ရှင်စော ထွက်သွားသည့်အထိ ဒီမို ငိုင်၍ ကျန်ခဲ့တော့သည်။အသားနာသွားမှ အသိဝင်လာသည်ထင်။အငုံ့စိတ်နဲ့ မတက်နိုင်တဲ့ အရာတွေကို မရှုစိမ့်စွာ သိမ်ငယ်နေရင်း ရှင်စောရဲ့ မေတ္တာတရားကို သူစော်ကားပစ်ခဲ့သည်။မဖြည့်ဆည်းပေးနိုင်တဲ့ အပြစ်ကို အားမလိုအားမရ ဖြစ်ရင်း လိုချင်ရကောင်းလား မက်မောရကောင်းလား ဆိုပြီး လက်ညှိုးထိုး အပြစ်ဖို့ချင်ခဲ့သည်။တကယ်ဆို သူ့ကြောင့် မင်းရှင်စော ဘယ်လောက်အထိ အနစ်နာခံ နိမ့်ကျခံနေရလည်း သိရဲ့သားနဲ့..။
"ဟာကွာ...ဒုန်း..."
စိတ်နောက်ကိုယ်ပါ ဖြစ်ရင်း နံရံကို လက်သီးနဲ့ ထိုးချပစ်မိသည်။အရေပြားဆီမှ နာကျင်မှုက ရင်ထဲကနာကျင်မှုကိုတော့ မှီမယ်မထင်။အသားနာမှ သတိဝင်လာသည် ဆိုသည့်အတိုင်း ရှင်စော ထွက်သွားရာနောက်သို့ အလျှင်အမြန် ပြေးလိုက်မိသည်။သူ့အပေါ်မှာ ဒီလူ့ထက် ကောင်းနိုင်မည့်သူဆိုတာ နောက်ထပ် ထပ်မရှိနိုင်တာ သိရဲ့သားနဲ့။မဟုတ်ဘူး ဘယ်လောက်ပဲ ကောင်းကောင်း ဒီလူမှမဟုတ်ရင် မဖြစ်နိုင်တော့တာ။သူ့အနားမှာ ဒီလူသာမရှိတော့ရင် သူရူးသွပ်သွားမှာ။
လမ်းမီးရောင်ကို အားပြု၍ ပြေးလိုက်လာရင်း ပတ်ဝန်းကျင်ကို ဟိုဟိုဒီဒီ ဝေ့ဝဲကြည့်တော့ လမ်းသွယ်လေး၏ ထိပ်နားရောက်ခါနီးနေသော လှုပ်လီလှုပ်လဲ့ ကျောပြင်အား တွေ့လိုက်ရတာကြောင့် ခြေလှမ်း အရှိန်ကို ပိုမြှင့်ကာ အနောက်ကနေ လက်မောင်းကို လှမ်းဆွဲလှည့်မိသည်။
"ဘယ်သွားမလို့လဲ..."
ဆွဲလှည့်လိုက်တော့ စိမ်းတောက်နေတဲ့ မျက်ဝန်းအကြည့်တွေကြောင့် ရင်ထဲစစ်ကနဲ ဖြစ်သွားရတော့သည်။
"ဘယ်သွားသွား မင်းနဲ့မဆိုင်ဘူး..."
ရှင်စောက ဆွဲထားသော လက်ကို ဆောင့်ခါရုန်းထွက်ကာ တစ်လုံးချင်း အေးစက်ပြတ်တောင်းစွာ ပြော၍ နေရာမှ ချာကနဲလှည့်ထွက်လေတော့ ဒီမို အနောက်မှနေ၍ အလျှင်အမြန် ရင်ခွင်ထဲ ဆွဲထည့်ကာ ရုန်းမရအောင် ခပ်တင်းတင်း သိုင်းဖက်ထား၍....
"မောင် တောင်းပန်ပါတယ်ကွာ မောင်မှားသွားပါတယ် တကယ်တော့ မောင့်အတ္တမာန တစ်ခုထဲအတွက်နဲ့ အစောရဲ့ မေတ္တာစေတနာတွေကို မောင်စော်ကားမိခဲ့တယ် မောင်မှားပါတယ်ကွာ ကိုယ့်ရဲ့လိုအပ်ချက်တွေကို မမြင်ပဲ အလကားစောက်သုံးမကျတဲ့ မာနတွေ တသီကြီးနဲ့ ကိုယ်ချစ်တဲ့သူကို ဒုက္ခတွေပဲ ပေးနေခဲ့တာ.."
YOU ARE READING
ခရီးများအဆုံးထိ...လျှောက်(Complete)
General Fictionကျွန်တော်က မေတ္တာငတ်ခဲ့တဲ့ကောင်ပါ တစ်ဖဲ့တစ်ဝက် ဂရုဏာဆိုရင်တောင်မှ ခင်ဗျားစွန့်ကြဲတာမလို့ တန်ဖိုးကြီးပါတယ်.... စဒီမိုဖန်း ရင်ခုန်တိုင်း အချစ်မဟုတ်ဘူးတဲ့.... ဒါဆို...ရင်မခုန်လည်း ချစ်ချင်ချစ်နေမှာပဲလို့ ဆိုလိ...