အပိုင်း ၂၈

26.9K 2.8K 185
                                    

"ကိုစော ကိုစော...."

"ဝေ့ အု...ဟု"

စားသောက်ပြီး နှစ်ယောက်သား ထိုင်ရုံရှိသေး ပအိုဝ့်လေး၏ ခေါ်နေသံကြောင့် ရှင်စော အသံပြုဟန်ပြင်တော့ ဒီမိုက ရင်ခွင်ထဲ ဆွဲသွင်းကာ ပါးစပ်ကိုပါ လက်ဖဝါးဖြင့် ပိတ်ပြစ်ရင်း...

"ရှူး...."

ထိုအခါမှ လက်ရှိ အနေအထားကို ရှင်စော သတိပြန်ကပ်မိသည်။
သူက လောလောလတ်လတ် ဒီမိုရဲ့ အခန်းထဲမှာ။မတော်လို့ ဒီအခန်းထဲမှာလို့သာ အသံပြုမိလိုက်လျှင် ကိစ္စအားလုံးကို သိနေတဲ့ ပအိုဝ့်လေးကို သူဘယ်လိုများ အကြောင်းပြချက်ပေးရမလဲ။

!သူတို့ ညစာအတူစားနေတာလို့ မဟုတ်ဘူး သူတို့ အဆင်ပြေသွားပြီ မဟုတ်သေးဘူး သူတို့တွဲနေကြပြီ shit!..ဘယ်စကားကမှ သင့်တော်မနေဘူး!

!ပြီးတော့ သူကgayလို့ come outလုပ်ထားတာ မဟုတ်ဘူး
သူ့ကိုယ်သူလည်း gayလို့ မခံယူထားဘူး သူ့နှလုံးသားက ရွေးခြယ်လိုက်တဲ့သူက ယောက်ျားတစ်ယောက် ဖြစ်နေရုံပဲ!

!ဒီအခြေအနေက ချက်ချင်းကြီးတော့ သူများကို ရှင်းပြဖို့ ခက်နေဦးမှာပဲ ချက်ချင်းကြီးတော့ သူတို့ရဲ့ ဆက်ဆံရေးကို ချပြဖို့ သူတကယ် အဆင်မပြေသေးဘူး!

"ကိုကောင်း ကိုစောကို တွေ့မိလား..."

ရှင်စော တွေးနေတုန်း ပအိုဝ့်လေးက ကောင်းမင်းကို လှမ်းမေးလိုက်တဲ့ အသံကို ကြားနေရတယ်။

"အေး သတိမထားမိဘူး ငါလည်း အခုမှပြန်ရောက်တာ ဟျောင့်ရေ့.."

"ဆိုင်ကယ်ရော ဖုန်းရော ထားပြီး လူက ဘယ်ပျောက်သွားလဲ မသိဘူး"

"ရေချိုးနေတာလား မဟုတ်ရင် အိမ်သာထဲမှာ နေမှာပေါ့..."

"မရှိဘူး..."

"အဲ့ဒါဆို လင်နောက် လိုက်သွားပြီး နေမှာပေါ့ ဟား ဟား ဟား"

ကောင်းမင်းက ပြောရင်း တဟားဟား အော်ရယ်ကာ လျှောက်ထွက်သွားသော ခြေသံကိုပါ ကြားလိုက်ရလေသည်။

"မင့်မေကို လင်နောက်လိုက် ဒီမအေဘေးကတော့"

ရှင်စော ခပ်တိုးတိုး ဆဲရေးတော့ ဒီမိုက တခွိခွိဖြင့် ကိုယ်လုံးတွေ လှုပ်နေအောင် ရယ်လေသည်။အမြင်ကပ်ကပ်ဖြင့် ဗိုက်ကို တံတောင်ဖြင့် တွတ်ပြီးမှ ရင်ခွင်ထဲမှ ရုန်းထွက်ကာ....

ခရီးများအဆုံးထိ...လျှောက်(Complete)Where stories live. Discover now