ရင်ခုန်တိုင်း အချစ်မဟုတ်ဘူးတဲ့.... ဒါဆို...ရင်မခုန်လည်း ချစ်ချင်ချစ်နေမှာပဲလို့ ဆိုလိ...