အပိုင်း ၃၀

26.1K 2.7K 97
                                    

ကြည်နူးပျော်ရွှင်ရတဲ့ အချိန်တွေဟာ ကုန်ဆုံးမြန်တယ် ဆိုတာ အမှန်ပဲ။ချစ်သူသက်တမ်း ၂လဆိုတဲ့ ပျာရည်ဆမ်း နေ့ရက်တွေဟာ အလျှင်အမြန် လျှပ်တပြတ်ပဲ ကုန်ဆုံးသွားတော့တယ်။1st semester ဖြေပြီးလို့ ကျောင်းပိတ်ချိန် ၂လက အလျှင်အမြန်ပဲ ရောက်လာခဲ့တော့တယ်။

ပုံမှန်ကျောင်းပိတ်ရက်တွေဟာ ဒီတစ်ခေါက်တော့ ပုံမှန် မဟုတ်နေခဲ့ဘူး။ဒီမိုဖန်းဆိုတဲ့ ဖုန်းသရဲလေးရဲ့ ဂျီကျမှုတွေရယ် မာတာမိခင်ရဲ့ ထောင့်စေ့အောင် ခိုင်းနေတဲ့ အလုပ်တွေရယ် ကြားမှာ ရှင်စော အပတ်လည်အောင် မနည်း ကြိုးစားနေရတယ်။လိုက်လာမယ် တကဲကဲ လုပ်နေတဲ့ ရွှေကရင်ကိုလည်း ချော့တစ်ခါ ချောက်တစ်လှည့်နဲ့ သူ့မှာ တားဆီးနေရတယ်။

လိုက်လာတာက ကိစ္စမရှိပေမဲ့ နဂိုထဲက ရှင်စောဆိုတာ ဟန်ဆောင်ကောင်းတဲ့သူ မဟုတ်လေတော့ ဒီိမိုသာ အိမ်ရောက်လာရင် အမူအယာပျက်မိမှာ အမှန်။ပြီးတော့ ဒီမိုဆိုတာလည်း မထင်ရင်မထင်သလို လက်ရဲဇက်ရဲနဲ့ အိမ်ကိုခေါ်ဖို့က ဘယ်လိုမှမဖြစ်။ပအိုဝ့်လေးအိမ်မှာလည်း အားနာ၍ ပေးမတည်းလို။ထို့ကြောင့် လွမ်းနေတာတောင် သူ့မှာ ထုတ်မပြရဲ။သူသာ လွမ်းနေတယ်များ ပါးစပ်ကဟ လိုက်မိလို့ကတော့ ဒီမိုဖန်းတို့ ခုန်ပေါက်လိုက်ချ လာတော့မှာ အသေအချာ။

"ရက်က ကပ်နေမှဟယ် ကြိုမပြောဘူး ရှမ်းလေး တစ်ကောင်လည်း...သားကြီးတို့က ဒီညမှ ရန်ကုန်က ပြန်ဆင်းလာမှာ မဟုတ်လား"

ရှင်စောတို့ အိမ်က ကားတွေက မော်လမြိုင်နဲ့ ရန်ကုန်ကို ဒီလိုပဲ up downသွားနေရတာ ဖြစ်သည်။ရန်ကုန်ကတော့ ကိုကိုကြီး ကိုယ်တိုင်ပဲ သွားတာများလေသည်။

"သူလည်း ရုတ်တရက်ကြီးမလို့တဲ့ အမေတစ်ခု သားတစ်ခု ဆိုတော့လည်း မအေမမာတော့ သူမရှိရင် မဖြစ်လို့တဲ့ ဒေါ်လေးရယ်.."

"အေး ကျန်းမာရေးဆိုတော့ ဘယ်တက်နိုင်မလဲ ကုန်တွေတင်ပြီးကာမှ စိတ်ညစ်လိုက်တာ တကယ်ပဲ ရီဝေရေ့..ကိုမောင်သန်းကို ဖုန်းဆက်ဦး မော်လမြိုင်တက်မလို့ ကားသမား ရမလားလို့ မေးစမ်းပါဦး..."

မမကြီးကို ပြောနေရင်း မရီဝေကိုပါ အမေက တစ်ပါးတည်း ညွှန်ကြားသည်။ကြည့်ရတာ ဒီညနေ မော်လမြိုင်ကို ကုန်ပို့မဲ့ ကားသမား မလိုက်ဖြစ်၍ထင်။စကားသံတွေကို နားစွင့်နေမိရင်း ရေခဲသေတ္တာထဲကို ဆွဲဖွင့်ကာ ရေဘူးကို ဆွဲယူ မော့သောက်နေရင်းနဲ့မှ
ီဦးခေါင်းထဲ အသိဉာဏ်တို့ လက်ကနဲ ဖြစ်သွားရတော့သည်။ဒါက မော်လမြိုင် သွားရဖို့ အခွင့်အရေးပဲလေ။

ခရီးများအဆုံးထိ...လျှောက်(Complete)Tahanan ng mga kuwento. Tumuklas ngayon