အပိုင်း ၃၂

23.4K 2.5K 126
                                    

ရာမညမိုးရဲ့ မိုးစက်တွေ နှင့်အတူ တစ်နွေလုံး ခြောက်သွေ့နေခဲ့တဲ့ ကျောင်းတော်ကြီးဟာ လှုပ်လှုပ်ရွရွနဲ့ ပြန်လည် အသက်ဝင်လာတော့တယ်။ရှင်စောကတော့ ဒီ၎လ တစ်ဖြတ်ပြီးလျှင် ကျောင်းပြီးပြီမလို့ အခုကတဲက ကျောင်းတော်ကြီးကို လွမ်းနေသလိုလို ဘာလိုလို။၎လပြီးရင် ဒီမိုနဲ့ခွဲရမဲ့ အရေးကိုရောပေါ့။ဘာလိုလိုနဲ့ အချိန်တွေက ကုန်မြန်လာလိုက်တာ မျက်စိတမှိတ် အတွင်း ဇူလလိုင်လတောင် ရောက်ခဲ့ပြီ။

"မောင်...."

"ဗျာ...."

ရှင်စောက ကုတင်ပေါ် ပက်လက်လှဲ၍ ဖုန်းသုံးနေရင်း ခေါ်တော့ ဒီမိုက ကုတင်ကို မှီ၍ ခြေဆင်းထိုင်ကာ ဂီတာကို ကြိုးညှိနေရင်းမှ ဗျာဆိုတာကို အသံရှည်ဆွဲ ပြန်ထူးလေသည်။ခေါ်လိုက်တိုင်း ဗျာဟု ထူးတက်သလို ဒီမို့၏ ထူးသံတိုင်းကိုလည်း ရှင်စော မရိုးနိုင်စွာ အထပ်ထပ် အခါခါ သဘောကျမိရစမြဲ။ပြောရရင် 1%က စခဲ့တဲ့ အချစ်တွေဟာ တဖြည်းဖြည်း တိုးပွားလာသလိုမျိုး။တစ်ရက်ထက် တစ်ရက် တစ်လထက် တစ်လ သံယောဇဉ်တွေ ခိုင်ကျည်လာရသလို ချစ်နေရင်းဖြင့် ချစ်လို့မဝနိုင်။အပြူအမူ သေးသေးမွှားမွှားလေးကအစ သဘောကျရ မြတ်နိုးရဖြင့်။မေတ္တာတရားဟာ အရောင်ပြန်တက်သည့် သဘောပဲ ထင်ပါရဲ့။

ရှင်စောတွေးနေရင်းဖြင့် လက်ထဲမှ ဖုန်းကိုချကာ ဒီမို၏ နားရွက်ဖျားလေးအား ထိတွေ့ဆော့ကစားရင်း တိတ်နေလေတော့ ဒီမိုက နောက်သို့လှည့်လာကာ ရှင်စော၏ လက်ကလေးအား ဆွဲယူ နမ်းရှိုက်လိုက်ပြီးမှ...

"ဘာတွေ စဉ်းစားနေတာလဲ အစောလေးရဲ့..ဟင်"

ဒီမိုက ဟင်ကနဲ မျက်ခုံးပင့် မေးပြီးတော့မှ...

"ခေါ်ပြီး ဘာမှလဲ မပြောဘူး.."

ဒီမိုပြောတော့ ရှင်စောက ခပ်ပြုံးပြုံးဖြင့်....

"မောင့်ကိုချစ်တဲ့ အကြောင်းတွေ စဉ်းစားနေတာ..."

"အမယ် စကားတွေ တက်နေတယ် ဟက်လား..."

ဒီမို အသဲတယားယားဖြင့် ရှင်စော၏ ပါးလေးများအား ဆွဲညှစ်ပြစ်ပြီးမှ...

"အဲ့ဒါ တစ်ခုထဲတော့ မဖြစ်နိုင်ဘူး ဘာပူဆာမလို့လဲပြော..."

ဒီမိုပြောတော့ ရှင်စော ပြုံးဖြဲဖြဲလေး ဖြစ်သွားကာ...

ခရီးများအဆုံးထိ...လျှောက်(Complete)Where stories live. Discover now