အပိုင်း ၃၇

25.8K 2.6K 189
                                    

မနက်အိပ်ရာ နိုးတော့ ညကအရှိန်ကြောင့် ရှင်စော ခေါင်းတွေ တဆစ်ဆစ် ထိုးကိုက်နေလေတော့သည်။နွေးထွေသော ရင်ခွင်ကျယ်၏ အထိအတွေ့က အိပ်ချင်မူးတူး မျက်ဝန်းတို့ကို ပြူးကျယ်သွားစေတော့သည်။ရုတ်တရက် လန့်ပြီး ကုန်းထမလို့ လုပ်ပြီးမှ
အခြေအနေကို ပြန်လည်အမှတ်ရကာ ဒီအတိုင်းလေး ငြိမ်သက်နေလိုက်တော့သည်။ဒီမို၏ ဝင်သက်ထွက်သက် နွေးနွေးက နဖူးထိပ်ကို လာရောက်ရိုက်ခတ် နေတော့ ရင်ခွင်ထဲ မျက်နှာအပ်ထားရတာ မျက်နှာ ပူသလိုလို ဘာလိုလိုနဲ့။

ညက မူးမူးနဲ့ ဘယ်လိုကြောင့်များ ဒီပုံစံအတိုင်း ဒီမို၏ လက်မောင်းကို ခေါင်းအုံး၍ အိပ်ပျော်သွားသလဲ ပြန်တွေးနေမိပေမဲ့ ညက အတော်ရေချိန် လွန်သွားတာမလို့ အဖြစ်အပျက်တွေက ဟိုတစ်ကွက် ဒီတစ်စဖြင့် ဘာကိုမှ ရေရေရာရာ ပုံမဖော်မိ။ဒီမို နိုးသွားမှာစိုး၍ ရင်ခွင်ထဲ ဒီအတိုင်း တောင့်တောင့်ကြီး ငြိမ်နေမိဆဲ နဖူးပြင်မှ နွေးကနဲ ဖြစ်သွားသော အထိအတွေ့ကြောင့် ဒီမိုနိုးလာပြီ ဆိုတာကို သိလိုက်ရတော့သည်။

"မောနီး မောင့်မိန်းမလေး...."

ဒီမို၏ စကားကြောင့် ရှင်စော ဆတ်ကနဲ ဖြစ်သွားကာ ရင်ဘတ်အား ဘတ်ကနဲ ရိုက်ချပြစ်ပြီးမှ ခေါင်းထောင်၍

"ဘာမိန်းမလဲ xီး ငါယောက်ျားကွ..."

ရှင်စော၏ အကဲဆတ်ဆတ် ပုံစံကြောင့် ဒီမို အိပ်ချင်မူးတူးဖြင့် မပွင့်တပွင့် ပြုံးရယ်ကာ...

"အာ...ဟုတ်သား မိန်းမ မဟုတ်ဘူး ဘွာတေး ဘွာတေး မောင့်ယောက်ျားလေး.."

အိပ်ရာနိုးကား ခပ်အစ်အစ် အသံလေးဖြင့် ပြောကာ ရှင်စော၏ လည်တိုင်လေးအား ဆွဲဖက်ချ၍ လည်တိုင်၌ မျက်နှာအပ်ကာ တိုးတိုက်နမ်းလေသည်။ဒီမိုက ဘယ်လိုအကျင့်မှန်းတော့ မသိပါ ရှင်စော၏ လည်တိုင်လေးကို နမ်းရတာကို အလွန်ဝါသနာ ထုံလေသည်။

"ချစ်လိုက်တာကွာ ဘယ်လိုများလုပ်ရပါ့မလဲ.."

လည်တိုင်ကို တိုးတိုက်နမ်းရှိုက်ကာ ဒီိမိုက ငြီးငြီးငြူငြူ မချင့်မရဲလေး ပြောလေသည်။ရှင်စော အနေရခက်လှစွာ တစ်ကိုယ်လုံး လျှပ်စစ်ဓာတ်တွေ ဖြတ်စီးနေသလို ကျဉ်ကနဲ ကျဉ်ကနဲ ဖြစ်နေရတော့သည်။ဟိုတုန်းက တစ်ခန်းထဲ အတူနေခဲ့တာ ဆိုပေမဲ့လည်း အဆောင်အခန်းတွေထဲ ကုတင်အပေါ်ထပ် အောက်ထပ် နေခဲ့ကြတာ။ဒီလို ဖက်လှဲတကင် အနေအထားတွေ ရှိခဲ့ပေမဲ့လည်း ဟိုတုန်းက ပတ်သတ်မှုက ဒီလိုမျိုးမှ မဟုတ်ခဲ့ပဲ။

ခရီးများအဆုံးထိ...လျှောက်(Complete)Where stories live. Discover now